Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ

မိုးမခ ၊ ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅


ဖာလော်ဘီ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က ဗုံးကြဲချပြီး စစ်လော်ဘီများက “Snow Queen” တယ်လီဂရမ်ချန်နယ်ကနေ PDF စခန်းဆိုပြီး သတင်းအတုများ ဖြန့်ဝေနေကြ။ ၁၈ ယောက် ချက်ချင်း သေသွားတာရော၊ လက်ဖက်ရည်ဆိုင် ဖြစ်တာရော၊ ပြီးတော့ အဲဒီလူတွေက မြန်မာဘောလုံးအသင်း အားပေးနေတာရော ဆိုတော့ အဲသလို ချက်ချင်းဖာဆန်ရတော့တာပေါ့။

(မြောက်ဦးဆေးရုံ ဗုံးကြဲသတ်တာတော့ ဘယ်လို ဖာဆန်ရမှန်း မသိသေး)


ကျားဖာကြီးတွေ

မြင်းခြံထောင်က ဒီဇင်ဘာ၂ရက်နေ့က ပြန်လွတ်လာတဲ့ ဘားအံ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်ကို ၃ရက်နေ့က မန္တလေး အောင်ပင်လယ် ရဲစခန်းမှာ ချက်ချင်း ပြန်ဖမ်း၊ ဈေးချိုတော် ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်ပေးလို့ ဖမ်းဆီးတာလို့ လိမ်ညာသတင်းဖြန့်။ တကယ်က မြင်းခြံထောင်ကနေ ပြန်လွတ်လာခဲ့ပြီး မန္တလေးပြန်ရောက်ချိန် အောင်ပင်လယ်နယ်မြေရဲစခန်းက ခံဝန်ထိုးဖို့ ဖုန်းဆက်ခေါ်တာမို့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ သွားရောက်ချိန် အကြမ်းဖက်မှု ပုဒ်မ ၅၂(က) နဲ့ ပြန်လည်ဖမ်းဆီးထားလိုက်တာ၊ ဆန္ဒပြတာက သူ အဖမ်းခံရပြီးမှဖြစ်တာ။

(ဖာတောင် သူတို့လောက် မဖာတတ်)


စန္ဒာမင်း ဖာဆန်ပုံ

ဇမ္ဗူသီရိမြို့နယ်က ပြိုင်မဲ့  ဒေါက်တာအောင်မျိုးကို  မဲပေးကြပါလို့ နှိုးဆော်တဲ့ စန္ဒာမင်းက သူ့ကိုဘာဖြစ်လို့ မဲပေးသင့်တာလဲ ဆိုရင် လူတော်တစ်ယောက်ဖြစ်တဲ့အပြင် လူကောင်းတစ်ယောက်ဖြစ်လို့ပါလို့ ဖာဆန်သွား။ (လူကောင်း ဆိုတာ ဘယ်လိုသိလဲ စိတ်ဝင်စားဖို့ကောင်း)


ဖွတ်ဖာထီ

စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်၊ အောင်ချမ်းသာဘုရားဝန်းအတွင်းကို ဖွတ်မင်းနောင်‌ပါတီက ငလျင်ဒဏ်သင့် ဒေသခံတွေကို ခေါ်ယူပြီး ငလျင်ထောက်ပံ့မယ်ပြောခေါ်ပြီး  အမှန်တကယ်မထောက်ပံ့ဘဲ မဲသူတောင်းစားလုပ်သွား။

"ငလျင်ဘေး ထောက်ပံ့မှု စာအုပ်အစိမ်းရတဲ့လူတွေ ထောက်ပံ့မှုပေးမှာမို့ စာအုပ်အစိမ်းယူပြီး လာခဲ့ကြလို့ လိမ်ခေါ်ပြီး မဲဆွယ်ဟောပြောပွဲ လုပ်သွားတာ။ မပေးသွားပါဘူး ထောက်ပံ့မှု" တဲ့။

(ခွက်ကုန် သက်ပုံနဲ့ မင်းဇေယျာမြင့်တို့က ဖွတ်ဆိုတဲ့အတိုင်း အမြီးလိမ်ကြ)


ဖာဆန်တဲ့ဘိန်းခင်း

လက်နက်ကိုင်များအတွက် ဟန်ပြ ဘိန်းခင်းဖျက်ဖို့ စိုက်ထားတဲ့ ပင်လောင်းမြို့နယ်၊ ထီပေါင်ကျေးရွာ အုပ်စု၊ ထာငိုကျေးရွာအရှေ့တောင်ဘက်က ဘိန်းစိုက်ခင်းများကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားများက ဟန်ပြ ဖျက်ဆီးသွားခဲ့။  

"ဘိန်းခင်း ဖျက်ပြတာက ဟန်ပြတာပဲ ရှိတယ်။ စိုက်ထားတဲ့ ခြံတိုင်း ဖျက်တာ မဟုတ်ဘူး။ ဘိန်းစိုက်ရင် သူတို့လာရင် ဖျက်ဖို့ ခြံသပ်သပ် စုပြီး လုပ်ထားကြတာ။ ဖျက်ရင် အဲဒီခြံပဲ ဖျက်သွားတာ။ စစ်တပ်ကိုရော PNO ဘက်ကိုရော တစ်အိမ်ကို ငါးသိန်း နီးပါး အခွန်ဆောင်ရတာ။”

(ဖိုး ဖဲ ဖာ)


မအလ ဖာဆန်ပုံတမျိုး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိတဲ့အချိန်မှသာ လွှတ်တော်၌ စစ်တပ် ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားနိုင်မယ်လို့ ပြင်ဦးလွင်တပ်နယ် အရာရှိ၊ စစ်သည်များနဲ့ တွေ့တုန်း မအလ ဂျင်းထည့်။ 

(သူ ကိုင်ထားတာက သေနတ် မဟုတ်၊ ဘောလို့ပြော)


စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ အပြန်အလှန် ဖာဆန်ပုံတနည်း

ဓမြသူခိုး သရေကြိုးတပ်က ကြံရာပါခရိုနီတွေကို မသမာမှု လုပ်တယ်ပြော၊ ဝိုက်ထားတဲ့ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးဖို့ပြောပြီး ငနာတွေကို ပြည်ပထွက်ခွင့် ယာယီပိတ်။

ခရိုနီတွေနဲ့ပေါင်းပြီး စက်သုံးဆီ တင်သွင်းရောင်းချရာမှာ လုပ်နေကျ မသမာမှုတွေ လုပ်ဆောင်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးသန့်စင်နဲ့ ညွှန်ကြားရေးမှူးချုပ် ရွှေမော်တို့ကို ဖမ်း၊ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဖြောင်မှု။ အဲသခေါင်နှစ်ကိုးနဲ့ အတူမသမာခဲ့တဲ့ ခရိုနီတွေကို ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည်ပေးသွင်းဖို့ စစ်တပ်က အမိန့်ထုတ်။

ခရိုနီဝင်းဆွေ ပိုင်ဆိုင်တဲ့ BOC ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၁၈၀၊  ခရိုနီဇော်ဇော်ရဲ့ Max ကုမ္ပဏီက ကျပ် ဘီလီယံ ၄၀၊ ဒေါက်တာဝင်းမြင့်ရဲ့ မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ကျပ် ၄၀၊ ခရိုနီ ချစ်ခိုင်ရဲ့ Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀၊ ခရိုနီ အောင်ကိုဝင်းနဲ့ ဆက်နွှယ်နေတဲ့ Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ၊  Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံတဲ့။

(သူခိုးပေါ်  သူဝှက်လု)


စစ်အုပ်စု ဖာဆန်ချက် လက်လန်

“ရွေးကောက်ပွဲအတွက် နိုင်ငံခြားသားတွေ လာဖို့ရှိတယ်။ တရုတ်နဲ့ ရုရှားကလွဲရင် ကျန်တဲ့ နိုင်ငံတွေက စစ်တပ်ကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်တဲ့သူတွေ ပါလာနိုင်တယ်။ လဝကဘက်က သေချာစစ်ဆေးဖို့ ဝန်ကြီးက အမိန့်ပေးတယ်။ မသင်္ကာတဲ့ အချက်အလက် တွေ့တာနဲ့ SP နဲ့ စရဖကို ဆက်သွယ်ပြီး မျက်ခြည်မပြတ် နောက်ယောင်ခံ စောင့်ကြည့်ဖို့ ပြောတယ်။”တဲ့။

(နိုင်ငံခြားကလည်း အဇန်းလာစေချင်၊ လာပြီး ဖင်ဆီဗူး ကစ်သွားမှာလည်း ကြောက်)

မအလ ဖာဆန်မှုကြီး

နိုင်ငံရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ကိုယ့်သားပဲ ချထားပေးနေတဲ့ မအလက အဂတိလိုက်စားမှုကျူးလွန်သူတွေကို ကျောသားရင်းသား မခွဲခြားဘဲ အရေးယူမယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာပြော။

(ဖာသဒ္ဓမ္မဇောတိက)

BGF တွေရဲ့ ဖာဆန်ပုံ

မြဝတီ၊ မင်းလက်ပံ၊  KK Park နဲ့ ရွှေကုက္ကိုလ်ဘက်က ကပြေးလာတဲ့ တရုတ်သူဌေးတွေကို သစ်ကတီကျေးရွာဘက်မှာ BGF ဗိုလ်တင်ဝင်းက နေရာ ပြန်ချ။ ကျားဖြန့်အဆောက်အအုံတွေ အားချင်း ဆောက်။ ရက်ပိုင်းအတွင်း အဆောက်အအုံတွေ ပေါ်လာ။ တရုတ်သူဌေးတွေနဲ့ ကျားဖြန့်လုပ်တဲ့ အဓိကကောင်တွေ၊ နည်းပညာသမားတွေ၊ ဆိုက်ခေါင်းဆောင်တွေ အကုန်လူစုံတက်စုံ ရွှေ့ပြောင်းလာ။

လတ်တလော သစ်ကတီကျေးရွာနဲ့ ဖားကလူးကျေးရွာမှာ ကျားဖြန့် အဆောက်အအုံ တိုးချဲ့ အလုံး ၂၀ ကျော်၊ အဟောင်းတိုးချဲ့နဲ့ပေါင်း ၅၀ ကျော်ကို တရုတ်တွေ အမြန်ဆောက်။ 

စစ်တပ်လက်အောက်ခံ BGF ဗိုလ်တင်ဝင်းအဖွဲ့က ကျားဖြန့် တရုတ်များအတွက် မြ၀တီမြို့နဲ့ ရွှေကုက္ကိုလ်က အမျိုးသမီးများကို လာရောက်ခေါ်ယူပြီး ကာရာအိုကေနဲ့ အနှိပ်ခန်း (ပြည့်တန်ဆာရုံ) များပါ ဖွင့်ပေးထား။ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းများကို စစ်တပ် ခွင့်ပြုချက်နဲ့ ဘားအံဘက်မှ သယ်။

BGF ဗိုလ်ချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်၊ ဗိုလ်နိုင်မောင်ဇော်တို့က စစ်တပ်နဲ့ပေါင်းပြီး ကျားဖြန့်တွေကို နေရာသစ်တွေ ဖော်ဆောင် ပြောင်းရွှေ့ပေးတာ၊ ရန်ကုန်နဲ့ မန္တလေးဘက် သွားချင်တဲ့ တရုတ်တွေကို ပို့ပေးတာတွေလုပ်နေ။

(ငရုပ်ခင်းတွေ ထပ်တိုးချဲ့)

နဂါးဖာထီဖာဆန်ပုံ

မင်းအောင်လှိုင်က အလွန် ကတိတည်ပြီး ကြည်ညိုဖို့ ကောင်းတယ်လို့ဆိုကာ နဂါးပါတီ ဥက္ကဋ္ဌ ကျော်စွာစိုး မဲဆွယ်။

(အဆွယ်လေးကျော်စွာစိုး)

ကသုံးလုံးဖာထီကလည်း ဖာဆန်

သူ့ဖာထီက နွားက အသံတိတ်သပိတ် မအောင်မြင်ဘူး ပြောသလို သူကလည်း စည်းရုံးရေးဆင်းဟောပြောပွဲလုပ်။

(ကြိုက်ကုန်းကြီးဖာထီ)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar