လက်နက်ကိုင် အဖွဲ့တွေ အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာ ပြဿနာဖြစ်လာတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ နဲ့ မြန်မာ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၅
လက်နက်ကိုင် အဖွဲ့တွေ အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာ ပြဿနာဖြစ်လာတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ နဲ့ မြန်မာ
တရုတ်ဘာသာ နဲ့ ကျားဖြန့်လို့ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေ ကြောင့် ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေက နိုင်ငံသားတွေကို ငွေကြေးထိခိုက်နစ်နာမှုကနေ လူကို ကျေးကျွန်သဖွယ်စေခိုင်းခံရမှု နဲ့ အဆိုးဆုံးအခြေအနေတွေမှာ အသက် ဆုံးရှုံးစေတဲ့အထိ ထိခိုက်ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကျားဖြန့်လုပ်ငန်းကို မြေနေရာပေး၊ ငွေကြေးအကျိုးအမြတ်ယူပြီး လုံခြုံရေးအရ ကာကွယ်ပေး လက်နက်ကိုင် အဖွဲ့တွေလည်း ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်နေပြီး၊ မြေနေရာပေးထားတဲ့ နိုင်ငံ၊ ဖြတ်သန်းဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှုမှာ ဝိုင်းဝန်းအကူအညီပေးကြတဲ့ တရားဥပဒေစိုးမိုးရေး နဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေက ဒီဒေသက အဖွဲ့အစည်းတွေ အများအပြားကို ကျားဖြန့်ရာဇဝတ်လုပ်ငန်းထဲ ပါဝင်ပတ်သက်စေခဲ့တာ ဖြစ်ပါတယ်။
ဒီရာဇဝတ်ဂိုဏ်းတွေ နဲ့ပတ်သက်လို့ ပြောကြတဲ့အခါ ပထမဆုံး တည်နေရာအားဖြင့် မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေထဲ အခြေစိုက်လုပ်ကိုင်ကြတာကြောင့် မြန်မာနိုင်ငံက ကျားဖြန့်ရာဇဝတ်မှုတွေ အဖြစ် ကမ္ဘာက သိရှိကြတာပါ။ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ကြတဲ့ အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံထဲမှာသာ ကျားဖြန့်ဂိုဏ်းတွေ ရှိတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေက ပြောင်ပြောင်တင်းတင်း အကာအကွယ်ပေးမှု ရရှိတဲ့ အနေအထားဖြစ်ကြောင့် မြန်မာနိုင်ငံမှာ အများဆုံး အခြေစိုက်ကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာလို အစိုးရအာဏာပိုင်၊ ဒေသအာဏာပိုင်တွေ က မလိမ့်တပတ်နဲ့ အကာအကွယ်ပေးထားပြီး မြန်မာနိုင်ငံလောက် မများပေမယ့် အတိုင်းအတာ အရေအတွက်တခုထိ ရှိနေတာလည်း ဖြစ်ပါတယ်။ အခြား အနည်းငယ်စီ ရှိကြတဲ့နိုင်ငံတွေကတော့ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ၊ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ BGF လက်နက်ကိုင် အဖွဲ့လိုမျိုး၊ စစ်ကောင်စီကို ထောက်ခံတဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့က ကိုယ်တိုင် ပါဝင်လုပ်ကိုင်ခဲ့တာမျိုးတွေက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှစ်အနည်းငယ်အတွင်း ကြီးထွားစေခဲ့တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ် မြဝတီဒေသ၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသတို့မှာ ကျားဖြန့်လုပ်ငန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်ကာလအတွင်း အရှိန်အဟုန်နဲ့ ကြီးထွားခဲ့တာတွေ့ကြရမှာပါ။ စစ်တပ်က ထောက်ခံပေးထားတဲ့ ပယ်စောက်ချိန် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ ကိုယ်တိုင် စီမံလုပ်ကိုင်တာပြီး ၄င်းတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့က အကာအကွယ်ပေးခဲ့ပြီး ရှမ်းမြောက်ဒေသမှာ နှစ်အတန်ကြာ ရှင်သန်ကြီးထွားခဲ့တာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ တင်မကပဲ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ဒေသ၊ SSPP/SSA ထိန်းချုပ်ဒေသတွေ အထိ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ကာ ငွေလိမ်လည်တဲ့ လုပ်ငန်း၊ နှိပ်စက်ညှင်းပန်းစေခိုင်းကာ၊ ခိုင်းခံရသူကို အခြားကျားဖြန့်ဂိုဏ်းတွေဆီ ရောင်းစားခွင့်ရှိတဲ့ ကျေးကျွန် အဖြစ်အနိုင်ကျင့် နှိပ်စက်၊ သတ်ဖြတ်တာတွေ အထိ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်း ၁၀၂၇ စစ်ဆင်ရေး ပေါ်ထွက်လာချိန်မှာ ကျားဖြန့်ရာဇဝတ်မှုနှိမ်နှင်းရေးကိုပါ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် တရပ် အနေနဲ့ ထည့်သွင်းခဲ့ပြီး တရုတ်နိုင်ငံရဲ့ မျက်နှာသာပေးမှု နဲ့ တိတ်တဆိတ် အကူအညီလိုမျိုးကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ ကျားဖြန့်ရာဇဝတ်မှုဂိုဏ်းနှိမ်နှင်းရေး အတွက် ပေါ်ထွက်လာတာ မဟုတ်မှန်းအားလုံးသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ အဆိုပါ စစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံရေး စစ်ရေးရည်မှန်းချက် ဖြစ်ပါတယ်။ ရာဇဝတ်မှုနှိမ်နှင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးရယ်လို့ မဟုတ်ပါဘူး။ သို့ပေမယ့် ကျားဖြန့်နှိမ်နှင်းရေးကို စစ်ဆင်ရေးရဲ့ ရည်မှန်းချက် တရပ်အဖြစ် ထည့်သွင်းခဲ့ခြင်းက တရုတ်နိုင်ငံရဲ့ ထောက်ခံအားပေးမှုကို ရစေခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ အပြီးမှာတော့ ကျားဖြန့်ဂိုဏ်းတွေရဲ့ ဆက်လက်ရှင်သန်ကြီးထွားရာ နေရာက မြန်မာ-ထိုင်းနယ်စပ်က ကရင်ပြည်နယ် မြဝတီဒေသ ဖြစ်ခဲ့ပါတော့တယ်။
ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလတွေမှာပင်လျင် ကျားဖြန့်ဂိုဏ်းတွေ လုပ်ကိုင်နေကြတဲ့ နယ်မြေအဝန်းအဝိုင်းတွေက တိုက်ပွဲတွေကနေ ဘေးမဲ့ရထားတဲ့ ဒေသတွေ သဖွယ်ဖြစ်နေခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် တွေထဲက အချို့သော အဖွဲ့ခွဲတွေက ကျားဖြန့်ရဲ့ ဝင်ငွေနဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်တာ၊ ရိက္ခာနဲ့ လစာ အထောက်အပံ့ပေးခြင်းဖြင့် ကြီးထွားစေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒီရာဇဝတ်ဂိုဏ်းတွေ ရှင်သန်ကြီးထွားစေဖို့ ဂိုဏ်းတွေကို ဦးဆောင်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ နယ်မြေနေရာပေးပြီး လုံခြုံရေးအကာအကွယ်ပေးကြတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လိမ်လည်လို့ရလာတဲ့ ငွေကြေးကို လဲလှယ်ပြောင်းလဲဖို့ နဲ့ ဝင်ထွက်သွားလာရာ လမ်းကြောင်း အဖြစ် ထိုင်းနိုင်ငံရဲ့ ဘဏ်တွေ၊ လာဘ်စားတဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဝန်ထမ်း၊ နိုင်ငံရေးသမားတွေက ကွင်းဆက်တရားခံ သဖွယ်ဖြစ်လာကြတာတွေ့ရပါလိမ့်မယ်။
ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင် အဖြစ်ကျရောက်သူတွေက ကမ္ဘာအရပ်ရပ်က ငွေကြေးလိမ်လည်ခံရသူတွေ၊ မက်လောက်စရာ လစာနဲ့ ဖျားယောင်းသွေးဆောင်ခံရသူ ကျားဖြန့်လုပ်ငန်းထဲ စေခိုင်းခံရသူတွေ ဖြစ်ပါတယ်။ ဒေသခံတွေ အချို့ကတော့ ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်း အများအပြားရှိနေတာ တွေ့ကြရပါတယ်။ မြန်မာနိုင်ငံက ဒေသခံကိုတော့ ကျေးကျွန်သဖွယ် နှိပ်စက်တာတွေ၊ ရိုက်နှက်တာတွေ သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ အချို့သော ဒေသခံတွေ အဖို့ကျားဖြန့်ရုံတွေမှာ အလုပ်လုပ်ပြီး တခြားဘယ်အလုပ်မှာမှ မရဖူးတဲ့ ဝင်ငွေမျိုးရကြတဲ့ အပေါ်မှာ သာယာပြီး ဒီငွေလိမ်၊ နှိပ်စက်ညှင်းပန်းစေခိုင်းတဲ့ ရာဇဝတ်ဂိုဏ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းတခု၊ စီးပွားရေး လုပ်ငန်းတခုလို့သာ ထင်မြင်ယူဆတာတွေလည်း ရှိနေတာပါ။
ဒီလို လည်ပတ်နေပြီး သက်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားတို့လိုနိုင်ငံတွေက တာဝန်ကျေ နှိမ်နှင်းလာခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ထဲမှာတော့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေရဲ့ ပြဿနာက ကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက သရုပ်ဆောင် သွေးဆောင်ဖျားယောင်း ခေါ်ယူခံရတဲ့ ကိစ္စကနေ အစပြုလိုက်တာ နှစ်ဆန်းမှာ ကျားဖြန့်နှိမ်နှင်းရေး လှိုင်းတလှိုင်းပေါ်ထွက်ခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေထဲက မိမိသဘောနဲ့ လုပ်ဆောင်နေသူတွေရော၊ သားကောင်ဖြစ်ခံရသူတွေ သောင်းဂဏန်းနဲ့ နိုင်ငံရင်း ပြန်ပို့ဖို့ ဖြစ်စေခဲ့သလို အချို့လည်း ၄င်းတို့အစီအစဥ်နဲ့ နေရာရွှေ့ပြောင်း လုပ်ကိုင်တာတွေ ဖြစ်စေခဲ့ပါတယ်။
ကျားဖြန့် မြေနေရာပေးထားတဲ့ မြန်မာနိုင်ငံက အာဏသိမ်းစစ်အစိုးရ အနေနဲ့ကတော့ အဲဒီအချိန်ကာလက ဒီနယ်မြေတွေမှာ ၄င်းတို့ စိုးမိုးထားတာ မဟုတ်တာကြောင့် ၄င်းတို့မှာ တာဝန်မရှိတဲ့သဖွယ် နုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဆန်းပိုင်း ကျားဖြန့်ဂိုဏ်း နှိမ်နှင်းရေးမှာ အချို့သောနိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးတဲ့ ဖြစ်စဥ်တွေမှာသာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးက မြဝတီမြို့မှာ ပါဝင်ခဲ့တဲ့ အပိုင်းပဲ ရှိခဲ့တာပါ။
ထိုင်းနိုင်ငံဘက်ကတော့ ကျားဖြန့်ပြဿနာက ၄င်းတို့နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစီးပွားရေး ကိုပါ ထိခိုက်လာတဲ့အချိန် အရှေ့အာရှမှာ သြဇာကြီးလာတဲ့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုတွေနဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ငွေကြေးလျှော်ဖွတ်တာ၊ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဥပဒေအရ အရေးမယူပဲ မျက်နှာလွှဲထားတဲ့ အဖြစ်တွေကို အရေးယူရတော့မယ့် အခြေဆိုက်လာနေတာ ဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရ အနေနဲ့လည်း ၄င်းတို့ရဲ့ တာဝန်ရှိမှုနဲ့ အပြစ်လျော့ရာလျော့ကြောင်း အတွက် အမျိုးမျိုးသော ဆင်ခြေတွေကို စဥ်းစား ပြောဆိုလာနေတာပါ။ ကျားဖြန့်ဂိုဏ်းတွေကြောင့် အဓိက အကျိုးအမြတ်ရရှိသူတွေဟာ မြန်မာနိုင်ငံ မဟုတ်ကြောင်းနဲ့ ကျားဖြန့်ငွေကြေးတွေက မြန်မာနိုင်ငံ ဘဏ်စနစ်ထဲကို ဝင်ရောက်ခြင်း မရှိဘူးဆိုတဲ့ ဆင်ခြေ၊ ကျားဖြန့်ဂိုဏ်းတွေ အသုံးပြုနေတဲ့ လျှပ်စစ်မီး၊ အင်တာနက်၊ အသုံးအဆောင်၊ ကျားဖြန့်ဂိုဏ်းတွေ မှာ လုပ်ကိုင်နေသူတွေရဲ့ ဝင်ရောက်ရာ လမ်းကြောင်း ၉၉ ရာနှုန်းဟာ ထိုင်းနိုင်ငံကတဆင့် လာတာဖြစ်တယ်ဆိုတဲ့ ဆင်ခြေတွေကို တွေးမိသလောက် တခုပြီးတခု ထုတ်ဖေါ်ပြောဆိုလာနေတာ ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၇ သောင်းကျော်ကို နိုင်ငံပေါင်း ၅၄ နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ သံရုံးတွေက သူတို့နိုင်ငံသားတွေ လူကုန်ကူးခံရသူတွေလို့ ဆိုပေမယ့် လက်တွေ့မှာ ကိုယ်ကျိုးစီးပွားအတွက် လာရောက်လုပ်ကိုင်ကြတာလို့ ပြောဆိုနေတာ တွေ့ရပါတယ်။
ခုရက်ပိုင်းနောက်ဆုံးပြောဆိုမှုတွေ အရဆို ကျားဖြန့်ပြဿနာအပေါ် အကြောင်းပြုပြီး နိုင်ငံအချို့ရဲ့ စွက်ဖက်မှုကို လက်မခံဘူးဆိုတဲ့ ပြောဆိုမှုမျိုးလည်း ပေါ်ထွက်လာတာတွေ့ရပါတယ်။ မကြာသေးခင်က အမေရိကန် ပြည်ထောင်စုက Scamming Center Strike Force ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်က တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အတွက် ကျားဖြန့်ပြဿနာက ပထဝီနိုင်ငံရေး အတွက်အကြောင်းပြချက်တခု အနေနဲ့ အသုံးချလာမယ့် အလားအလာကို စိုးရိမ်လာကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် ကျားဖြန့်ပြဿနာဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုတဲ့ အဆင့်ကနေ ပထဝီနိုင်ငံရေးတွေအထိ ကူးစက်လာနိုင်မယ့် အနေအထားလားဆိုတာကို မြန်မာအာဏာသိမ်းစစ်အစိုးရ နဲ့ တရုတ်နိုင်ငံတို့က တွေးတောလာရတဲ့ အခြေမျိုးရောက်လာနေပြီလို့ဆိုရင် မှားမယ် မထင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar