မောင်နွေနှောင်း - "ဖုတ်သွင်းရထား''
မောင်နွေနှောင်း - "ဖုတ်သွင်းရထား''
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၆
(၁)
၁၉ လမ်း ဘုံဆိုင်ထဲ က Happy New year လို့
အော်ဟစ် လိုက်ချိန်
ကောင်ကင်းထက်
ရောင်စုံမီးပန်း တွေ လင်းလက်
ဒဏ်ရာဒဏ်ချက် ဗလပွနဲ့ မြို့ပြဟာ
တေးမသီ နံသာမလူး ပန်းမပန်ဘဲ
ဖြစ်တည်ခြင်း ပျက်ပျယ်လို့
(၂)
အခုတော့ ...
သဘောတူကြည်ဖြူ ခဲ့တဲ့
နှောင်းခဲ့တဲ့နှစ်သစ် တွေ ကို လွမ်းမိပါရဲ့။
စစ်မီးသင့် ဘူတာရုံလေးထဲ
သွေးအလိမ်းလိမ်း နဲ့ ရွေးကောက်ပွဲရထားကြီးလည်း ဆိုက် ရောက်။
ဆရာရန်ကုန်ဘဆွေ ရဲ့ ရေသယ်မလေးများအ ပြေးအလွှား ဈေးဗန်းခင်းကြ။
ကိုကျင်ဟုတ် က မီးထိုး ရေလောင်းတဲ့ စက်ခေါင်းမောင်းသူ။
ကိုစစ်ဘီလူး က အလံပြ …
တွဲစောင့်တွေက ခင်ပွန်းကြီးဆယ်ပါးကိုစော်ကားတဲ့ တေးသွားတွေကို သံပြိုင်သီးကျူး။
(၃)
လမ်းဘေး ဝဲယာ
ပုရွက်ဆိတ် တွေ အစာချီသလို
လူတန်းရှည်ကြီး တရွေ့ရွေ့
စစ်ဘေးလွတ်ရာ ပြေးလွှာနေကြ
ရိပ်ခနဲ့ ရိပ်ခနဲ့ ကျန်ရစ်ခဲ့တဲ့
သစ်ပင် အိမ် လူ နွား ကျွဲ
ကလေး အစ ခွေး အဆုံး
မီးလာင်ပြင်ကြီးထဲ သေသူ သေ
ခြေပြတ် လက်ပြတ်
အို... ဘယ်ကြည့်ကြည့်
စစ်ရဲ့ အနိဌာရုံ တွေက ဒင်းကြမ်းပြည့်လို့
ကိုကျင်ဟုတ်ရဲ့ တိုးတိုးရေရွတ်တဲ့
တေးသွား တ စ ကို
ကျနော်ကြား နေရတယ်
အကြင်နာတရားမဲ့ပုံများ
ဘာတဲ့
"အလောင်းကောင်ဆိုတာ
မြေဩဇာအတွက် သိပ်ကောင်းဆိုဘဲ။""
(၄)
ကိုယ်လူတို့ ရေ
ဟော့ဒီမြေ ပေါ်
ပန်းပိ တောက် တွေ ပွင့်ဖို့ လိုသလို
တောင်ဇလပ်ပန်း တွေလည်း ပွင့်မှ ဖြစ်မယ်
ဟော့ဒီမြေပေါ် ပွင့်သော ပန်းတိုင်း
လန်းဆန်းဖို့ မျိုးဆက်သစ်တို့
ဘယ်သူကို ဧည့်စာရင်း တိုင်စာရာလိုလို့ လဲ။
(၅)
တစ် ယောက်ပခုံးသားပေါ် တစ်ယောက်တက်လို့
သွေးချင်းချင်းရဲ ပခုံးသား တွေ
ထောင်းလမောင်း ကျေအောင်
ကျွဲပခုံး ထလို့
လက်ဆင့်ကမ်း လာလိုက်ကြတာ
ဤခရီး နီးသလားလို့ မမေးကြနဲ့
လူသမိုင်းတစ်ခု ပြောင်းဖို့
လွယ်နိုင်ရိုးမှတ်လို့ ဆို့တဲ့ စကား
တို့အဖိုးအဖွားတွေ တို့ကို သင်ကြားခဲ့ပြီးပြီ။
(၆)
အင်ဒိုနီးရှား ပုံစံလား
ယိုးဒယား ပုံစံလား.....
အာယုမင်းဆိုးစံနစ်
ကိုင်းကြီးကြီးမှာ နားလိုက် တော့ လို့
ဒီနွေဦး မှာ တေးဖွဲ့သီကျူးခဲ့ပြီ။
(မောင်နွေနှောင်း)
၄.၁.၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၆
(၁)
၁၉ လမ်း ဘုံဆိုင်ထဲ က Happy New year လို့
အော်ဟစ် လိုက်ချိန်
ကောင်ကင်းထက်
ရောင်စုံမီးပန်း တွေ လင်းလက်
ဒဏ်ရာဒဏ်ချက် ဗလပွနဲ့ မြို့ပြဟာ
တေးမသီ နံသာမလူး ပန်းမပန်ဘဲ
ဖြစ်တည်ခြင်း ပျက်ပျယ်လို့
(၂)
အခုတော့ ...
သဘောတူကြည်ဖြူ ခဲ့တဲ့
နှောင်းခဲ့တဲ့နှစ်သစ် တွေ ကို လွမ်းမိပါရဲ့။
စစ်မီးသင့် ဘူတာရုံလေးထဲ
သွေးအလိမ်းလိမ်း နဲ့ ရွေးကောက်ပွဲရထားကြီးလည်း ဆိုက် ရောက်။
ဆရာရန်ကုန်ဘဆွေ ရဲ့ ရေသယ်မလေးများအ ပြေးအလွှား ဈေးဗန်းခင်းကြ။
ကိုကျင်ဟုတ် က မီးထိုး ရေလောင်းတဲ့ စက်ခေါင်းမောင်းသူ။
ကိုစစ်ဘီလူး က အလံပြ …
တွဲစောင့်တွေက ခင်ပွန်းကြီးဆယ်ပါးကိုစော်ကားတဲ့ တေးသွားတွေကို သံပြိုင်သီးကျူး။
(၃)
လမ်းဘေး ဝဲယာ
ပုရွက်ဆိတ် တွေ အစာချီသလို
လူတန်းရှည်ကြီး တရွေ့ရွေ့
စစ်ဘေးလွတ်ရာ ပြေးလွှာနေကြ
ရိပ်ခနဲ့ ရိပ်ခနဲ့ ကျန်ရစ်ခဲ့တဲ့
သစ်ပင် အိမ် လူ နွား ကျွဲ
ကလေး အစ ခွေး အဆုံး
မီးလာင်ပြင်ကြီးထဲ သေသူ သေ
ခြေပြတ် လက်ပြတ်
အို... ဘယ်ကြည့်ကြည့်
စစ်ရဲ့ အနိဌာရုံ တွေက ဒင်းကြမ်းပြည့်လို့
ကိုကျင်ဟုတ်ရဲ့ တိုးတိုးရေရွတ်တဲ့
တေးသွား တ စ ကို
ကျနော်ကြား နေရတယ်
အကြင်နာတရားမဲ့ပုံများ
ဘာတဲ့
"အလောင်းကောင်ဆိုတာ
မြေဩဇာအတွက် သိပ်ကောင်းဆိုဘဲ။""
(၄)
ကိုယ်လူတို့ ရေ
ဟော့ဒီမြေ ပေါ်
ပန်းပိ တောက် တွေ ပွင့်ဖို့ လိုသလို
တောင်ဇလပ်ပန်း တွေလည်း ပွင့်မှ ဖြစ်မယ်
ဟော့ဒီမြေပေါ် ပွင့်သော ပန်းတိုင်း
လန်းဆန်းဖို့ မျိုးဆက်သစ်တို့
ဘယ်သူကို ဧည့်စာရင်း တိုင်စာရာလိုလို့ လဲ။
(၅)
တစ် ယောက်ပခုံးသားပေါ် တစ်ယောက်တက်လို့
သွေးချင်းချင်းရဲ ပခုံးသား တွေ
ထောင်းလမောင်း ကျေအောင်
ကျွဲပခုံး ထလို့
လက်ဆင့်ကမ်း လာလိုက်ကြတာ
ဤခရီး နီးသလားလို့ မမေးကြနဲ့
လူသမိုင်းတစ်ခု ပြောင်းဖို့
လွယ်နိုင်ရိုးမှတ်လို့ ဆို့တဲ့ စကား
တို့အဖိုးအဖွားတွေ တို့ကို သင်ကြားခဲ့ပြီးပြီ။
(၆)
အင်ဒိုနီးရှား ပုံစံလား
ယိုးဒယား ပုံစံလား.....
အာယုမင်းဆိုးစံနစ်
ကိုင်းကြီးကြီးမှာ နားလိုက် တော့ လို့
ဒီနွေဦး မှာ တေးဖွဲ့သီကျူးခဲ့ပြီ။
(မောင်နွေနှောင်း)
၄.၁.၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
