Breaking News

ကိုနီတွတ် - အမှား အရှုပ်၊ လူမိုက်လုပ်ရဲ၊ ရှုံးရမြဲတည့်



ကိုနီတွတ် - အမှား အရှုပ်၊ လူမိုက်လုပ်ရဲ၊ ရှုံးရမြဲတည့်

မိုးမခ ၊ ဇန်နဝါရီ ၁၅ ၊ ၂၀၂၆


 (၁)

လူတစ်ဦးနှင့် တစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့ မကျေနပ်ချက်များရှိ၍ ဒေါသအလျောက် ဆဲရေးတိုင်းထွာ အချင်းများတတ်ကြသည်မှာ ရှိစမြဲ။ ပုထုဇဥ်များဖြစ်၍ သွေးပူ သွေးဆူစဥ် ပြောမရဆိုမရ၊ တားမရ ဆီးမရ အမှားများ လုပ်တတ်ကြသည်။ ဒေါသအလျောက် လက်လွန်မိကြသော် နောင်တ နောင်မှရကြဲစမြဲ။ ထိုသို့ ရရှိခြင်းသည် အမှန်ကို သိမြင်ခြင်း။ သွေးအေးသွားသော် အကျိုးအကြောင်း ဆင်ခြင်စဥ်းစားမိကြပြီး မှားသူက မှန်သူကို တောင်းပန်ကြစမြဲ။ 

ထိုအမှားသည်ပင် ဘဝတလျှောက်လုံး သတိထားပြီး နေထိုင်ဖြတ်သန်းသွားကြသူများကို မြင်ဘူးကြပေလိမ့်မည်။ သို့သော် အမှန်ကို အမှား၊ အမှားကို အမှန်ဟု ဇွတ်မှား ဇွတ်မှန်ကြီးမျိုးကိုသည် မလုပ်သင့်သော အခြေအနေ။ ဤအတွက် ထောက်ညွှန်ပြသူများ ရှိပါသော်လည်း နားမဝင်၊ မကျင့်သုံးဘဲ လုပ်ချင်ရာကို ဇွတ်တိုးလုပ်သူသည် တကယ့်ကို လူမိုက်။ လူမိုက် ဆိုသည်မှာလည်း ရိုးရိုးလူမိုက် မဟုတ်။ အရှက်မရှိ သိက္ခာမဲ့ ဟီရိသြတ္တပ္ပကင်းမဲ့ပြီး အတ္တကြီးသော၊ ယခုဘဝကိုလည်း မတွေး၊ နောင်သံသရာကိုလည်း မစဥ်းစားသော ရူးနှမ်းသော ဗာလလူမိုက်စစ်စစ်ကြီးသာ ဖြစ်ပါ၏။

ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာဝင်များမဆို အပေါ်တွင် ဆိုခဲ့သည့်အတိုင်း အမှန်ကိုအမှား၊ အမှားကို အမှန်တည်းဟူသော အလုပ်မျိုးကို လုပ်ချင်ကြမည် မထင်ပါ။စိုးရွံကြသည်၊၊ရှက်ကြောက်ကြသည်။ နောက်တွန့်ကြသည်။ အမှန်တရားအတွက် အသက်အသေခံသွားသော ဂရိပညာရှိ ဆိုကရေးတီး၊ နောက်မတွန့်ဘဲ အမှန်တရားနှင့် အသက်ကို လဲသွားသည်။ ကမ္ဘာကြီးလုံးဝန်းသည်ကို သိရှိလျက် ပြားသည်ဟု မလိမ်ညာလိုသော ဘရူနို၊ မီးရှို့ အသတ်ခံသွားသည်မှာ အမှန်တရားကို အသက်နှင့် လဲသွားခြင်း။ ဗုဒ္ဓဘာသာတွင်လည်း လူတို့ ကျင့်သုံးအပ်သော သီလငါးပါး။ပျက်ရည်လှောင်ပြောင်၍ပင် မချိုးဖောက်စကောင်း။ ဖောက်ပြားမှားယွင်းပါက ဖြစ်လေရာ ဘဝတိုင်းတွင် အပ်ချည်နှင့် အပ်တွဲနေသလို တကောက်ကောက်ပါအောင် ခံရမည်မှာ ဗုဒ္ဓဝင်များတွင်သာမက မျက်မှောက်ခေတ် အဖြစ်အပျက်များမှာပင် တွေ့နိုင်သည်။ တကယ်ဆိုရသော် အမှားအလုပ်သည် ဒုစရိုက်အလုပ်သာ ဖြစ်သည်။ မှားယွင်းသော အလုပ်သာ ဖြစ်သည်။ ပုထုဇဥ်ဖြစ်ကြ၍ အမှားနှင့်မကင်းနိုင်ကြောင်း ရှိပေငြား မည်သူမှ အမှားကို လွန်ကျူးချင်ကြမည် မဟုတ်။ ပါရမီဖြည့်နေသော ဘုရားအလောင်း မဟုတ်ပေငြား အမှားကင်းကင်း၊ ဖြူဖြူစင်စင် နေလို ဖြတ်သန်းလိုကြသည်သာချည်း။ အမှတ်မထင်ပဲဖြစ်ဖြစ်၊ အဓိဋ္ဌာန်၍ပဲဖြစ်ဖြစ် လုပ်မိသော အမှန်တရားများသည်လည်း မိမိ၌တည်သော ဖြူစင်မှုကြောင့် အရှိန်အဝါ တောက်ပလာနိုင်သည်။ လောလောဆယ် ခံစား စံစားရနိုင်သည်မှာ အမှန်တရားတည်းဟုသော လုပ်ရပ်ကြောင့် စိတ်လက်ပေါ့ပါး၊ ပျော်ရွှင် ဝမ်းသာနိုင်ကြသည်မှာ သေချာပါ၏။

လူ ဆိုသည်မှာ တခါတရံ မှားခဲ့သော အမှားသည်လည်း ရှိစမြဲ။ ထိုအမှားကြောင့် အပြစ်တစုံတရာ သင့်စမြဲ။ သိမ်ဝင်ရဟန်းသံဃာများသော်မှ ဥပုသ်နေ့တိုင်း မိမိတို့မှားခဲ့သော အမှားများအတွက် ဝန်ခံရသည်၊ ဆေးကြောရသည်။ အမှားမှန်းလည်း သိ၊ ထပ်ကာထပ်ကာ ကျူးလွန်နေသောသူများအတွက်ကား အကုသိုလ် အလွန်ကြီးမားသော လူမိုက်များအဖြစ် လုပ်ယူနေသူနှင့်တူတော့သည်။ လောလောဆယ် မိုက်ဂုဏ်ကြောင့် ယာယီအောင်မြင်ခြင်းလည်း ရှိတတ်ပါ၏။သို့သော် အမှား အလွန်လုပ်တတ်သော လူမိုက်များအဖို့မှာ တစ်နေ့တွင် လူလိုမသေ၊ လူလိုမနေရ။ စိတ်ပူပန်များဖြင့် နေ့စဥ် ကြုံတွေ့နေရမည်သာ။ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု ဆိုခဲ့သော နယူတန်၏ သီအိုရီ၊ ကိုယ်ပြုသောကံ ကိုယ်သာခံ၊ သင့်ထံ ပြန်လာမည်ဟုသော မြတ်ဗုဒ္ဓ၏တရားများကား စိတ်ကူးယဥ် မဟုတ်ပါလေ။

 (၂)

ပစ္စက္ခ မြန်မာပြည်အခြေအနေများမှာ လူသတ်လိုင်စင်ရ ဂျပုဂွတို၏ လက်လွတ်စပယ် ဥပဒေမဲ့ အာဏာရူးမှုကြောင့် ကျရှုံးနိုင်ငံ ဖြစ်လုနီးနီး ရှိနေသည်။ အဘက်ဘက်က ဖြစ်တည်နေမှုများမှာလည်း မမြင်ဝံ့ မကြားသာ၊ အကောင်းထက် အဆိုးဘက်က အလေးသာနေသည်။ ဗိုလ်နေဝင်းလက်ထက်က စခဲ့သော မြန်မာ့နိုင်ငံ့ရေးကို စစ်တပ်က အမြဲစိုးမိုး ခြယ်လှယ်လိုသည့် စိတ်ကူးအမှား၊ ထိုအမှားကို လက်ဆင့်ကမ်းလာခဲ့သော အာဏာရှင်ဗိုလ်ချုပ်များ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဗန်းပြပြီး  မိမိတို့မိသားစုအရေးကိုသာ ဦးတည် လုပ်ကိုင်ခဲ့သည့် အတ္တကြီးသော လောဘ၊မောဟအမှားများနှင့် ကိုယ်သိ ကိုယ်တတ် အပေါ်စီး အာဏာပြ စီမံခန့်ခွဲမှုအမှားများ။ ထိုမဟာ့မဟာအမှားများနှင့် ယဥ်ပါးလာခဲ့သော စစ်ဗိုလ်ချုပ်များ၏လူပါးဝ ကောက်ကျစ်ယုတ်မာမှုများ၊ ပညာရေးကို နှိမ့်ချပြီး အသိဉာဏ် နုံနဲ့စေခဲ့သော လုပ်ရပ်များ.....စသဖြင့် အမှားပေါင်းစုံ၊ အမှားထိပ်ခေါင်တင်များမှာ ရာစုနှစ်ထက်ဝက် ကျော်ခဲ့သည်။

ယခုတော့ ထိုအမွေအမှားများကို နောက်လိုက်အစေအပါး ကျွန်ငနွား ကမ်းနားသစ်ပင်များ၊နိုင်ငံရေးကို ခွေးတိုးပေါက်မှ အချောင်ဝင်လိုနေသော အချောင်သမားများ၊ စတုတ္ထမဏ္ဍိုင်ဖြစ်သော  သတင်းမီဒီယာအမည်ခံ မြှောက်ထိုးပင့်ကော် မည်ကာမတ္တ ၆၈၀၀ စား သတင်းသမားများ၊ မလွတ်လပ် မမျှတ၍ တော်လှန်ရေးလုပ်ရပါသည် ဆိုသော အချို့သော EROs များသည်  ထမ်းပိုးလေးခုထမ်း လစာတစ်ခုအတွက်သာ ယူသည်ဟု အသံကောင်းဟစ်နေသော အာဏာလု လူဆိုးသူခိုး မအလနှင့် ပေါင်းစားနေသည်မှာ ပြည်သူများကို ပုဆိုးလှန်ပြသည်နှင့် တူလှသည်။ မိစ္ဆာဒိဋ္ဌိ လမ်းစဥ်အမှားများသာ ဖြစ်သည်။ ဘယ်သူသေသေ ငတေမာသည့် မစာမနာ မညှာမတာလုပ်ရပ်အမှားများသာဖြစ်သည်။ လုပ်သမျှအားလုံး အပြစ်များသာဖြစ်ပြီး ငရဲအိုးကို ဇောက်ထိုးဆင်းနေခြင်းသာဖြစ်သည်။

လာလာချေသေးသည်။ လွတ်လပ်ရေးရကတည်းက မငြိမ်းချမ်းခဲ့သော မြန်မာပြည်။ အစဥ်အဆက် အာဏာသိမ်း အုပ်ချုပ်ခဲ့သည့် စစ်ဗိုလ်ယုတ်များက တမင် မငြိမ်းချမ်းအောင် လုပ်ခဲ့သည်။ယခုလည်းကြည့်၊ မကြာသေးခင်ကာလက NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေညီလာခံခေါ်  ငြိမ်းချမ်းရေးဖိုရမ် ဆိုလား၊ ကျင်းပခဲ့သည်။ အရပ်ရပ်ကြားလို့မှ မတော်၊ တရားဝင်အစိုးရလည်း မဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချပြီး ညီလာခံကျင်းပသတတ်။ တရားဝင်နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် မပါ။ ခက်သည်က တည်ဆဲတရားဝင်အစိုးရကို ဖြုတ်ချ၊အာဏာသုံးရပ် လက်ထဲကိုင်ထားနိုင်ယုံဖြင့် တရားဝင်အစိုးရဖြစ်ပြီဟု အမြင်ဝါး  အထင်မှားနေသော ဂွတိုမအလ၊ နိုင်ငံတကာအဆင့် မပြောနှင့်၊ ပြည်တွင်းမှာပင် လူရာမဝင်။ လူကြီးများကို ခဏထားဘိဦး၊ ကလေးများအချင်းချင်း မကျေနပ်ပါက သို့တည်းမဟုတ် ကစားပွဲတစ်ခုတွင် မကျေနပ်မှုရှိပါက မအေယိုးမင်းအောင်လှိုင်ဟု ဆဲဆိုကြသည်။

ဆိုလိုသည်မှာ မင်းအောင်လှိုင် အာဏာထိန်းသည်ပဲ ပြောပြော၊ အာဏာသိမ်းခြင်းပဲဆိုဆို မဟာအမှားကြီးဖြစ်ကြောင်း ကလေးကအစ သိနေသည်။ သို့သော်......မအလကား မအလသာတည်း။

ပြည်သူကလည်း မကြည်ဖြူ၊ တပြည်လုံးကလည်း တော်လှန်၊ အာဆီယံအဆင့်မှာလည်း လူတောမတိုး၊ နိုင်ငံတကာစင်မြင့်မှာလည်း တက်မရ။ သူ့လောက်တော်သူ မရှိ၍ ဆက်လုပ်နေရပါသည်ဆိုပြီး အမှားကို ဖုံးကွယ်ရန် ကြိုးစားနေသည်။ သို့သော် သူတို့မအုပ်ချုပ်ရလျှင် တပြည်လုံး ပြာချပစ်မည်ဆိုသည့်အတိုင်း သူ့အဆင့်အတန်းကို ပြသည်။ မြန်မာတပြည်လုံးအနှံ့ မိုက်မိုက်မဲမဲ ဖျက်ဆီးနေမှုများမှာ အတောမသတ်။ မအလ ကိုယ်တိုင်ကလည်း ပန်ကာအောက်က လူဆိုးသူခိုး၊ သူ့လက်ကိုင်တုတ် တပ်ကလည်း ဆရာထက် တပည့်လက်စောင်းထက်သည့် အမျိုး။ တစ်နေ့ တစ်မျိုးမရိုးအောင်၊ တစ်နေ့ တစ်နေရာ နေရာမထပ်အောင် အမှားသရဖူဆောင်းနေသည်။ ထိုသို့ ဂွတိုဂျပု၏ ထူးချွန်လွန်းသော အမှားများကြောင့် ပစ္စခတ်မြန်ပြည်သည် ကာလဝိပ္ပတိခေတ်ရောက်နေသည်။ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မ မတရားသုံးမျိုး ထွန်းကားနေသည်။

ဂွတို၏ လုပ်ရပ် မှန်ကန်ပြီး ပြည်သူများမှာ အကြမ်းဖက်တဲ့။ နိုင်ငံတော်အဆင့် သတင်းမှန်ပြန်ကြားရေးမှ ဗခဇော်မင်းထွန်းက ရှေ့မှဒိုင်းခံ မရှက်မကြောက် မျက်နှာပြောင်တိုက် အမှားကို အမှန်လုပ်နေသည်။ ဇော်မင်းထွန်းမှ ဇော်မဲလိမ် အမည်ပြောင်ရသည်အထိ။ သို့သော် လုံးဝ အမှားမပြင်။ သူတို့၏သတင်းကို ပြောင်းပြန်ယူမှ အမှန်ရ၏ဟူလို။ စေတနာမရှိလျှင် ဝေဒနာငြိမည်ကို သေချာသိသော်လည်း လုပ်ရပ်အမှားများကို ပြင်ဆင်ရကောင်းမှန်း မသိသည့် မအလငတိ။ ငရဲ ကြီးလျှင် ငရဲလေး နိုင်သည်ဆိုသည့်အပေါက်မျိုးဖြင့် ဆက်လက်အာဏာရူးနေသည်။ မသမ္မာဝါစာ၊ မသမ္မာ အာဇီဝ၊ မသမ္မာ ကမ္မန္တော လုပ်နေသည်။ အများပြောလည်း ဂရုမစိုက်၊ ဘုရားဟောလည်း အတုယူရန် အာရုံမစိုက်။

တဖန်ကျားဖြန့်ခေါ် Scam centres များကိစ္စ၊ ဗြောင်းငြင်းသည်။ သူတစ်ပါးအပေါ် လွှဲချသည်။ သူတို့နှင့်မဆိုင်ဟု ဆိုသည်။ သူတို့မသိပါဟု မျက်နှာပြောင်တိုက်သည်။ လူတောလည်း ဝင်ဆန့်ချင်သည်၊လုပ်ရပ်တွေက မသေသပ်။ နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်ချင်သည်၊ ထုပ္ပတွေက လူသတ်။ ပြည်သူအများက ထောက်ခံစေချင်သည်၊ လုပ်ဇာတ်တွေက ကိုယ်ကျိုးအတ္တမှာ အဆုံးသတ်။ ထိုသို့အရာရာ အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရသော မအလသည် တရုတ်ကို မုန်းသည်၊ တရုတ်နှင့်ပေါင်းသည်။ တရုတ်ကို အားကိုးသည်၊ တရုတ်လက်ဝေခံ ပဏာဆက် ရုပ်သေးရုပ်အဖြစ် နိုင်ငံကိုရောင်းစားသည်။ မည်သူ့အကြံမှ နားမထောင်၊ တစ်ချက်လွှတ်အမိန့်နှင့် သေနတ်ကို အားကိုးသည်။ သူ့အမှားကို သိနေသည်၊ အာဏာလက်လွတ်ရမှာစိုး၍ ဆက်မိုက်နေသည်။

ထို့အပြင် သူ ကျင်းပသည့် ခွေးကောက်ပွဲကိုလည်း အပိုင်းသုံးပိုင်းခွဲ ကျင်းပသည်။ ကြုံဘူးပေါင် ဂုဏ်ထူးဆောင်ဟူ၍ပင် အငေါ့တူးစရာ။ ခွေးကောက်ပွဲ မကျင်းပခင်ကပင် နိုင်ငံ့ဝန်ထမ်း နိုင်ငံရေးကင်းရှင်းလိုက်ပုံက သူတို့မတရားအသင်းကြီး ကြံ့ဖွတ်ထဲ သူ့လူများကို ပို့ဆောင်လိုက်သည်။ နေရာဖြန့်ထားသည်။ အာဏာတည်မြဲအောင် အကြံထုတ် လုပ်နေသည်။ ထိုပါတီသည် မူလက ရွှေကြီး ပြောခဲ့သည်မှာ ပါတီမထောင်၊ လူမှုရေးအသင်းပါတဲ့။ ထိုဂတိဖျက်ကာ ပါတီအဖြစ်ပြောင်း၊ ပြောင်ကြီးသိန်းစိန်ကို သမ္မတ တင်မြှောက်။ နိုင်ငံတော်ကို ကြိုက်သလို မှားလိုက်ကြသည်။ထိုစဥ်က ရွေးကော် ဆိုသည်ကလည်း ပြိုင်ဘက်ကောင်း မပါတာတောင် မဲခိုးဖြစ်အောင် ခိုးခဲ့ကြသည်မှာ အထင်အရှားဖြစ်ပါလျက် အရေးမယူ။ ပြိုင်ဘက်ကောင်းပါလာသော ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲမခိုးရပါပဲ မဲခိုးသည် အကြောင်းပြချက်ဖြင့် အမှားကြီးတစ်ခု ကျူးလွန်လိုက်သည်မှာ ယခုတော့ ထိုအမှားအတွက် အဖတ်ဆည်မရနိုင်တော့။ ထိုအမှားကြီးအတွက် ဆုတ်လည်းစူး စားလည်းရူး။ မအလ ကား ထိုအမှားကို ဖုံးဖိရန် ထပ်မံ ထပ်မံ ထပ်မံ ကျူးလွန်လိုက်သော အမှားများဖြင့်သာ ရှေ့တိုးနေသည်။

၁၆ နှစ်ကြာအောင် ရေးဆွဲခဲ့သော စာအုပ်အစိမ်းကြီးကိုလည်း အရမ်းဖက်တွယ်ပြီး ထိုစာအုပ်အစိမ်းကြီးထဲက ပြဋ္ဌာန်းချက်အမှားကြီးကိုလည်း ခုံမင်နေသည်။ ညွှန်ချုပ်အဆင့်ရှိသော သူက ကာကွယ်ရေးဌာနဝန်ကြီးအပြင် ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတို့ကို ခန့်/ဖြုတ်ပိုင်ခွင့် ထားရှိပုံက ပြင်ဆင်ရန် လိုအပ်နေသည့် အမှား။ ကပ္ပိယက ဘုန်းကြီးကို ဆရာလုပ်နေသည့်နယ်။ သို့သော် လိုသလို ပုံသွင်းထားခဲ့သော အမွေဆိုးကြီးကို လက်စွဲတော်အဖြစ် အသုံးချရင်း နောက်ဆုတ်မည့်ဟန်မရှိပုံက တကယ့်ကို သွက်သွက်ခါအောင် ရူးနေခြင်းပင် မဟုတ်လော။

ရယူပိုင်ခွင့်လည်း မပါ၊ ထိုက်တန်ခြင်းလည်း မရှိ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ တည်ဆဲဥပဒေအဖြစ် ပြောင်းကာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်း ကျင်းပသည်ကလည်း သေချင်သာ သေသွားမည်၊ ဆက်လက်အမှားကျူးလွန်မည်မှာ ဘယ်သူတားတား၊ ဘယ်သူ ဘယ်လိုပြောပြော၊ ဘယ်သူ ဘယ်မျှ ကဲ့ရဲ့ဆိုတင်းပစေ၊ လုံးဝ လုံးဝ ဂရုမစိုက်၊ အရေးမယူ။ ယခင်လွှတ်တော်ထဲမှ ထိုအမှားများကို ပြင်ဆင်စဥ်က အစိတ်သားများအပါ ခွေးလို ဝိုင်းအူခဲ့ကြသည်။ အမှားကို သေနတ်နှင့် ကာထားသည်။ ထိုထိုသောအမှားများကြောင့် မြန်မာပြည်ကြီး နစ်နာလွန်းနေသည့် ရက်ရက်စက်စက်အမှား။

မည်မျှပင်မှားမှား၊ ထိုအမှားကြောင့် ဒုက္ခရောက်ရမည်ကို ဘယ်အာဏာရှင်မှ လွယ်လွယ်အရှုံးပေးလိမ့်မည် မဟုတ်။ အီရတ်အာဏာရှင် ဆဒ်ဒန်ဟူစိန်၊ ရူမေးနီးယားအာဏာရှင် ချောင်ဆက်စကူး၊ ဆူဒန်အာဏာရှင် မိုဟာမက်ကဒါဖီ၊ ဂျာမဏီ အဓိပတိ ဟစ်တလာကိုကြည့်။ သေမှသာ လျှော့ကြသည်ကို တွေ့ရသည်။ အသေဆိုးနှင့်သေကြသည်။ သူတို့ ကျူးလွန်ခဲ့သော အမှားများ၏ရလဒ်။မအလ ဂျပု ဂွတိုကရော ဘာသားနှင့်ထုထားလို့လဲ။ ထိုအာဏာရူး၏ လုပ်ရပ်အမှားများကို ဘာဖြစ်လို့ မရပ်တန့်နိုင်ရမှာလဲ။ အမှားမပြင်သော ထိုအာဏာရှင်များအတွက် မိုက်တယ်ဆိုတာ လွယ်ပေမဲ့ ထိုမိုက်ဂုဏ်ကြောင့် လည်းကောင်း၊ မြှောက်ထိုးပင့်ကော် နောက်လိုက်ကျွန်များကြောင့်လည်းကောင်း အချိန်ကာလ အနည်းငယ် ရပ်တည်နိုင်မည်မှာ မှန်သော်လည်း ခွေးရူးကောင်းစား တစ်မွန်းတည့်သာ ဖြစ်ပါချိမ့်။

အချိန်အခါကောင်း၊ အခွင့်အခါကောင်း ဆိုသည်မှာလည်း လူတိုင်းအတွက် ရှိသည်။ မအလအတွက်ရှိသလို ကျောကော့အောင်ခံနေရသော ပြည်သူအတွက်ရော ရှိပါသည်။ ကြောက်ကန်ကန်နေသော မအေယိုး မအလအတွက် အသေဆိုးကား လာကိုလာပါမည်။ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်အတွင်း သတင်းချုပ်ကို ကြည့်ပါ။ တော်လှန်ရေးတပ်များနှင့် စကမတပ်များအကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော် ဖြစ်သည်။ စစ်ခွေး ၅၇၀၀ ကျော် သေဆုံးခဲ့သည်။ ဒဏ်ရာရသူ ၂၇၀၀ ကျော်၊ စစ်သုံ့ပန်း ၁၁၂၄ ဦး၊စုစုပေါင်းစစ်ခွေး ၉၅၀၀ကေျာ် ပြုန်းတီးခဲ့သည်။မြို့နယ်ပေါင်း(၃၇)မြို့နယ်ကို အပြညမ့အဝထိန်းချုပ်နိုင်ပြီး( ၄၁) မြို့နယ်ကို ဝိုင်းပတ်ထိန်းချုပ်ထားနိုင်ဆဲ။သုညကစခဲ့ရသောတော်လှန်ရေး၊ တွေးကြည့်ရုံနဲ့ အမှားဖက်သော မအလအတွက် အကြွားသက်သက်မဟုတ်ပါကြောင်းကိုတော့ လက်တွေ့ပြကတေ့များက သက်သေပြနေသည်။

စုစည်းညီညွတ်မှု၏ရလဒ်များကလည်း တစ်စတစ်စ ရုပ်လုံးပေါ်လာနေသည်။ နောက်ကျသည်ဟု ဆိုနိုင်သော်လည်း အချိန်မှီပါသေးသည်။ MNDAA| TNLA ညီနောင်နှစ်ဦးကို တရုတ်အားကိုးဖြင့် ချွေးသိပ်ထားနိုင်သော်လည်း ထိုနှစ်ဖွဲ့သည်" ခေါင်းကလေးဝင်ပါရစေ"  ဟုသော သစ်ကုလားအုတ်ပုံပြင်ကို နားလည်နိုင်ကောင်းပါသည်ဟု မျှော်လင့်ရသည်။ တော်လှန်ရေး (၁၉) ဖွဲ့၏ SRAအဖြစ် ဖွဲ့စည်းလာနိုင်မှု အင်အား၊ NUG ၏ စစ်တိုင်းကြီး၁၁တိုင်း၏အင်အား၊ EROsတပ်များ၏ စွမ်းပကား (မည်သို့ပင် ပေါင်းစည်း ပေါင်းစည်း၊ပေါင်းစည်းလက်တွဲဖို့သာ အဓိက)တို့သည် အမှားအမွေဆိုးကို လက်ကိုင်ပြု တိုင်းပြည်ကို ဖျက်ဆီးနေသော စကမ အကြမ်းဖက်တပ်ကို သေချာပေါက် အနိုင်ရမည်မှာ မြေကြီးကို ပုတ်လျှင်သာ လွဲမည်၊ အောင်မြင်မှုကား လုံးဝ လုံးဝ လုံးဝမလွဲ၊ ဧကန်အမှန်။ အမှားနှင့် အမှန် ဘက်နှစ်ဘက်တွင် လူမိုက်တို့၏ သွားရာလမ်းကာ ကျရှုံးခြင်း။ အမှန်တရားဘက်၏ ခရီးပန်းတိုင်ကား အောင်မြင်မှု။

ယခုလောလောဆယ် သမ္မတရူး ရူးနေသော မအလဂွတို၏ ရွေးကောက်ပွဲ အပိုင်း (၁) ကိုကြည့်၊ကျော်မကောင်းကြားမကောင်း အမှားများ ဖြစ်ခဲ့သည်။ မဲခိုး၍ အာဏာထိန်းရပါသည် ဆိုသော အနှီဂျပုကား မဲခိုးပြီး တောင်ပြိုကမ်းပြိုနိုင်သတတ်။ အမှားလုပ်သူတို့ကို မည်သူကမှ စိတ်မဝင်စားသော်လည်း သေနတ်ရှိထားသူတို့၏ ထုံးစံအတိုင်း မှားချင်မှားပစေ၊ အနိုင်ရဖို့က ပထမ။တိုင်းသူပြည်သားများက ဝိုင်းကန့်ကွက်ခဲ့သလို အသိအမှတ်ပြုခဲ့သည့်နိုင်ငံ ဆိုသည်မှာလည်း သူ့ပထွေးတရုတ်သာ။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထိုအလိမ်အညာ ဇာတ်လမ်းအမှားကြီးကို သိနေသည်။ သေနတ်မိုးထားသော ရလဒ်ကြီးဖြစ်ကြောင်း သိကြသူချည်း။ သေနတ်မိုးထား၍သာ အမှားကို ဆက်လက်လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မည်။ ထိုအမှားသည်ကား ဂုဏ်သိက္ခာမရှိသလို တည်မြဲမှုလည်း ရှိမည် မဟုတ်။

လူမိုက်နှင့် အမှားကား အမြဲတွဲတွေ့ရတတ်သည်။ အောင်မြင်မှုနှင့် အမှန်တရားကား ဒွန်တွဲနေသည်မှာ လောကဓမ္မတာ။ ခေတ်အဆက်ဆက်တွင် နောက်ဆုံး အဆုံးသတ်မှာ အောင်မြင်မှု။ ဆိုရသော် အမှားလုပ်ရပ်များဖြင့် မြန်မာနိုင်ငံကို ဖျက်ဆီးနေသော အာဏာရူး မအလနှင့် ဗိုလ်ယုတ်တသိုက်ကို နွေဦးတော်လှန်ရေး၏ စုပေါင်းအားဖြင့် အောင်မြင်စွာ တွန်းလှန်နိုင်မည်ကို  သင် ငြင်းလိုက ငြင်းနိုင်ပါကြောင်း။   ။

(၁၅-၉-၂၀၂၅)မှ(၂-၁-၂၀၂၆)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar