Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စနိုက်ကျော်ခံရတဲ့ ရှီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စနိုက်ကျော်ခံရတဲ့ ရှီ

မိုးမခ ၊ ဇန်နဝါရီ ၁၈ ၊ ၂၀၂၆


ဇော်မဲလုံးတို့များ ပေပေဂျီးကို ချစ်တယ် ပြောပြီး တရုတ်ဘက်ကနေ  ထိုင်ဝမ်အရေးမှာ ဂျပန်ကို ကက်ကက်လန် ရန်တွေ့လိုက်တာ၊ ခု ဗင်နီဇွဲလားကိစ္စမှာလည်း ရေနံ ထမင်းလုတ် ပုတ်ချခံရတဲ့ ပေပေတရုတ်ဘက်က ဝင်ပြောမလား အောက်မေ့တာ၊ အောက်မေးတောင် မလှုပ်၊ အသံတိတ်သပိတ်တွေတောင် လုပ်နေပဟလို့ ထင်ရလောက်အောင် တိတ်ချက်။ အင်း ပေပေဂျီးကို ဒဂယ်ချစ်ပုံမရပါဘူး။ ဟန်ဆောင်ပန်ဆောင် အီစီကလီ ပလီတိ‌ခြောက်ချက် မှောက်ရက်လဲသလိုလို သောက်ခွက်ဖြဲသလိုလို လုပ်တာ။ 

အမှန်က သူ့ပေပေဂျီးခမျာ မြန်မာစစ်ဗိုလ်စုတ်တွေ အခက်ကြုံသလို ဖြစ်နေချိန် စာချုပ်တွေတထုပ်ကြီးနဲ့ မာဒူရိုဆီ အပီပြေးကြတာလေ။ ဗင်နီဇွဲလား တပြည်လုံး အချောင်ရပြီပေါ့။ အောင်သေအောင်သား စားမလို့လုပ်တုံး အမေရိကန်က ဝင်ဝုန်းတာ၊ သူတို့ပါ အချောင်မသေတာကံကောင်းဆိုရမယ်။ အဲနေ့ညက ဒီကောင်တွေလဲ မအိပ်လိုက်ရတဲ့အပြင် နဖူးကွဲသလား ဒူးပြဲသလား၊ တခုခုတော့ ခုလိမ့်မယ်။ ဖျင်ကြောတွေတောင် စိမ့်သွားလောက်ရဲ့။ အဲတော့ နာနာကျည်းကျည်းနဲ့ ရှီကျင်းပင်ကစ ဝမ်ယိအလယ် အောက်က မလောက်လေးမလောက်စားအဆုံး ခွေးနာလောက်ကိုက်သလို တအီအီဖြစ်နေတာ ဇော်မဲလုံးတို့က နာပေးသင့်တာပေါ့။ ဟိုခမျာ သူ့ပြည်က ရေနံရှယ်ယာတွေပါ ရုတ်တရက် ပြုတ်ပျက်ကုန်လို့ ဘောင်းဘီချွတ်ရမလိုလို နှပ်ချီးသုတ်ရမလိုလိုဖြစ်နေတာကို ကျောပေးနေရက်တယ်နော်။ ကိုယ့်ဆီက တရုတ်သံရုံးကြီးမှ အားမနာ။ မာကျားလေးကိုမှ မသနား။

အင်း ဂျပန်ဝန်ကြီးချုပ်ကိုတော့ ခုပဲ ဓားနဲ့ တက်ခုတ်တော့မလိုလို တင်းတင်းမာမာ ဆိုခဲ့ပြီး အင်းလေ... ခွေးဟောင်မှန်းသိလို့ ထမကြည့်တဲ့ ဂျပန်ကိုသာ အာရဲတယ် ဆိုပါတော့။ ထရန့်ကျတော့ လမ်းဘေးခွေးသော ဘာသော ထည့်တွက်မှာမဟုတ်၊ သူ့ဟောင်ရင်တော့ နှာနုဖြတ်အုပ်မှာ သိတာကိုး။ ကျူးဘားတောင် အစက သူ့ဘာသာ လစ်တော့မှာပါ၊ ဝင်စရာမလိုပါဘူး ပြောပြီး ခု မာဒူရိုကိစ္စ စောက်စကားများလို့ ဒုတိယက မင်းဖြစ်သွားမယ် ဟောက်လိုက်ပြီဆိုတော့ အဂ္ဂမဟာ ဗျဂ္ဃရာဇာ ကျားမင်းကြီးကိုဆို ချက်ချင်းအုပ်ထည့်လိုက်မှာဆြိတော့ အရေးချအာရဲဘူးလေ။ မူးယစ်ဆေးဖြန့်အားကလည်း ကျားဖြန့်လို တကမ္ဘာလုံးအနှံ့ မဟုတ်လား။ ရှင်းရမယ့် စာရင်းထဲလည်း ပါပြီးသားဆိုတော့ သားသားကြောက်ကြောက်ပေါ့။ ထိုင်ဝမ်အရေး ဖင်လေး ထထခါသလို ဗင်နီဇွဲလား အရေးတော့ ချောင်းတောင် မဟန့်ရဲတဲ့ဘွ။ အင်မတန် ခေါင်းမာတဲ့ အဏုမြူရှိပါတယ်ဆိုတဲ့အီရန်က ခါမေနီတို့တောင် လိမ်မာပြနေရတဲ့ အဆင့်နော်။ ဆန္ဒပြပြည်သူကို သတ်ရင် ငါ လာမယ်ပြောလိုက်တော့ ဟော ခု ခိုမေနီ သေပါစေ ပြောတဲ့ အီရန်ပြည်သူတွေကို ငွေဖောင်းပွတာနဲ့ ကာမိအောင် ပိုက်ပိုက်အမ်းမယ်တွေ ဘာတွေ ဖြစ်လာရတယ်။ သူ့ပြည်သူက မထောက်ခံမှတော့ ဘယ်ချိန်ဝင်ဖမ်းဖမ်း အဇမ်းအဇမ်း ဝမ်းသာတယ် ဖြစ်သွားမှာ မဟုတ်လား။ အာဏာရှင် ဆိုတဲ့ကောင်တိုင်းက သူများသာ ထင်သလို သတ်ဖြတ်ညှဉ်းဆဲတာ၊ ကိုယ် ခံရမှာတော့ သိပ်ကြောက်တယ်လေ။ ဘာသာရေးနဲ့ ထင်သလို နှိပ်ကွပ်သတ်ဖြတ်ထားတဲ့ ခိုမေနီကိုလည်း ဖမ်းပြီး အမျိုးသမီးအုပ်ထဲ ပစ်မထည့်ဘူးလို့ မပြောနိုင်ဘူး။ အဘား အဘားနဲ့ တဘားတည်း ဘားနေမှာ မြင်ယောင်သေးတယ်။ ခု မူးယစ်ရာဇာ ဖြစ်ရက်နဲ့ မထူးဇာတ်ခင်းပြီး ပြန်ပြောရဲတာ ဆိုလို့ ကိုလံဘီယာတကောင်ပဲ ရှိတယ်။ အဲကောင်တော့ ထရန့်က ကြိတ်မှာ။ အမေရိကန်ကို လူတွေ အစုလိုက်အပြုံလိုက် ပို့တဲ့ကောင်ထဲမှာ အဲကောင်နဲ့ မာဒူရိုက ထိပ်ဆုံးက။ ခု သူ့အဖော် မာဒူရို ဂိမ်းအိုဗာသွားပြီ။ 

အဲတော့ ပေပေတရုတ်ကြီးမှာ ရေနံကုပ်စီးလုပ်မဲ့ အိပ်မက်တွေ ပျက်ပျယ်လုနီးနီး ဆိုတော့ မီးဆယ့်တတန် ဝိုင်းနေချိန် "ဟေ့ကောင် ထရန့် ဂန့်ချင်လို့လား၊ ခုထက် ပို ကျားဖြန့်လိုက်ရမလား၊ ခုထက် ပို ဆေးဖြန့်လိုက်ရမလား" တွေ ဘာတွေ အမှန်က စာထုတ်သင့်တာပေါ့။ 

ကိုယ့်လွတ်လပ်ရေးနေ့မှာ လိမ်လိမ်မာမာနေဖို့၊ ကလိမ်ကကျစ်မလုပ်ဖို့ လှမ်းဩဝါဒခြွေထားတာကိုလည်း မကျေနပ်ဘူး မဟုတ်လား။ တဝုတ်ဝုတ်နဲ့ သခင်အားရ ကျွန်ပါးဝလုပ်ရမယ့်အချိန်လေကွာ။ 

ဘာလဲ အီရန်က ဘာသာရေးတပ်ချုပ်လို ဒရုန်းဒါးစက်နဲ့ နုပ်နုပ်စဉ်းမှာ ကြောက်လို့လား။ အေး ကြောက်လို့ ငြိမ်နေပြန်ရင်လဲ ပေပေတရုတ်ကြီးက သစ္စာဖောက်လောက်ကောင် စနိုက်ကျော်မ ဗိုက်ပေါ်ခွလို့ တွက်တော့မှာ။ အဲလိုတွက်ပြီး လိုတဲ့အကူအညီတွေ ဆက်မပေးရင် အင်း မအလရဲ့ ပြည်သူ့တရားစီရင်ခန်း မြင်ရချည်သေးရဲ့။

အဲသလို ဘေးရော နံရောအပြင် အံရောပါ ကြပ်နေပါတယ်ဆို တီးချက်က ကသာမှာလဲ မသာတွေချည်း။ ဗန်းမော်လဲ မပေါ်လာဇာတ်။ ပဲခူးက အဘိုးမြတို့ကလဲ ချချင်သလိုချ၊ ကချင်သလိုက။ အနားက ရေတာရှည်မှာလဲ သေတာတွေချည်း။ နတ်မောက်ကလဲ တပ်ဖျောက်။ မကွေး ဆိုတဲ့အတိုင်း မကွေးတိုင်းထဲမလဲ အကုန်ဆန့်။ ပန်းတောင်းဆို တပ်မမှူးပါ မတ်တပ်မရူးနိုင်တော့။ တီးတိန်မှာလဲ အမြီးလိမ်။ ဖလမ်းမလဲ အဂွမ်းအဂွမ်း။ ကနေဒီမလဲ သေပြီ။ ယောတို့ ဆောတို့မှာလဲ တဖျောဖျော။ ဝက်လက်မလဲ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် အလောင်းခွေးယက်။ ငရဲပြည်ထိမြောင်းတူးကြတာက ချောင်းဦး။ ဘုတလင်ကလဲ သူ့အပြင်မရှိ ဂိကြ။ မြင်းခြံကလဲ ဗျင်းပြန် အရင်းမပြန် အတင်းနှံ။ သရက် မင်းတုန်းကလဲ ဗျင်းမဆုံးတော့သည်။ နွားထိုးကြီးကလဲ ဆတိုးပြီးကစ် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ တပြည်လုံး စစ်ကြီးထဲ BGF ကလဲ လမ်းခွဲ။ ဖထီးတို့က လမ်းခွဲရုံမက ကျားဖြန့်သက်သေတထွေကြီးနဲ့ ရီးပါဖြဲပြတာ။ ကြောက်သေးပါနေပါတယ်ဆို ဒုတ်ပြ ဂဲပြနဲ့။ ဒီဖထီးက ဒီလိုတီးသလို ဟိုဖထီးကလဲ သူဖြစ်ချင်လွန်းလို့မှ တပ်မတော်ကြီးတခုလုံး ပြုတ်ပြုတ်ပြုန်းခံ မုဆိုးမအသိုင်းအဝန်းကြီးတခုလုံးအပေါ်ခံပြီးလုပ်နေရတဲ့ သမ္မတရာထူးကို နယ်ဒါးမြက အသောက်အစားမပျက် ယူလိုက်ပြန်ပြီ။ အဲတော့ တပ်ထဲရော အရပ်ထဲပါ "ပါတီသမတ ဦးဝင်းမြင့်၊ ယာယီသမတ ဒူးဝါးလရှီးလ၊ နှာနီသမတ မြင့်ဆွေ၊ ဖာညှီသမတ မင်းအောင်လှိုင်၊ ဗလာချီသမတ နယ်ဒါးမြ"ဆိုပြီး အော်နေကြလေရဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar