Breaking News

ကျော်လွင်အောင် - ဆေးရုံ ည (၁)

ကျော်လွင်အောင် - ဆေးရုံ ည (၁)

မိုးမခ ၊ ဇန်နဝါရီ ၃၀ ၊ ၂၀၂၆


နိဒါန်း - သွားတွေဘုရားဖူးထွက်ကုန်ပြီ။

မနက်ကတည်းက  သွေးတွေ လေးလံပြီး အိပ်ချင်စိတ်ကများနေလျက် ရုံးကိုထွက်လာခဲ့တယ်။ ရုံးရောက်တော့လည်း မှောက်အိပ်နေရတာက သက်သာသလိုလိုနဲ့ မွန်းလွဲတော့ 'အိပ်နေလို့တော့ ဘာမှ ဖြစ်မလာဘူး' သီချင်အသွားလေး စိတ်ထဲ ရွတ်ဆိုရင်း နေပြည်တော် အင်ဂျင်နီယာအသင်းအဆောက်အဦဘက် ဆိုင်ကယ်နဲ့ ကြွမြန်းခဲ့တယ်။

အသင်းရုံးမှာ စာအုပ်တွေ ရောင်းဖို့တင်ထားတာ သွားကြည့်တာလေ၊  စာအုပ် ၆ မျိုး၊ မူရင်း English  အုပ်အပါ အဝင် ၇ မျိုး တစ်မျိုး ၅ အုပ်စီ၊  စုစုပေါင်း ၃၅ အုပ်မှာ ၁ နှစ်တာကာလအတွင်း ၂၇ အုပ် ရောင်းပြီး၊ လက်ကျန် ၈ အုပ် ပြန်ယူခဲ့တယ်၊ ရီနယူး လုပ်ဖို့ရယ်၊ စက္ကူထုပ်ဝယ်ဖို့ ---**** ရုံးအဆောက်အဦအလွန်က ကွန်ပျူတာဆိုင်သွားဖို့ စိတ်ထဲ ပျော်ပါးပြီး ရုံးဝင်းထဲဝင်၊ ကားပါကင်ကို ဖြတ်၊ ဘီစီတို့ရဲ့ MOC အဆောက်အဦကို ဖြတ်၊ တံတားလေးအောက်က ရေပြင်ကို နှုတ်ဆက်ပြီး ဆိုင်ကယ်က အရှိန်နဲ့ တောင်ကုန်း‌လေးကို မော့အတက် 'ဒုန်း'ခနဲ မြည်သံကြီးနဲ့အတူ ကြယ်တွေလတွေ မြင်လိုက်သလို ဝင်းလက်သွားပြီး ဆိုင်ကယ်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ပါသွား၊  မေးရိုးနဲ့ဝင်ဆောင့်ထားတဲ့ လူက တပတ်လည် ၊ မျက်နှာဝနဲ့ ကတ္တရာလမ်း ပစ်ရိုက်တာ၊ ဦးထုပ်ပါနေလို့ သတိလွတ် မူးမေ့တာတောင် မဖြစ်ခဲ့ဘူး၊

အနှမြောဆုံးကတော့ အမေ မွေးပေးလိုက်တဲ့ သွားတွေပဲ၊ အပေါ်သွား အားလုံး စုစုပေါင်းမှ ၆ ချောင်းလား ရှိတယ်၊ သွားလိုက်ကုန်ပြီဗျို့။

ကျောင်းတုန်းက ဟာသကို သတိရ။

"ပါးပိတ်ရိုက်ထည့်လိုက်လို့ သွား ဘုရားဖူးထွက်သွားမယ်" ဆိုသလိုပေါ့ဗျာ၊

ခု ကျွန်တော့်သွားတွေလို  အဟဲ... 

ဆက်ပါဦးမည် .....


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar