Breaking News

နွေလယ်နေ - သံယောဇဉ်ကြိုးအဖျား၌

Art- Aung Htet
 သံယောဇဉ်ကြိုးအဖျား၌
နွေလယ်နေ
( မိုးမခ ) ဇန်နဝါရီ ....၊ ၂၀၂၆

အမှောင်သိပ်သိပ်ထဲ
တရိပ်ရိပ်ပြုတ်ကျနေတာလား …

ကြည့်တယ်
ဘာမှ မမြင်ဘူး ၊

စမ်းတယ်
ဘာမှ မထိဘူး ၊

ဆွဲတယ်
ဘာမှ မမိဘူး၊

ရေတွင်းကရေငင်ပုံးလေးလို
ဆင်းပြီးရင် တက်ခွင့်ကြုံအုံးမလား ၊

ပင်လယ်ကိုမမျှားခဲ့ပါဘူးကွာ
ငါတောင့်တတာ ရေအေးအေးတစ်ခွက်မျှ
ငါ့ကျမှ ခက်ခဲလွန်းရက်ဘိ
ဖိတ်တစ်ဝက် စဉ်တစ်ဝက် ဖြစ်စေ
ပုံးခွံသက်သက်ဖြစ်စေ
ငါ့ကြိုးခွေဆီ ငါပြန်ရောက်နိုင်မှာလား
ကြမ္မာရယ် …
မင်း သူစိမ်းမဆန်လိုက်ပါနဲ့ ။ ။ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar