Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးညစ်ရဲ့ သေးတစ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးညစ်ရဲ့ သေးတစ်

မိုးမခ ၊ ဇန်နဝါရီ ၇ ၊ ၂၀၂၆


သေးပေါက်ပွဲတော့ ပီးသွားဘီ။ သေးစီးကြောင်းတောင်မဖြစ်လို့ ဂျပေါင်ကုစိတ်ညစ်နေတယ်။  သေးပေါက်နိုင်ရန်ဆိုပြီး လမ်းတကာတိုင်း ရေဘူးတွေ ချထားပေမယ့် မသောက် မပေါက်ကြ။ တချို့ဆို ဘီယာပါ တိုက်ရတယ်။ ဒါလည်း မသောက် မပေါက်။ တချို့က သောက်တယ်၊ ဒါပေမဲ့ သူတို့စောက်ခွက်ထဲ လာမပေါက်။ သူတို့ သေးပေါက်ခွက်တွေမှာ အယ်ဘကို ချစ်တယ် ဆိုသူတွေက အပလီလွန်ပြီး သူ့စောက်ခွက်ပုံကြီး ထည့်ရိုက်ထားတာလေ။ တချို့ခွက်ကို အဘထက် အဘ ဆိုပြီး ရှီပေါက်ဖော်ပုံပါ ထည့်လိုက်သေး။ အဲဒီမှာ ခွေးတောင် သေးမပန်းရဲတဲ့ဘဝ ရောက်သွားတာ။ သေးပေါက်ဖို့ ဇစ်ဖြုတ်လိုက်ရင် ဒစ်ရုပ်က အဲလေ ဒင်းရုပ်က ထင်းခနဲ။ ပုဆိုး မ လိုက်တာနဲ့ ဂျပိုးကွ ငမိုက်က ပြိုက်ခနဲ ဆွဲတော့မလိုဆိုတော့ ပုဆိုးအမြန်ချ လစ်ထွက်လာကြရ။ ထဘီပြင်တာနဲ့ ချဉ်စို့စို့ ပြီတီတီစောက်ခွက်ကြီးက တက်လာမလိုလို ဆိုတော့ မိန်းမအိုတွေပါ လန့်ပြေး ဘာသေးမှမပေါက်နိုင်။ ဒီသတင်းကို ဖိတ်မန္တကပြုထားတဲ့ နိုင်ငံတကာမီဒီယာတွေက ချက်ချင်းတင်လိုက်တော့ ကျန်သူတွေပါ  သေးပေါက်ပွဲ မလာကြတော့။

အဲသမှာ လမ်းပေါ် လာသမျှလူ လက်ပြခိုင်း၊ လက်သန်း မှင်မတွေ့ရင် တွေ့ရာ သောက်ခွက် တက်ပေါင်းခိုင်း။ တချို့နေရာမှာ သေနတ်ဖောက် သေးပေါက်လာကြ၊ မလာရင် ဘေးရောက်မယ် ဘာညာ ဟောက်။ တချို့နေရာ‌မှာတော့ ကြိုပို့တာဝန်ယူ နေ့တွက်ပါ လှူပါတယ်ဆိုပြီး သေးအတောင်းထွက်။ တချို့တွေကိုတော့ မင်းတို့စမတ်ကဒ်မှာ သေးမှတ်တမ်း ရှိ မရှိ ကြည့်လို့ရတာပေါ့နော်၊ မပါရင် ဘောမှုထမ်းရမယ် ဘာမှတ်ဆိုပြီး ခြောက်ခြိမ်း ဟောက်ဟိန်း။ အေးလေ နည်းစုံ မီးကုန်မြှင့်ရတော့တာ။ သူ့မှာက သေးလီတာလိုသလောက် မသောက်ရရင် သူ ရူးခါ‌နေအောင်ဖြစ်ချင်တဲ့ သန်းမကြီးမဖြစ်ရဘဲနေမှာကိုး။ အဲတော့ ညစ်နည်းအစုံ အဲလေ ညှစ်နည်းအစုံသုံး သေးထွက်အောင် လုပ်ရတော့တာဘဲလေ။ ဒါတောင် မဲမှုထမ်းဥပဒေမပြဋ္ဌာန်းရုံတမယ် လုပ်ထားလို့ သေးလေး တစက်တလေသောက်ရတာ။ သေးပေါက်ပွဲထိ မီးပွင့်သွားမယ်ဆိုပြီး မဲဆွယ်ဆိုင်းဘုတ်ရှေ့က ပြုံးတုံးပြုံးတုံးနဲ့ဖြတ်သွားရင်တောင် ထောင်ထဲထည့်ပြီး အကုန်စွတ်ရွတ်တွယ်ထားလို့။ နို့မို့ တစက်တောင် သောက်လုပ်ရမယ်မဟုတ်။ စစ်ဗိုလ်ပြုတ်ချင်း ပါးစပ်ဟပြီး တယောက်ပိုက် တယောက် ကိုင်နေရမယ့်အဖြစ်။

ခွေးပုလဲ လူတွေဆီက သေးတစက်ရဖို့ အဲလောက်ခက်မှန်း ကိုယ်ပိုင်သေးပေါက်ပွဲလုပ်မှ သေချာသိတော့တာ။ သေးနော် သေးတစက်ရဖို့။ ဘီယာတိုက်တာတောင် သေးပြန်ပေါက်မပေးကြတာ။ သွေးဆို စဉ်းစားမနေနဲ့တော့။ အာ့ကြောင့် ဘောမှုထမ်းဥပဒေပြဋ္ဌာန်းပြီး သေနတ်တရမ်းရမ်းနဲ့ အိမ်ထဲဝင်ဆွဲ လမ်းပေါ်တက်ဆွဲ ကားပေါ်ဝင်ဆွဲ လေဆိပ်ဝင်ဆွဲ လှေဆိပ်ဝင်ဆွဲ လုပ်နေရတာလေ။ အခါကြီးရက်ကြီးတွေဆို ပွဲတွေစီစဉ်ပေးပြီး ပွဲအပြန်စောင့်ဖမ်းရတာ။ ပွဲငတ်နေသူက အများသားမဟုတ်လား။ ဆင်းရဲသား ပျော်စရာကလည်း ဒါပဲရှိတာဆိုတော့ ဆင်းရဲအောင် တမင်လုပ်ပြီး ချောင်ပိတ်ရိုက်ရတာပေါ့။ လူပြန်ပေးအမျိုးမျိုး တဖက်က လုပ်သလို  ဘောမှုထမ်းရင် အိမ်ကိုတလ သိန်း ဘယ်နှဆယ် ထောက်ပံ့မယ်ဆိုပြီး လိမ်လည်ခေါ်ယူရတာက တမျိုး၊ ဘောမှု နှစ်နှစ်ထမ်းပြီးရင် ဘယ်အလုပ်မဆို ဝင်လို့ရ၊ ဘယ်နိုင်ငံမဆို သွားလို့ရ၊ ဘယ်ကျောင်းမဆို တက်လို့ရဆိုပြီး အူတူတူတွေကို မြူဆွယ်ရတာက တမျိုးပေါ့လေ။ 

တကယ်တော့ ဘယ်သူ နှစ်နှစ်ပြည့်အောင် ခံမလဲ။ ကချင်မသေ၊ ကရင်သေ၊ ကရင်မသေ ရခိုင်သေ၊ ရခိုင်မသေ ချင်းမှာ‌သေ၊ ချင်းမှာမသေ အညာသေ၊ တသေသေတော့ ညှိရမလေ။ ဟော ခု ဧပြီဆို နှစ်နှစ်ပြည့်တော့မယ်၊ ဒီလောက် သေတွင်းပို့နေတဲ့ကြားက မသေဘဲကျန်သူတယောက်တလေနဲ့ ဒုက္ခိတတချို့ ထွက်ဖို့ပြင်နေကြပြီ ဆိုတော့ ဘွဲ့ရစာရင်းလုပ်ရပြီ။ နောက်တမျိုး ရပ်ကွက်ထဲဆင်း အကြပ်အတင်း ထပ်ဗျင်းဖို့လိုပြီလေ။ တပ်သားကကုန်သလောက်ရှိ အဲ လိုသလောက်ရပြီဆိုတော့ အရာရှိလိုပြီ မဟုတ်လား။ အေးလေ သေးတောင် ပေါက်မပေးနိုင်တာ သွေးရှာရတာ ဘယ်လောက် ရက်စက်ယုတ်မာ ကောက်ကျစ်ညစ်ပတ်လိမ်လည်လှည့်ဖြားရမယ်ဆိုတာ တွက်သာကြည့်ပေတော့။ ဘယ်သူက အချောင်သွေးမြေကျခံမတုံး။ ဘယ်သူက အချောင် ခွေးမိသားစုတွေအတွက် အသက် အသေခံကြမတုံး။

မြို့သိမ်း တပ်သိမ်းတွေ တဂျိမ်းဂျိမ်းနဲ့ သေးစီးကြောင်းတကြောင်းတောင် ကောင်းကောင်းမရပါဘူးဆို နှစ်သစ်ကူးတာနဲ့ စောချစ်သူဆိုတဲ့ငနဲက ဇစ်ဖြဲပြပြီ။ စစ်တပ်လက်အောက်ခံအဖြစ်နဲ့ နယ်ခြားမစောင့်တော့ဘူးတဲ့လေ၊ ကရင်မျိုးပဲ စောင့်တော့မတဲ့။ သူ့ကုမ္ပဏီ ချစ်လင်းမြိုင်ကို အမည်ပျက်စာရင်း ပယ်ဖျက်ပေးလိုက်ကာရှိသေး၊ ဒင်းက ပမာမခန့်လုပ်ပြီ။ ဒီကောင်ကို မြန်မြန်ကျားစာကျွေးမှ ဖြစ်တော့မယ်။ မဟုတ်ရင် DKBA တွေပါ ရောင့်တက်လာတော့မယ်။  

အဲဒီကနေ တနွယ်ငင် တစင်ပါ ပြည်သူ့စစ်မှန်သမျှ ဘက်တံဆိပ်ခွာကုန်ရင် အခက်။ သူ့ထက် ဇစ်ဖြဲပြချင်တာက တပ်ထဲကကောင်တွေ။ ဘုံပျောက် ရုံပျောက် ခွာပျောက် ယာပျောက်ကောင်တွေ။ ဒီကောင်တွေရန်က တမျိုး။ အရပ်သားအစိုးရ ပြောင်းချိန် တမုန်းထိုးချမယ့်ကောင်တွေ။ မုဆိုးမတိုင်းကလည်း တုတ်ထိုးချချင်နေကြ။ အဖမဲ့တွေက‌လည်း သမမယ့်ဟာတွေချည်း။ အကျိုးကုန်းကလည်း အမျိုးတုံး လုပ်ချင်နေကြတာ။ ခုဆို တဖြည်းဖြည်းနဲ့ လေတပ်မိသားစု ဆိုတာ တတိုင်းပြည်လုံးက ဘယ်နားတွေ့တွေ့ သေနတ်နဲ့တေ့ ဓားနဲ့ ပွေ့ကြတော့မယ့် အခြေဆိုက်။ စစ်တပ်တခုလုံး ကြံ့ဖွတ်သန်းဌေး လုပ်ခဲ့တဲ့ သံလမ်းမဲ့ဘူတာတွေဖြစ်။ သူကတော့ ဒစ်လည်တာနဲ့ လစ်မယ်လေ။ နိုင်ငံအနှံ့ မြေဝယ်ထားပြီးသား။ ထိုင်းမှာတောင် ကွန်ဒိုတွေ အများကြီး။ 

MNDAA နဲ့ကလည်း ညှိမရ နှိုင်းမရတာတွေ အများကြီး။ TNLA ကလည်း အားမွေး ဓားသွေးနေတာ။ တပ်တွေ ညီညွတ်မှာ အကြောက်ဆုံးပါဆို SRA ဆိုတာကလည်း လာပြီ။ NUG ကလည်း နိုင်ငံရေးဦးဆောင်မှုအထိ တိုင်းရင်းသားခေါင်းဆောင်တွေ ပါလာနိုင်အောင် ခင်းကျင်းနေပြီ။ ချင်းဘရားသားတွေ နှစ်နှစ်ပြည့်မှာ ဗိုလ်ချုပ်ဂွမ်မော်ကလည်း ညီညီညွတ်ညွတ်ဆော်ဖို့ ပြောပြီ။

ငပုအဖို့ သေးတစ်ပြီး သေးနှစ် သေးသုံးတွေနဲ့ သေးဆက်သောက်ရဖို့တော့ မသေချာတော့။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar