Breaking News

လင်းလက်နွေဦး - X16 နဲ့ ကျော်ပေးပါ

လင်းလက်နွေဦး - X16 နဲ့ ကျော်ပေးပါ

မိုးမခ ၊ ဇန်နဝါရီ ၂၅ ၊ ၂၀၂၆

 

တစ်ချက်တည်း ပစ်လိုက်တာပါပဲ

ငါ့မှာသာ အခါခါ သေလို့။


ကြီးသွားတဲ့ ငါးတွေကော

လွတ်မတဲ့လား။


အနက်ဆုံးတွင်းထဲ လိမ့်ကျနေတဲ့ အော်သံတွေ

တွင်းထဲက အော်သံတွေ ပဲ့တင်လှိုက်

ရိုက်တံနဲ့ ထိပ်ဖူးကြားမှာ

ဘဝအမှုန့်တွေ သိပ်သည်း

နွံထဲ တအိအိ နစ်နေပါလား။


"ကျူးဘား တယောက်မှ ထပ်မသေချင်ဘူး"

ချေဂွေဗားရားရဲ့ ရဲဘော်က ရန်သူ့တပ်ထဲ ဝင်ပြောတယ်။


တံဆိပ်တွေ စံချိန်တင် ချိတ်ဆွဲထားသူရဲ့

ရင်ဘတ်မှာတော့

"ငါတကော" သာ ပုတီးလုပ်ဆွဲထားရဲ့။


သက်ဆိုးတွေက ရှည်တယ်

ဗင်နီးဇွဲလားပဲ ဖြစ်လိုက်ချင်တော့တယ်။


(CD ချပ်က ဟောင်းနေပြီဆိုတော့ FF X16 လောက်နဲ့ပဲ ရှေ့ကို ကျော်နိုင်မယ် မဟုတ်လား)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar