အန်ကယ် တူမီး - အမှောင်ထဲက နေ့စဉ်မှတ်တမ်း
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆၃ )
(မိုးမခ) မတ် ၃ ၊ ၂၀၂၆
အမှောင်ထဲက နေ့စဉ်မှတ်တမ်း
စုတ်တံထိပ်ဖျားက အဖြူရောင် ဆေးတစ်စက်
သံတိုင်တွေ၊ နံရံတွေ၊ မီးခိုးရောင် သတင်းစာတွေနဲ့အတူ
ငါ့ခန္ဓာလည်း အိုဟောင်းခဲ့ပြီ။
ဒဏ်ရာအသစ်တွေကတော့
ငါ့နှလုံးသားကို နှုတ်ခမ်းကြမ်းကြမ်းကြီးတွေနဲ့ နမ်းနေကြတုန်း။
လူမှုကွန်ရက်ပေါ်က သွေးအလိမ်းလိမ်းနဲ့ အော်သံတွေကြောင့်
ငါ့လက်တွေ တုန်ခါနေတယ်။
အဖြူရောင်ဆေးတစ်စက်အတွက်
လင်းလက်တဲ့ နေရာ
ကောင်းကင်မဲကြီးပေါ်မှာ
ငါ ရှာနေဆဲပါ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar