Breaking News

အန်ကယ် တူမီး - အမှောင်ထဲက နေ့စဉ်မှတ်တမ်း


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၆၃ )

(မိုးမခ) မတ် ၃ ၊ ၂၀၂၆



အမှောင်ထဲက နေ့စဉ်မှတ်တမ်း

​စုတ်တံထိပ်ဖျားက အဖြူရောင် ဆေးတစ်စက်

သံတိုင်တွေ၊ နံရံတွေ၊ မီးခိုးရောင် သတင်းစာတွေနဲ့အတူ 

ငါ့ခန္ဓာလည်း အိုဟောင်းခဲ့ပြီ။

ဒဏ်ရာအသစ်တွေကတော့

ငါ့နှလုံးသားကို နှုတ်ခမ်းကြမ်းကြမ်းကြီးတွေနဲ့ နမ်းနေကြတုန်း။

လူမှုကွန်ရက်ပေါ်က သွေးအလိမ်းလိမ်းနဲ့ အော်သံတွေကြောင့် 

ငါ့လက်တွေ တုန်ခါနေတယ်။

အဖြူရောင်ဆေးတစ်စက်အတွက်

လင်းလက်တဲ့ နေရာ

ကောင်းကင်မဲကြီးပေါ်မှာ

ငါ ရှာနေဆဲပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar