Breaking News

ဟာရှိန်း - ပဲ့ကြွေ


Art - Aung Htet
ပဲ့ကြွေ
ဟာရှိန်း
(မိုးမခ) မတ် ၂၀၊ ၂၀၂၆

မိအိုဖအိုတွေက
ရွှေထမ်းလာမယ့် လမ်းကိုမျှော်လို့။

ချစ်သူ ခင်သူတွေက
သပြေညိုတွေ ချိုးလို့။

ညီငယ်နှမငယ်တွေက
စွန့်စားခန်းဇာတ်လမ်းတွေ အိပ်ရာဝင်နားထောင်မလို့။

အကိုကြီး အမကြီးတွေက
ခေတ်ဟောင်းပုံပြင်တွေကြား ကျေနပ်စွာပြုံးမလို့။

တောင်တန်းတွေကတော့
​ရှေ့ကို မျှော်မှန်းလို့တဲ့။

လမ်းဟာ ကွေးကောက်
မြစ်ဟာ ကွေ့ကောက်
တိမ်ဟာ တွန့်ခေါက်
အခုရွာနေတာ အငွေ့ပျံ အသက်မျက်ရည်တွေ။

မျှော်နေသူအားလုံး
မင့်အတွေ့ကို ကိုယ်စီကြုံခဲ့ကြရပုံပါပဲ။

မတ်ချ်၊၂၀၂၆။
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia 
#WhatsHappeningInMyanmar