Breaking News

ကိုအောင်မှိုင်း - ပင်လယ်နီဟာ သေနင်္ဂဗျူဟာအရ အရေးပါလာလိမ့်မယ်

ကိုအောင်မှိုင်း - ပင်လယ်နီဟာ သေနင်္ဂဗျူဟာအရ အရေးပါလာလိမ့်မယ်

မိုးမခ ၊ ဧပြီ ၈ ၊ ၂၀၂၆


ပင်လယ်နီရဲ့ ပထဝီဝင်အနေအထား

ပင်လယ်နီဟာ အရှေ့မြောက်ဘက် အာရှဘက်ခြမ်း အာရပ်ကျွန်းဆွယ်နဲ့ အနောက်တောင်ဘက် အာဖရိကတို့ကြားမှာ တည်ရှိတဲ့ ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ပင်လယ်နီဟာ ၁၄၀၀ မိုင်ခန့် ရှည်လျားသော်လည်း အကျယ်မှာ ၂၂၁ မိုင်ခန့်သာ ရှိပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၆၉,၀၀၀ ဖြစ်ပြီး အနက်ဆုံးနေရာဟာ ၉၉၇၀ ပေ ရှိပါတယ်။ ပျမ်းမျှအနက်မှာ ၁၆၀၈ ပေ ဖြစ်ပြီး မြောက်ဘက်အကျဆုံး အပူပိုင်းဒေသ ပင်လယ်လည်း ဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်တွင် ဥရောပဒေသ မြေထဲပင်လယ်ကနေ ပင်လယ်နီသို့ သွားလာနိုင်တဲ့ စူးအက်တူးမြောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး Red Sea ဟာ ဥရောပနဲ့ အာရှအရှေ့ဘက် ကုန်သွယ်မှုမှာ အဓိကကျတဲ့ ရေလမ်းကြောင်း ဖြစ်လာခဲ့ပါတယ်။

ပင်လယ်နီဒေသရှိ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ အီဂျစ်မှ ဆူးအက်တူးမြောင်း (Suez Canal)၊ Al Quşayr၊ ဆူဒန်မှ Sawākin၊ အီသီယိုပီးယားမှ Massawa၊ ဆော်ဒီအာရေဗျမှ Jiddah၊ ယီမင်မှ Al Ḩudaydah နှင့် Mocha ဆိပ်ကမ်းများ ဖြစ်ကြပါတယ်။ ပင်လယ်နီဟာ Suez Canal ကို ချိတ်ဆက်ထားတဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး၊ ဥရောပ၊ အာရှ၊ အာဖရိကကြား ကုန်ပစ္စည်းတွေ အများဆုံးသွားလာရာဒေသ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ မတည်ငြိမ်မှုရှိလာရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို တိုက်ရိုက်ထိခိုက်နိုင်မှာ သေချာပါတယ်။

အီရန်ရဲ့ သြဇာလွှမ်းမိုးမှု (Proxy Influence) က ပင်လယ်နီ (Red Sea) မှာ တိုက်ရိုက်မရှိပေမဲ့ ဟူသီ (Houthis - ယီမင်နိုင်ငံတွင် အခြေပြု) တွေကို သြဇာသက်ရောက်မှုရှိနေတာကတော့ သေချာပါတယ်။ တကယ်လို့သာ ပင်လယ်နီဟာ အရေးပါဆုံး chokepoint တခုဖြစ်လာလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ အမေရိကန်ဟာ စစ်တပ်တွေ တိုးချဲ့ပို့နေရပြီ ဖြစ်သလို စစ်မျက်နှာ ၂ ခု၊ ဒါမှမဟုတ် တပြိုင်နက် ၃ ခုလောက်ကို ရင်ဆိုင်ရမယ်ဆိုရင် ရေနံစွမ်းအင်လုံခြုံရေးကို ထိခိုက်မှုကြီးကြီးမားမား ဖြစ်လာမှာ သေချာပါတယ်။

တဆင့်ခံစစ်ပွဲများ (Proxy Wars)

အီရန် Strategy က Houthis နဲ့ Red Sea ကို Proxy အဖြစ်၎င်း၊ Hormuz ကို Direct choke အဖြစ်၎င်း အကွက်ရွှေ့လိမ့်မယ်လို့ ခန့်မှန်းတယ်။ တကယ်လို့ ဒီစစ်ပွဲကို အမေရိကန်က ဆက်တိုက်မယ်ဆိုရင် NATO နဲ့ အမေရိကန်ကြား ပြဿနာအကြီးကြီးနဲ့ ကြုံရလိမ့်မယ်။ စစ်သားတွေအများအပြား တိုက်ပွဲဂွင်ထဲသွင်းမယ်ဆိုရင် စစ်ပွဲဟာ ရေရှည်လိမ့်မယ်။ နိုင်ငံရေးအရဖြစ်စေ စီးပွားရေးအရဖြစ်စေ မညှိနှိုင်းနိုင်ရင် ပျက်စီးမှုပမာဏ သိပ်ကြီးလိမ့်မယ်။

"ဒီလို စိုးရိမ်စရာကောင်းတဲ့ ကြွေးမြီ ကြီးထွားနှုန်းကို ကျွန်တော်တို့ ဝန်ခံရမှာပါပဲ၊ ဒါဟာ နောက်မျိုးဆက်တွေရဲ့ ပခုံးပေါ် ကြီးမားတဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်တာပါပဲ" လို့ Peter G. Peterson ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအို မိုက်ကယ် ပီတာဆန်က ပြောခဲ့ပါတယ်။ "အခု မြင့်မားနေတဲ့နှုန်းအတိုင်းဆိုရင် ဒီဆောင်းဦးပေါက် ရွေးကောက်ပွဲ မတိုင်ခင်မှာတင် နိုင်ငံတော်ကြွေးမြီဟာ ထိတ်လန့်စရာကောင်းတဲ့ ဒေါ်လာ ၄၀ ထရီလီယံအထိ ရောက်သွားပါလိမ့်မယ်။ ဘယ်လို စီမံချက်မှမရှိဘဲ ဒီလောက်မြန်တဲ့နှုန်းနဲ့ ထရီလီယံပေါင်းများစွာ ချေးယူနေတာဟာ ရေရှည်မရပ်တည်နိုင်မယ့် လုပ်ရပ်ပါပဲ" ဟု ပီတာဆန်က သတိပေးပြောခဲ့တာ တွေ့ရပါတယ်။

ဒီစစ်ပွဲ ရေရှည်ရင် အီရန်ဟာ သေချာပေါက် သူ့ကွန်ရက်တွေကို အသုံးချလိမ့်မယ်။ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာစခန်းတွေကိုလည်း တိုက်ခိုက်နေတာကြောင့် စစ်ပွဲနယ်မြေက ပိုကျယ်လာပါတယ်။ သံတမန်ရေးအရလည်း တပြိုင်နက်တည်း ကြိုးပမ်းနေကြပါတယ်။ ပါကစ္စတန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ပြီး တီဟီရန်နဲ့ ဝါရှင်တန်ကြား စေ့စပ်ပေးဖို့ ကြိုးစားနေကြပါတယ်။ ပါကစ္စတန်ဟာ နှစ်ဖက်စလုံးနဲ့ အဆက်အသွယ်ရှိနေတာကြောင့် ကြားဝင်စေ့စပ်ပေးသူအဖြစ် ရပ်တည်နေတာပါ။

ခက်တာက အီရန်စစ်ပွဲကို အကြောင်းပြပြီး ရေနံဈေးကစားနေတာကလည်း ကမ္ဘာတခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်စရာ မြင်ကွင်းတွေအဖြစ် တွေ့နေရတယ်။ ပင်တာဂွန်ကလည်း စစ်ပွဲရှည်လာရင် သုံးရမဲ့ ခေတ်မီစစ်လက်နက်တွေကို စိုးရိမ်လာတယ်။ ဆိုလိုချင်တာက လူအသေအပျောက်နည်းချင်ရင် ခေတ်မီစစ်လက်နက်တွေ အလျှံပယ်သုံးရမှာက လက်တွေ့ဘဝပဲ။

အဓိကပြဿနာက အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်ဟာ ဘယ်အထိ ရည်ရွယ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘဲ အီရန်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်နေတာက စိတ်ပျက်စရာအလွန်ကောင်းတယ်လို့ ကျနော်တော့ ဒီစစ်ပွဲအပေါ်  ကြည့်မြင်တယ်။ ရေနံအတွက် စစ်တိုက်တယ်ဆိုရင်တော့ ကမ္ဘာကြီးတခုလုံး အထိနာစေမှာ သေချာပါတယ်။ ဒါကြောင့် ဒီစစ်ပွဲကို ကျနော်တို့ အပြင်းအထန် ဆန့်ကျင်ဖို့ လိုကြောင်းပါဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar