မောင်ဘဦး - ကမ္ဘာမကြေဘူး
မောင်ဘဦး - ကမ္ဘာမကြေဘူး
မိုးမခ ၊ မေ ၁၇ ၊ ၂၀၂၆
ရွာတောင်ပိုင်း အုန်းဒိုင်းဆူ ၊
တလူလူ မီးခိုးတန်း ။
ငေးငေးငူ ငိုင်ငိုင်ငမ်းလို့ ၊
ပုလဲပန်း ဝေဖူး မင့်မျက်နှာ ။
အမြဲတမ်း မကြေဘူး စစ်အာဏာ ။
ညဉ့်မှောင်မှောင် ခရောင်းလမ်းကိုလ ၊
မကြောက်တမ်းမရွံ့တမ်း ပြေးလွှားလိုက်တာ ။
ပေါက်စမ်းပြဲစမ်း ချွေးများပြိုက်ဖြာ ။
ခါးကုန်းဝပ်တွား ကျည်ဆံကြား ၊
နင်းမိုင်းထောင်ထား စစ်ခွေးမိစ္ဆာ။
ခေါင်းပေါ်ကြဲသွား ဗုံးသီးများစွာ ။
ကြောက်လည်းမကြောက် 'ရွေးကောက်ပွဲ' တဲ့ ၊
ရှက်လည်းမရှက် 'သမဒ' တဲ့ဟဲ့ ၊
ဗုံးနဲ့ကြဲချတအုန်းအုန်း ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့အရေး ။
သယံဇာတအကုန်ဖြုန်း မြို့ပြတွေပြန်ရဖို့ 'တလုပ်'ကိုပေး ။
ကြိုးစင်ပို့မှ ကျေနပ်မယ်ဟေ့ ၊
ကြိုးစင်ပို့ဖို့ ညီညွတ်စို့ဟေ့ ၊
ဒို့အပေါ် မတရား အာဏာလုသွားတဲ့ကောင်တွေ ။
သူ့နောက်တော်ပါး ဖော်လံဖားကြတဲ့ကောင်တွေ ။
ငါးနှစ်ရာသီ စာပန်းချီ ၊
ရာသီမမျှတ အပြင်မှာပူ ။
စာစီပြရ ရင်မှာပူ ။
ကမ္ဘာ မကြေဘူး ၊
ရွာတွေဗုံးကြဲ ဆေးခန်းလည်း မရှောင် ၊
ရွာတွေ မီးရှို့ လူသတ်တဲ့ပွဲကြီး ၊
ကလေး လူကြီး မရှောင် အိုနာတောင် မချန် ။
နိုင်ငံပိုင် သယံဇာတတွေဖြုန်း ဒို့ကိုဗုံးကြဲတယ် ။
ဒို့ပိုက်ဆံ ဒို့အခွန်တွေသုံး ဒို့တနိုင်ငံလုံးကို ဖျက်ဆီးတယ် ။
ရွာ့တောင်ပိုင်း အုန်းဒိုင်း ဆူ ၊
တလူလူ မီးခိုးတန်း ။
ငေးငေးငူ ငိုင်ငိုင်ငမ်းလို့ ၊
ပုလဲပန်း ဝေဖူး မင့်မျက်နှာ ။
အမြဲတမ်း မကြေဘူး စစ်အာဏာ ။
(၁၃၈၈ခုနှစ် မဟာသင်္ကြန်ရက်အတွင်း မွေးရပ်ရွာ ဗုံးကြဲခံရခြင်း မမေ့နိုင်၊ မကြေနိုင်ခြင်းများစွာဖြင့်)
နွေဦးတော်လှန်ရေး အောင်မြင်တော့မည် ။
မောင်ဘဦး
(၁၃၈၈-ကဆုန်လပြည့်ကျော် ၈)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar