နန္ဒအောင် - လူမျိုးစု၊ တပ်ပေါင်းစု
လူမျိုးစု၊ တပ်ပေါင်းစု
နန္ဒအောင်
(မိုးမခ) မေ ၈၊ ၂၀၂၆
( ၁ ) သီပေါမင်း နန်းကျတဲ့နေ့
(၂) ဆရာတော်ဦးဥတ္တမ ထောင်ကျတဲ့နေ့
(၃) ၁၉၂၀ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားသပိတ်
အမျိုးသားနေ့ကို
ဘယ်နေ့သတ်မှတ်သင့်ကြောင်း အဆိုပြုကြတော့ အဲဒီအကြောင်းအရာ သုံးချက်ကို
အဆိုပြုကြတယ်။ သီပေါမင်း နန်းကျတဲ့နေ့ကို သူရိယ ဦးတုတ်ကြီးက အကြံပေးပြီး၊
ပျဥ်းမနားဘက် အေလာမှ ကိုယ်စားလှယ် ဦးဒွေးက ဆရာတော်ဦးဥတ္တမထောင်ကျတဲ့နေ့ကို သတ်မှတ်ဖို့ အကြံပေး အဆိုပြုကြတယ်။ အဲဒီအကြံပေးချက်တွေကို
ကျောင်းသားသပိတ် ကိုယ်စားလှယ်ဖြစ်တဲ့ ကိုမြင့် ဆိုသူက နန်းကျတဲ့နေ့၊
ထောင်ကျတဲ့နေ့တွေဟာ မင်္ဂလာမရှိဘူး၊ အမင်္ဂလာတွေဖြစ်တယ်လို့ပြောဆိုဆွေးနွေးတယ်။ ကိုမြင့်ကပဲ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်တဲ့ကိစ္စဟာ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို ပထမဆုံးတော်လှန်တဲ့ကိစ္စဖြစ်တယ်၊
အကျကိစ္စမဟုတ်ဘူး အတက်ကိစ္စဖြစ်တယ်ဆိုပြီး အဲဒီနေ့ကို အမျိုးသားနေ့အဖြစ်အသိအမှတ်ပြုဖို့ အဆိုပြုတယ်။ အဲဒီလိုကနေပြီး အား လုံးသိကြတဲ့ ၁၉၂၀
ကျောင်းသားသပိတ်ကြီးကို အစွဲပြုပြီး အမျိုးသားနေ့ကြီး ဖြစ်လာတယ်။
ဒီနေ့
ရန်ကုန်မှာ မဟာဗန္ဓုလလမ်းလို့ ခေါ်ဝေါနေကြတဲ့လမ်းကို အင်္ဂလိပ်ခေတ်က
ဒါလဟိုဇီလမ်းလို့ ခေါ်ကြတယ်။ ဒါလဟိုဇီဆိုတာ မြန်မာတွေနဲ့မစိမ်းဘူး။
မစိမ်းဆို မြန်မာ့သမိုင်းထဲမှာသူရှိနေပါတယ်။ ၁၈၅၂ အင်္ဂလိပ် - မြန်မာ
ဒုတိယစစ်ပွဲကိုစတင်ခဲ့တဲ့ အိန္ဒိယဘုရင်ခံချူပ် ဒါလဟိုဇီဆိုတာသူပဲ။ သူ့ကို
အကြောင်းပြုပြီး ဒါလဟိုဇီလမ်းလို့ခေါ်ကြတယ်။ ဒါလဟိုဇီ ကိုယ်တိုင်မချီးမွမ်းဘဲမနေနိုင်တဲ့ ပုဂ္ဂိုလ်ကတော့ `ဦးမြတ်ထွန်း´ ဖြစ်တယ်။
တကယ်တော့ ဦးမြတ်ထွန်းဟာ ဒါလဟိုဇီတို့တပ်တွေကို အတော်အထိနာစေခဲ့တဲ့
ခေါင်းဆောင်ဖြစ်တယ်လို့ ချီးမွန်းခန်းဖွင့်ထားတယ်။ ရန်ကုန်က
ဦးမြတ်ထွန်းလမ်းဆိုတာ အဲဒီဦးမြတ်ထွန်းကိုအစွဲပြုထားတာလားတော့မသိ။
အမျိုးသားနေ့အဖြစ်အသိအမှတ်ပြုတဲ့ ကျောင်းသားသပိတ်အကြောင်းကတော့ အများသိပြီးသားပါ။အမျိုးသားနေ့
ဆရာကြီးရွှေဥဒေါင်းကတောင်
ဘဝတသက်တာမှတ်တမ်းထဲမှာ ` သူဟာ စာပေမှတပါး နိုင်ငံရေး၌ စိတ်ဝင်စားခြင်းမရှိသေးသည်ဖြစ်၍ ဆရာတော့်အပေါ် စိတ်ဝင်စားမှုလည်း နည်းပါးသည်။ နောက်ပိုင်း
မြန်မာပြည်၌ ဟုမ္မရူးတစ်စခန်းထလာသောအချိန်တွင် အလွန်တန်ခိုးကြီးလှသော
ငယ်ပေါင်း ဆရာတော်ဆို၍ ဖူးတွေ့ရန်ရောက်သွားသောအခါ အစောင့်အကြပ်တွေအထပ်ထပ်နှင့် ပုဂ္ဂိုလ်ကြီးအဆင့်ဆင့်ထံဝင်ခွင့်တောင်းပြီးမှ
ဆရာတော်ရှေ့မှောက်သို့ရောက်ရခြင်းကို ကြုံဖူးကြောင်း၊ ရောက်သွားချိန်၌လည်း
ယခင်ကဆရာကြီးရွှေဥဒေါင်းက သူနှင်ထုတ်ခဲ့မိသောအဖြစ်ကိုသတိရပြီး
ပြုံးခဲ့မိသေးပြီး ဆရာတော်ကတော့ ဘယ်လိုမှသဘောမထားသော အမူအရာမျိုးနဲ့ဆိုတာ ´
ရေးသားဖူးပါတယ်။
ဆရာတော် ဦးဥတ္တမဟာ အိန္ဒိယမှာနှစ်အတန်အကြာနေဖူးပြီ
မဟာရာဇဝင်တော်ကြီးရေးတဲ့ ဦးကုလားဟာလည်း ကုလားမို့လို့ အဲဒီနာမည်တွင်ခဲ့တာဖြစ်ကြောင်း၊
၁၉၂၀ ကျောင်းသားသပိတ်ကိုခေါင်းဆောင်
မြန်မာနိုင်ငံရေးမှာ
စောတယ်လို့ပြောရမယ့် ဝိုင်အမ်ဘီအေလည်း ဖေ၊ ပု၊ ရှိန် (လူငယ်ဂိုဏ်း) နဲ့ တူ၊
သာ၊ သင်း (လူကြီးဂိုဏ်း) ဆိုပြီး သိသိသာသာကွဲသွားတယ်။ ပြီးတော့
ဂျီစီဘီအေဆိုတဲ့ အဖွဲ့အစည်းကြီးကျတော့လည်း ၂၁ ဦးဂျီစီဘီအေနဲ့
ဝံသာနုဂျီစီဘီအေဆိုပြီး ထပ်ကွဲကြတယ်။ ၁၉၂၀ ကျောင်း သားသပိတ်တုန်းကလည်း
လမ်းစဥ်ကနှစ်ခုပါ။
(၁) သပိတ်မှောက်ပြီးမှ လိုရာတောင်းမယ်
(၂) လိုရာတောင်းပြီးမရမှ သပိတ်မှောက်မယ် ဆိုပြီး.. လမ်းစဥ်နှစ်ခု
ထွက်လာတယ်။ ပထမလမ်းစဥ်ကို ရန်ကုန်ကောလိပ်ကျောင်းသား ဦးဘဦးက
ခေါင်းဆောင်တင်ပြပြီး ဒုတိယလမ်းစဥ်ကို နောင်အမျိုး သားပညာဝန်
ဦးဖိုးကျားဖြစ်လာမယ့် ဂျက်ဆင်ကောလိပ်ဘက်က ဦးဖိုးကျားက
ခေါင်းဆောင်တင်ပြတယ်။ မဲခွဲဆုံးဖြတ်ကြတော့ ဦးဘဦးဘက်ကအနိုင်ရပြီး
ဦးဘဦးတို့လမ်းစဥ်အတိုင်း ဦးဖိုးကျားတို့က သပိတ်မှောက်ရာမှာ
ပူးပေါင်းပါဝင်ကြတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေအသင်းအဖွဲ့ကြီးတွေသာ
ကွဲချင်ကွဲမယ်၊ကျောင်းသားသပိတ်က မကွဲခဲ့ဘူး။ ဦးဖိုးကျားတို့က
ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်တဲ့အရှုံးကိုလက်ခံပြီး ဒီမိုကရေစီနည်းအရ
ပူးပေါင်းပါဝင်ကြတယ်။ အဲဒီကျောင်းသားသပိတ်ကနေ
အောင်မြင်သင့်သလောက်အောင်မြင်ခဲ့
အဲဒီတိုက်ပွဲမှာကတည်းက
လူမျိုးစုတွေလည်းပါဝင်ခဲ့တာကို အသိအမှတ်ပြုရမယ်။ တပြိုင်နက်တည်းမှာပဲ
၁၉၂၀ ပြည့်နှစ်နဲ့ ဒီနေ့ကာလဟာ အချိန်ကာလအားဖြင့် နှစ်တစ်ရာကျော်လာခဲ့တာကို
သတိပြုဆင်ခြင်ရမယ်။ သမိုင်းကိုကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အတွေးအခေါ်ကိုပါ
အဲဒီခေတ်ထိခေါ်သွားဖို့လိုတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar