Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၄)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၄)

မိုးမခ ၊ ဇူလိုင် ၁ ၊ ၂၀၂၆


တရုတ်အကြောင်းပြောတဲ့အခါ မြန်မာ့ရွေးကောက်ပွဲဟာ တရုတ်လက်ရာဆိုပြီးတော့ ပြောကြတယ်။ လက်ရာတင်မက ခြေရာပါတွေ့နေတယ်ထားပါတော့။ ငြိမ်းချမ်းရေးအစီအစဉ်တွေကလည်း တရုတ်ခိုင်းတဲ့အတိုင်း လုပ်ရတာလို့ ပြောကြတယ်။ ရုပ်သံလွှင့်အစီအစဉ်တွေတောင် တရုတ် ညွှန်ကြားချက်အတိုင်း သွားနေပြီဆိုတော့ အာဏာသိမ်းတာကပါ တရုတ်အစီအစဉ်လို့ပြောရင် မရဘူးလား။ သူ မခိုင်းဘဲနဲ့ မင်းအောင်လှိုင်က အာဏာသိမ်းရဲပါ့မလား။ အာဏာသိမ်းပြီးစ တရုတ်မီဒီယာနဲ့တွေ့တုန်းက ငလမက ဒီလောက် တော်လှန်ကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလို့ ပြောခဲ့တယ်။ တရုတ်လဲ အဲဒီလို တွက်ခဲ့မှာပေါ့။ သူ့ဆီကလူတွေလဲ မတော်လှန်ကြဘူးဆိုတော့လေ။ အဲဒီမှာ ချုပ်ကိုင်ချေမှုန်းရေး အစီအစဉ်သစ်တချို့ ပြန်ဆွဲတဲ့သဘောပါဘဲ။

အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်နဲ့ စစ်တပ်ကို တရုတ်က ဘယ်လိုကျားကန်ထောက်ပံ့ပေးနေသလဲဆိုတာ လူတိုင်း သိနေတာပဲ။ မအလတို့ကို အာဏာသိမ်းပိုက်ရေးအစီအစဉ်ချပေးသလို ERO တွေကိုလည်းပဲ ကျားဖြန့်ကို အကြောင်းပြပြီးတော့ စစ်တပ်ကို တိုက်ခိုင်းခဲ့တာ အားလုံးမျက်မြင်ပဲမဟုတ်လား။ တရုတ် ဆန့်ကျင်ရေးလုပ်တဲ့ စစ်တပ်ကိုလဲ အပြည့်အဝမယုံတော့ စစ်တပ်က ထောင်သားတွေကို ခြေသံကွင်းခတ် အလုပ်ခိုင်းသလိုမျိုးပေါ့လေ။

ကျားဖြန့် အကြောင်းပြုပြီးတော့ မင်းအောင်လှိုင်စစ်တပ်ကို နားရင်းအုပ်ရုံမဟုတ် နှုတ်သီးဖြတ်ရိုက်ပြလိုက်တာ။ ဒါက ဘာကို ပြောချင်တာလဲဆိုတော့ အနောက်ကို မယိမ်းဖို့၊ ရုရှားကို သြဇာမခံဖို့၊ အိန္ဒိယနဲ့ မပေါင်းဖို့ တရုတ်က အချက်ပြတာဘဲ။ ငါ ခိုင်းတဲ့အတိုင်းပဲ မင်းတို့လုပ်၊ မလုပ်ရင် မင်းတို့တအုပ်လုံး အမြီးပါဖြတ်ခံရမယ်ဆိုပြီးတော့ စစ်တိုင်းလိုက် ဖုတ်ပြလိုက်တာပဲလေ။

ရှမ်းမြောက်စစ်တိုင်းကို ဖြုတ်ပေးလိုက်ရတဲ့ ERO တွေကလည်းပဲ တရုတ် သတ်မှတ်ပေးတဲ့အတိုင်း ထိုက်သင့်တဲ့နယ်မြေတွေ ရယူပြီးတော့ တရုတ် ညွှန်ကြားချက်နဲ့အညီ ကိုယ့်မင်းကိုယ့်ချင်းဆက်လက်အုပ်ချုပ်လုပ်ကိုင်နေထိုင်နေကြရပြီမဟုတ်လား။

အခုတရုတ်က တရုတ်ရဲ့ မြန်မာပြည်အပေါ် ခြယ်လှယ်သိမ်းပိုက်စွက်ဖက် လွှမ်းမိုးနေတာ၊ မြေရှားလက်ဝါးကြီးအုပ်တာတွေကို ထုတ်ဖော်ပြောဆိုနေတဲ့သူတွေကို နှိပ်ကွပ်ဖို့ အစီအစဉ်စလာတယ်။ ဒါကတော့ မြန်မာပြည်အပြင်ဘက်နေတဲ့ ကိုမင်းဇင်ကို မလိမ့်တပတ် ဝေ့လည်ကြောင်ပတ် မဟုတ်တရုတ်ဆိုတဲ့အတိုင်း မဟုတ်မဟတ်နည်းသုံးပြီး ဖိတ်ခေါ်ရင်း ဖမ်းဆီးလိုက်တယ်။ အမေရိကန်မှာ သွားဖမ်းလို့မရတဲ့ အမေရိကန်တယောက်ကိုလဲ မြန်မာပြည်ထဲမှာ တရုတ် ခိုင်းတဲ့အတိုင်း ငလမက ဖမ်းပေးလိုက်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မြေရှားကိစ္စ အသံတိတ်သွားဖို့နဲ့ ISP ရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားရေးပဲ။ တရုတ်အကြောင်း သုတေသနပြု ရေးသားနေတာတွေ ရပ်တန့်သွားဖို့ပဲ။ တစ်နည်းအားဖြင့် ISP လုပ်ငန်းတွေ ရပ်လိုက်တော့လို့ ပြောတာ‌။ ဒီကနေတစ်ဆင့် တရုတ်အကြောင်း ရေးနေ ပြောနေသူတွေကိုခြိမ်းခြောက်တာ‌။ အဲဒီလို ခြိမ်းခြောက်တဲ့ဟာကို ပေါ်ပေါ်ထင်ထင် ပြတဲ့အနေနဲ့ အခု မြန်မာတော်လှန်သူတွေနေကြတဲ့ မဲစောက်မှာ တရုတ်ရဲ့ ရုံးခွဲတခု ဖွင့်လာတယ်။ ဟော ခုဆို တရုတ်ကို ဖုတ်သူတွေကို ပြုတ်သုတ်စားမယ်ဆိုတဲ့ ဥပဒေတောင် ပီကင်းက အဆီတဝင်းဝင်းဘဲကင် အဲလေ ဘဲဖင်ဥပဒေတောင် ထုတ်လုပ်ပြီမဟုတ်လား။

ဒါတွေကို ဒို့မြေ တလက်မမှအကျူးမခံဘူးဆိုတဲ့ တပ်က မသိဘူးလားဆိုရင် သိပါတယ်။ ငလမမိသားစုအာဏာတည်မြဲရေး၊ သူတို့စစ်ခေါင်းဆောင်မိသားစုတွေ ဘဝစိတ်ချရရေးအတွက် တရုတ်ကို အကုန်ထိုးအပ်ပစ်လိုက်တာ အကုန်သိကြပါတယ်။ သိပေမယ့် ကြောက်တယ်လေ။ စစ်တပ်ထဲဝင်ကတည်းက ကြောက်ချေးပန်းအောင် တမင်လုပ်ပြီးပုံသွင်းခံရ၊ တခါ ကိုယ်ကပြန်ပြီး ပြည်သူကို ကြောက်အောင်ပုံပြန်သွင်း၊ ဒီလိုနဲ့ တပ်တွင်း ကိုယ်ကြောက်၊ တပ်ပြင် သူကြောက်အောင်လုပ်ရင်းလုပ်ရင်း အကြောက်တွင်းဆုံးကျသွားပြီး လူအရည်အသွေးပျောက် ခွေးစိတ်ပေါက် သခင်အားရ ကျွန်ပါးဝဘဲ လုပ်တတ်ကြတော့တာကိုး။

တရုတ်အောက် ရောက်တဲ့ ရှမ်းမြောက်မှာဆို တရုတ်ကျောင်းတောင် ဖွင့်နေပြီ။ တရုတ်ငွေ တရုတ်အွန်လိုင်းသုံးတာလောက် မပြောနဲ့၊ တရုတ်ကျောင်းဘဲ တက်နေကြပြီ။ တရုတ်တွေလဲ ထင်သလိုဝင်လာပြီ။ တရုတ်အစီအစဉ်နဲ့ ကျောင်းဖွင့်တာ ဝမ်းသာစရာကောင်းပါတယ်။ ပညာကောင်းကောင်းရတာပေါ့။ ကိုယ့်ဆီလို မတတ်တဲ့သူတွေ သင်ခိုင်းမှာတော့ မဟုတ်ဘူးလေ။ ခုဟာက တရုတ်ရဲ့ ခြယ်လှယ်မှုကို ပြောချင်တာ၊ ပညာရေးလုပ်တာကို ပြောချင်တာမဟုတ်ပါဘူး။ တရုတ်က မူးယစ်ဆေးပြားထုတ်တာကိုပါ ရှင်း‌ပေးရင်တော့ မဆိုးဘူးပေါ့။ အဲဒါကိုပါ လွှမ်းမိုးကြီးစိုးရေးလက်နက်တခုအဖြစ် သုံးနေတာလို့ ပြောရင် ရမယ်ထင်တယ်။ ရှမ်းမြောက်မှာ ဆေးပြားထုတ်ကြတာကလဲ တရုတ်တွေ များတာကိုး။ ကျားဖြန့်နဲ့ ဆေးပြားက တအူထုံ့ဆင်း ညီအကိုရင်းတွေလေ။

လက်ရှိ ကမ္ဘာက သိနေတာက ထိုင်ဝမ်ကို သိမ်းချင်တာ၊ ထိုင်ဝမ်နဲ့ ဝမ်းကန်းထရီး လုပ်ချင်တာ။ ဒါပေမဲ့ သူ တကယ်သိမ်းနေတာက မြန်မာနိုင်ငံ ဖြစ်နေတယ်။ ထိုင်ဝမ်က တရုတ်။ တရုတ် မဟုတ်ဘဲနဲ့ လာသိမ်းနေတာ မြန်မာ ဖြစ်နေတယ်။ ဒါကို စစ်တပ်က အောက်ခြေအရာရှိတွေ၊ အလတ်တန်းစားအရာရှိတွေ နားလည်ဖို့လိုတယ်။ အကြောက်တရား လျှော့ဖို့လိုတာ။ တိုင်းပြည်ပျောက်မှာဘဲ ကြောက်ဖို့ လိုတယ်။ အပေါ်က မအလတွေ ငလမတွေကိုဘဲ ကြောက်နေရမှာမဟုတ်ဖူး။ စစ်ခေါင်းဆောင်တွေကိုဆက်ပြီးကာကွယ်ပေးနေမယ်ဆိုရင် မြန်မာပြည်ကပျောက်သွားမယ်။ မင်းတို့က စစ်တပ်ခေါင်းဆောင်ပိုင်တွေ တိုင်းပြည်ပေါင် ဖဲရိုက်ပစ်‌နေတာကို ရှင်းမပစ်ဘူးဆိုရင် မြန်မာပြည်က ပျောက်သွားတော့မယ်။ မြန်မာပြည် မပျောက်ချင်ရင် အဲ့ကောင်တွေကို ရှင်းပစ်ရမယ်။

တရုတ်ကတော့ သူက ရရင် ယူမှာပေါ့။ ကုန်းတွင်းပိတ်ဖြစ်နေတဲ့ ယူနန်ပြည်နယ်အတွက်၊ လောင်စာဆီ အလွယ်တကူ သယ်ယူနိုင်ဖို့အတွက်၊ ကုန်စည်ပို့ဆောင်သယ်ယူဖြန့်ဖြူးရလွယ်ဖို့အတွက် မြန်မာပြည်ကိုရရင် သူ ယူမှာပေါ့။ သူလဲ ဒီအတွက် ရင်းနှီးမြုပ်နှံထားတာ ကြာပကိုး။ တတိုင်းပြည်လုံး တရုတ် မရှိရင် သွားရေးလာရေး စားရေးဝတ်ရေး နေရေးထိုင်ရေး လုပ်ရေးကိုင်ရေး အကုန်ခက်အောင် လုပ်ထားပြီးပြီကိုး။ အဓိကကတော့ ဗမာပြည် သိမ်းပိုက်နိုင်တဲ့ လမ်းကြောင်းကိုဖွင့်ပေးတာ ခေါင်းမရှိတဲ့စစ်ခေါင်းဆောင်တွေဘဲ။

ဒီကောင်တွေ တိုင်းပြည်ရောင်းစား၊ သူတို့သားသမီးတွေကို အင်တာနေရှင်နယ်စကူးလ်ထား၊ နိုင်ငံခြားတက္ကသိုလ်တွေမှာထား၊ သူတို့မိသားစုတွေအတွက် ပြည်တွင်းမှာ မတရားစီးပွားရေးလုပ်ငန်းတွေ ထောင်ထား၊ တခြားနိုင်ငံတွေမှာ အိုးအိမ်စီးပွားထောင်ထားနိုင်တာဟာ မင်းတို့အောက်ခြေတွေ ကြောက်နေလို့၊ ပေါက်ကရအမိန့်တွေ နာခံနေလို့ဘဲ။ မင်းတို့အောက်ခြေဗိုလ်တွေ၊ တပ်သားတွေ ဖောက်ထွက်ဖို့လိုတယ်။ မင်းတို့ဟာ ပြည်သူကိုဆန့်ကျင်ရင်း တိုက်ခိုက်ရင်း၊ ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ ခုကို မင်းတို့မိသားစုတွေအတွက် အခက်တွေ့လာရပြီ။ မင်းတို့မိသားစုတွေက ဘယ်သွားနေမှာလဲ။ ငါတို့က တိုင်းပြည်ကို ကာကွယ်တယ်ဘာညာ လျှောက်ပြောမနေပါနဲ့။ ကိုယ့်မိသားစုက ဘယ်သွားနေမှာလဲ၊ မင်းတို့ စဉ်းစားဖို့ လိုတယ်။ မင်းတို့ဟာ မတရားအမိန့်တွေ နာခံနေတော့ မင်းတို့က စစ်သား မဟုတ်တော့ဘူး၊ လူသတ်သမား ဖြစ်နေပြီ။ မုဒိမ်းသမား ဖြစ်နေပြီ။ မီးရှို့ ပစ္စည်းလု ရာဇဝတ်မှုတွေ မပြတ်တမ်း လုပ်နေကြတဲ့ ရာဇဝတ်သမားတွေ ဖြစ်နေပြီ။

ဒီနေ့ မင်းအောင်လှိုင် ဘာလုပ်နေလဲ၊ မင်းတို့ သိပါတယ်။ မင်းတို့ ချေးစားတာမှ မဟုတ်တာ။ မင်းတို့ကိုခွေးလို့ ပြောနေပေမယ့်လို့ ချေးစားနေကြတာမှ မဟုတ်တာ။ မင်းတို့က သခင့်လက်ကို ပြန်ကိုက်လို့၊ ကျွေးတဲ့လက်ကို ပြန်ကိုက်လို့သာ မင်းတို့ကို ခွေးလို့ပြောနေတာ။ မင်းတို့ကတော့ ခွေးမဟုတ်သေးဘူးလေ။ ဘောင်းဘီကျွတ် ဘောင်းဘီဝတ်စစ်ခေါင်းဆောင်ပိုင်းတွေကတော့ ခွေးဖြစ်သွားပြီ။ အမြီးတွေလည်း ထွက်နေပြီ။ အစွယ်တွေလည်း ပေါက်နေပြီ။‌ လေးဘက်ထောက်နေပြီ။ ဒီကောင်တွေက ခွေးဖြစ်သွားပြီ။ ခွေးတောင် ခွေးရူးအဆင့်။ မအေနှမတောင် တော်သလင်းကျရင် ပြန်ချနေတယ်။ အဖေတွေ အကိုတွေ ညီတွေနားမလည်ဘူး၊ တော်သလင်းမှာ ဂိုးသွင်းရဖို့အရေး ခွေးမှန်သမျှကို ကိုက်နေပြီ။ မင်းတို့တွေကတော့ ခွေးမဖြစ်သေးဘူး။ မဖြစ်ချင်လဲ ရတယ်၊ ဖြစ်ချင်လဲ ရတယ်။ ခွေးမလုပ်ချင်ရတယ်၊ ခွေးလုပ်ချင်လဲ ရတယ်ဆိုတဲ့ အခြေအနေမှာ ရောက်နေတယ်။ လမ်းပေါ်က ခွေးဆိုးတွေရှင်းပစ်ပြီး တော်လှန်သူတွေနဲ့ ပေါင်းလိုက်ရင် လူမှလူပေါ့။ မဟုတ်ရင် တိုင်းပြည်က လစ်သွားတော့မယ်။ လူငယ်လဲ ကုန်ပြီ။ မိအို ဖအို မုဆိုးမ ဒုက္ခိတ လူမမယ်၊ လူမိုက်‌တွေ အချောင်သမားတွေ ဆန်ကုန်မြေလေးတွေ ပုံနေပြီ။ အဲဒါတွေနဲ့ တိုင်းပြည်ကို မကာကွယ်နိုင်တော့ဘူး။ တရုတ်မှ မဟုတ်ဘူး၊ ဘယ်နယ်စပ်မှ မြေပုံမှန်အတိုင်းလည်း မရှိတော့ဘူး။

နောက်ဆုံး စောက်ကြောက်မပြေဘဲ စောက်ချိုးမပြင်ရင် တပ်ရင်းမှူးကစ ရှင်းပစ်ရမယ်။ အမှန်ကတော့ တိုင်းမှူးလောက်က စရမှာ။ မဟုတ်ဘူးဆိုရင် တိုင်းပြည်က တရုတ်နာမည်တစ်ခုနဲ့ တရုတ်ရဲ့ ပြည်နယ် ဖြစ်လာလိမ့်မယ်။

တကယ်တော့ နေဝင်း၊ သန်းရွှေ၊ မင်းအောင်လှိုင်တို့အုပ်စုက‌ ကောင်တွေအကုန်လုံး တိုင်းပြည်ကို ငယ်ပါနဲ့ထိုး‌၊ မွေးရာပါနဲ့ ပွတ်နေတဲ့ကောင်တွေ ကောင်မတွေချည်းပါဘဲ။ တခါတလေ ‌သူတို့ကခေါင်းလုပ်ပြီး ဖာခံခိုင်းလိုက်သေးတာ။ ဒီကောင်တွေက တိုင်းပြည်ရဲ့ ခုခံအား ထောက်ကန်အား လှုပ်ရှားအားတွေကို ဖျက်ဆီးပစ်နေတဲ့ ဗိုင်းရပ်စ်တွေပါဘဲ။ ဘာမှမဟုတ်ဘူးကွာ၊ ဘာဆောက်တန်ဖိုးမှ မရှိဘူး။ မင်းတို့ အသက်တွေ ဘဝတွေ ရင်းပြီး ကာကွယ်ပေးနေစရာ အကြောင်း ဘာမှရှိဘူး။ မင်းတို့တွေတင် ရင်းရတာ မဟုတ်ဘူး၊ မင်းတို့မိသားစုတွေ၊ မင်းတို့ သားသမီးတွေဘဝ အကုန်ရင်းရတာ။ တန်လား။ သိပ်တန်လား။ အောင်ပြည့်စုံ ဘာလုပ်နေလဲ၊ မင်းတို့သိတာပေါ့။ ခင်သီရိသက်မွန် ဘာလုပ်နေလဲ၊ မင်းတို့ သိတာပေါ့။ သူ့မြေးမတွေ ဘယ်လိုနေလဲ၊ မင်းတို့က‌လေးတွေရော၊ တခြားပြည်သူတွေရဲ့ ကလေးတွေရော ဘယ်လိုနေနေကြရလဲ။ ဗုံးအောက် ကျည်အောက်မှာချည်းမဟုတ်လား။ ကျန်တဲ့ အမြီးရှည်ရှည်အကောင်တွေရဲ့ သားသမီးတိုင်း၊ ခရိုနီတွေရဲ့သားသမီးတိုင်း ဘာလုပ်နေတာလဲ၊ ဘယ်လောက် မတရားချမ်းသာ‌နေကြလဲ၊ မင်းတို့ သိနေတာပဲ။ ဒေါ်လာတွေ ခင်းပြီးတော့ သူတို့သားသမီးတွေ အိပ်ချင်တဲ့သူနဲ့အိပ်ဖို့၊ စားချင်တာ စားဖို့၊ သွားချင်တာသွားဖို့၊ ကဲချင်သလောက် ကဲဖို့ မင်းတို့အသက်တွေ ဘဝတွေ၊ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေ ရင်းထားရတာ မဟုတ်လား။

ဒီကောင်တွေက ချီးလောက်သေးလောက်တောင် တိုင်းပြည်အပေါ်ရော မင်းတို့အပေါ်ရော တန်ဖိုးထားလို့လား။ သူတို့အတွက် သေတဲ့အထိ တိုက်ပေးရင်ပေး၊ မင်းတို့ သုံ့ပန်းဖြစ်နေရင်ကို လိုက်ဗုံးကြဲသတ်တယ်လေ။ မင်းတို့ သေသွားတော့ မင်းတို့မိသားစုအတွက် အသက်အာမခံကြေး ရှောရှောရှူရှူ ထုတ်မပေးဘူး။ ပြည့်ပြည့်ဝဝမပေးဘူး။ တပ်ထဲက ခွေးမောင်းသလို မောင်းထုတ်လိုက်တယ် မဟုတ်လား။ အဲဒီမှာ မိသားစုပါ ခွေးဖြစ်တာကြည့်။ ကျန်ရစ်သူမိသားစုက သောင်ပြင်လွှတ်တဲ့ခွေးဖြစ်။ အဲဒီကောင်ကို မင်းတို့က အသက်အာမခံကြေးသွင်းပြီး အသေခံတိုက်ပေးရတာမဟုတ်လား။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar