Breaking News

မောင်နွေနှောင်း‎ - မျှော်လင့်ခြင်း

Art- KT#
 
မျှော်လင့်ခြင်း
မောင်နွေနှောင်း‎
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၆


‎ရေဒီယိုက မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ချိန်
‎တချို့...တချို့သောဘဝတွေက
‎အိပ်ဆောင်ဖွင့်ချိန်ဆိုတဲ့ ငှက်ဆိုးထိုးသံနဲ့နိုးထ
‎အုတ်ရိုးပေါ် က "လ" ကိုယ်ထင်ပြတော့
‎နုပျိုလှပ ငယ်ဘဝတွေကို
‎သက်တန့်ရောင်စုံ ချယ်မိတော့
‎အမှန်တရား က အုတ်ရိုးအပြင်ဖက်မှာ
‎အခါခါကျရှုံးလို့။

‎Government Yard က ရက်.100
‎ငြိမ်းချမ်းရေးလို့ အော်လိုက်တော့
‎ငါတို့ ရွာလယ်လမ်းလေး မီးတွေလောင်လို့
‎ပြာပုံကြားထဲ သားပျောက် ရှာတဲ့မိခင်တွေ
‎ပြာပုံကြားထဲ သမီးပျောက်ရှာတဲ့ ဖခင်တွေ
‎ပြာပုံကြားထဲ အမိပျောက်ရှာတဲ့သားတွေ
‎ပြာပုံကြားထဲ အဖပျောက်ရှာတဲ့သမီးတွေ
‎ဖက်ဆစ်သရဲတွေ ပတ်လည်ဝိုင်းပါလို့...
‎ဖက်ဆစ်သရဲတွေ ပတ်လည်ဝိုင်းပါလို့....
‎လူငယ်တွေ အလုပ်အကိုင်ကို မရွေး
‎သေနတ်ကို ရွေးခဲ့ကြပြီး
‎အခုတော့...
‎နိုင်ငံတော် မျက်ဝန်းမှာမျက်ရည်စတွေနဲ့
‎မြို့ပြမာကျူရီ မီးရောင်အောက်
‎ငြိမ်းချမ်းမှုတွေပျောက် တိတ်ဆိတ်မှုတွေမင်းမူ
‎အညာက ဆောင်းလည်း မီးခိုးငွေ့တွေအူလို့
‎ဝေး....ဝေး...တရားမျှတမှုတွေ ဝေး
‎ဝေး...ဝေး...ငြိမ်းချမ်းမှုတွေ ဝေး....
‎အခုတော့.....
‎တရားမဲ့မှုတွေ ကြား
‎မျှော်လင့်ခြင်းနှင်းဆီတွေ ရဲရဲပွင့်လို့
‎ဟေး.…..မိတ်ဆွေတို့ရေ
‎အမှောင်ဆုံးညရဲ့နောက်မှာ နေရောင်ခြည်ရှိတယ်။

‎ပြာပုံထဲမှာ ပန်းပွင့်နိုင်တယ်။
‎နှလုံးသား မကျိုးပဲ့သရွေ့
‎မျှော်လင့်ခြင်းဟာ ရှင်သန်နိုင်တယ်။

‎‎- 
 
 Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar