Breaking News

မောင်နွေထက် - ငါ့ကဗျာနိုင်ငံတော်သစ်

Image- Credit 
ငါ့ကဗျာနိုင်ငံတော်သစ်
မောင်နွေထက်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၆

ငါ့ ကဗျာ နိုင်ငံတော်အတွက်
ငါ့ ဘဝကို ငါ ‌စတေး
ငါ့ အသက်သွေးနဲ့ ရေးတယ်

ငါ့ ဝိညာဉ်က 
မိုင်သုံးထောင်ကျော်အဝေးမှာ မရှိ
မိုင်ပေါင်းကုဋေအလွန်မှာ မရှိ
မိုးကုပ်စက်ဝိုင်းမှာ မရှိ
စကြဝဠာမှာ မရှိ
ကိုယ်လွတ်ရုန်း ထွက်ပြေးရာမရှာ မရှိ
ကျည်ကွယ် မျက်ကွယ်မှာ မရှိ
အရေခြုံ‌ ငွေကုန်ကူးသူတွေကြားမှာ မရှိ
အတ္တဆူးတောင်ပေါက်နေတဲ့
အခွင့်ထူးခံလူညံ့တွေကြားမှာ မရှိ

ငါနဲ့ ငါများ ငါ့အသွေးအသား
ငါ့ မဟာပြည်သူတွေရဲ့ ဒုက္ခဆိုးအိုင်ကြီးထဲမှာ 
ငါ နောက်မဆုတ်တမ်း
ဒိုးတူဘောင်ဘက် အတူဖြတ်သန်း 

ငါ့ နိုင်ငံတော်သစ်
ပန်းပွင့်ကောင်းကင်လမ်းဆီ
လာပြီ

ငါ့ ဝိညာဉ်ထဲက မဟာအလင်းတွေ
နေရောင် လရောင်လက်လက်ထိန် လင်းနေဆဲ
မနက်ခင်းအပြာ
ငါ့ ချစ်သူတွေနဲ့ငြိမ်းချမ်းရေးခေတ်
နှစ်ပေါင်းကုဋေတည်
အဆန်လမ်းထဲကမျိုးဆက်သစ်တွေဆီလက်ဆင့်ကမ်း
လွတ်မြောက်ရာလမ်းဆီ
သံပြိုင်တေးသစ်သီ
လာပြီ

၈ ရက် ဇူလိုင် ၂၀၂၆
ဗုဒ္ဓဟူးနေ့ 
 
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar