Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၇)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၇)

မိုးမခ ၊ ဩဂုတ် ၃၀ ၊ ၂၀၂၆

 

ခု ဘယ်လာရုလည်း တပ်ပျက်စပြုပြီ။ တရုတ်ကတော့ မပြောနဲ့။ မုန်တိုင်းတွေ ကန်ထရိုက်ရပြီး ခေါင်းကို မဖော်နိုင်တော့တာ။ မုန်တိုင်းတလုံးရဲ့ မိုးမှမရပ်သေးဘူး၊ နောက်တလုံးက တံခါးခေါက်နေပြီ။ တချို့မုန်တိုင်းများဆို အလှည့်လုနေသလားတောင် ထင်ရ။ သူနဲ့ရုရှားက မအလတို့ ခွေးတအုပ်ရဲ့ ပင်မဒေါက်တိုင်ကြီးမဟုတ်လား။ ရုရှားမှာ သူတို့နှစ်နိုင်ငံပေါင်း တည်နေတဲ့ ဓာတုစက်ရုံကြီးတခုဆို စက်ရုံလည်ပတ်ခါနီးမှ မအလငရဲမီး မြေကြီးထဲက ရုတ်တရက်ထွက်လာပြီး ထတောက်တာ၊ ပလုံ ဇွပ် ဘယ်ဟုတ်မလဲ၊ အုံး ဂွမ်းဆို နှစ်ပေါင်းများစွာ ဘီလျံပေါင်းများစွာ လူပေါင်းများစွာ done ကရော။ ယူကရိန်း‌ဒရုန်း‌ထက်သေချာတဲ့ မအလ ငရဲမီးဒရုန်းဒဏ် ခံရတာ။ ခုဆို ရှီကျင့်ဖျင်ခမျာ ရှိတဲ့ဆည်တွေ မကျိုးဖို့ မိုးနတ်မင်းကို ကန်တော့ပွဲထိုး ရှိခိုးတောင်းပန်နေရပြီလေ။ မအလနဲ့ ဆက်ဆံရေးအမြစ်မဖြတ် မြန်မာပြည်သူကို ဝိုင်းသတ်နေရင်တော့ ဆည်တွေလဲ ဆယ်နိုင်တော့မယ်မဟုတ်၊ ရေမြုပ်နိုင်ငံအဖြစ် သမိုင်းသစ်အရေးခံရတော့မှာ သေချာ။

နောက်ထပ်လာမှာက ဗီယက်နာမ်။ နဂိုကထဲက ဗီယက်တဲ၊ မိုင်တဲလုပ်ပြီး မအလနဲ့ ခွေးအုပ်စုကို ပံ့ပိုးထားတဲ့နိုင်ငံ။ သူလဲဘဲ တနေ့ ဒုက္ခနဲ့ လှလှကြီးတွေ့အုံးမှာ။ ငလမနဲ့ လက်ဆွဲနှုတ်ဆက်ပြီးရင် ကြောင်ချီးနံ့နဲ့ သွေးညှီနံ့ရောနေတဲ့ မိစ္ဆာ လဒ မီးညှော်နံ့ကြီး စွဲနေတော့မှာ။ ခုကို တရုတ်မှာ နာရာပြီး ဝင်လာတဲ့ ဆူဒဲလ်မုန်တိုင်းက ဗီယက်နာမ်နဲ့ လာအိုကို နှုတ်ဆက်အုံးမှာတဲ့။

တဖြည်းဖြည်းနဲ့ မအလကတော့ ကမ္ဘာ့ကြောင်ချီး အကောင်ကြီးဖြစ်လာတော့တာပဲ။ ပြည်တွင်းမှာဆို ထိသမျှနံ၊ ‌အန်ကြ အော့ကြ။ ကြောင်ချီးနံ့စွဲ၊ လူထဲမတိုး၊ ဂုဏ်ရည်ညှိုး။ ဘယ်လောက်များ လူ့ဂုဏ်ရည်ညှိုးလည်းဆို မအလစစ်အုပ်စုနဲ့ ပတ်သက်တယ်ဆိုတာနဲ့ကို လူစာရင်းပြုတ်တော့တာ။ လူရည်လူရောင် မွဲတော့တာ။ တမင်ပတ်သက်တဲ့သူဆို အဖသတ် အဇာတသတ်၊ ဘုရားသတ် ဒေဝဒတ်၊ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးခေါင်းဆောင်တွေသတ် ဂဠုန်စော၊ အဲဒီသုံးယောက်ပေါင်းနဲ့ စိဉ္ဇမာန စပ်ကျပြီးမွေး၊ ခွေးသေးသောက် ကြီးလာတဲ့သူလို့ကို သတ်မှတ်လိုက်တော့တာ။ တကယ့် လူမှုရေးပြစ်ဒဏ်ကြီး သားစဉ်မြေးဆက် ခံပေရော့ပဲ။ ဘယ်လောက်ခံရလဲဆို လူအဖြစ်က ဖယ်ထုတ်ခံရတဲ့အထိ သဘောထားကျတာ။ ထမင်းစားတဲ့သူ မဟုတ်ပါဘူးထိပေါ့။ စစ်အုပ်စုနဲ့မို့ တမင်တကာ ပတ်သက်ပြီဆို ဒါ ဓမ္မကို ကျောခိုင်းပြီဘဲ၊ ကျောခိုင်းပြီဆိုတာ တိရစ္ဆာန်ဖြစ်ပြီလို့ပြောတာ။ ကျောပြားနဲ့ အလျားလိုက်သတ္တဝါပေါ့။ တိရစ္ဆာန်ထဲကမှ ကျွေးတဲ့လက် ပြန်ကိုက်တဲ့ကောင်တွေ၊ မိမှန်းဖမှန်း အကိုမှန်းအစ်မမှန်း၊ နှမမှန်း မသိ၊ သားမှန်း သမီးမှန်း ညီမှန်း ညီမမှန်း မသိ ဒချိကြ ကိုက်ကြ ဆွဲကြ ကောင်တွေမို့ ခွေးလို့ဆိုကြတော့ သူတို့နဲ့တွဲတဲ့သူတွေလဲ ခွေးသား၊ အင်း ခွေးဘက်တော်သား ဖြစ်သွားတာပေါ့။ တကယ့် ပူးပူးလူးလူးနေပြီဆိုရင်တော့ လူစာရင်းဖျောက် ခွေးစာရင်းပါ ပေါက်တော့တာ။ အလုပ်အကျွေးထိပါပြုကြရင်တော့ စစ်ခွေးကျွန်ထိ ဖြစ်ကရော။ ဒါ မြန်မာ့ဆိုရှယ်ပန်းနစ်မင့်သဘောကြီးနော်။ ဘွာတေး လုပ်လို့မရဘူး။ ဘွာတေး မပြောနဲ့ ဘာနဲ့ဆေးဆေးကို မပြောင်တော့တာ။ ဘုရားတရားနဲ့ ဘုရားသားဖြစ်လဲ အဇာတသတ်ဟာ အဇာတသတ်ပဲ၊ နောင်မှာ ဘုရားငယ်ဖြစ်အုံးမှာဆိုလည်း ဒေဝဒတ်ဟာ ဒေဝဒတ်ပဲ ဆိုတာလိုပဲ မြန်မာ့လူမှုရေးပြစ်ဒဏ်ကတော့ ခံပေတော့ တသံသရာလုံး။

အဲဒီလို ခွေးလို့ ပြောလို့ မနာနဲ့။ တကယ်တော့ စစ်တပ်က နိုင်ငံနဲ့ပြည်သူအပေါ် ခွေးထက်ယုတ်ကန်းတယ်။ မျိုးဆက်လိုက် အညွန့်တုံးအောင် လုပ်ထားတာ။ အနာဂတ်ပါ ပြာချထားတာ။ ပြည်သူပြည်သားရဲ့ အသက် အိုးအိမ် စည်းစိမ် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စိုက်ပျိုးရေး ဖွံ့ဖြိုးရေး တိုးတက်ရေးတွေကို တရက်မနား ဖျက်ဆီးနေလိုက်တာ ငါးနှစ်ကျော် ခြောက်နှစ် ပြည့်တော့မယ်လေ။ နှစ်ခြောက်ဆယ်ကျော် တတိတိဖျက်လာတာ ထည့်မပြောသေးဘူး။ မြေကြီးပါ အဆိပ်ခပ်သတ်တဲ့ကောင်တွေ။ ခွေးထက်ယုတ်တဲ့ တိရစ္ဆာန် မတွေ့သေးလို့ ခွေးတွေကို အားနာနာနဲ့ နှိုင်းနေရတာ။ အမှန်က ဘယ်လိုယုတ်ယုတ် သူတို့အုပ်စုမမှီဘူး။

အမှန်က သီးခြားမျိုးစိတ်တခုအဖြစ် အမည်မှည့်ရမှာ။ ဒီဒွန္နယာမှာ စစ်အုပ်စုနဲ့ တူအောင်ယုတ်နိုင် ကန်းနိုင်တဲ့သတ္တဝါက မရှိသေးဘူး မဟုတ်လား။ ဦးနှောက် မပါ နှလုံးသားမပါ နားမပါ မျက်လုံးမပါ၊ ပါးစပ်ရယ် ဖင်ရယ် အစာအိမ်ရယ် လိင်အင်္ဂါရယ်သာပါတဲ့ သတ္တဝါမျိုးလေ။

ဟော ခု နောက်တက်လာတဲ့ ခွေးချုပ်ကလဲ အရင်ခွေးချုပ်ထက် အယုတ်မလျော့ဘူး။ ကိုဗစ်ဘေးဆိုးကြီးကို အစိုးရနဲ့ ပြည်သူ ကြည်ဖြူလက်တွဲတိုက်ဖျက် အသက်တွေကယ် ကိုယ်ရွေးထားတဲ့အစိုးရနဲ့ သူခိုး ဓားပြမရှိဘဲ အကျိုးရနေတဲ့အချိန်ကိုများ၊ သူမို့ ဆူပူအုံကြွစေမှုနဲ့ မင်းမဲ့စရိုက်လုပ်ရပ်များကြောင့် တိုင်းပြည် မပြိုကွဲစေရန် စစ်တပ်က တာဝန်ယူရဆိုပြီး ခွီးတာ ခွီးတာ သီးတောင်သီးတယ်။ တကယ့် ဟောင်ချက်၊ အောင်နက်ရဲ့ ကြောင်ကွက်အကြမ်းကြီး။ စစ်တပ်က အာဏာသိမ်းပြီး တနိုင်ငံလုံးလူပတ်သတ်မှ အုံကြွကြတာ ထမင်းစားသူတိုင်း သိနေတာကို။ သတ်တာကလည်း အေးအေးချမ်းချမ်း ဆန္ဒပြနေတာကို ဝင်ပစ်သတ်ကြတာလေ။ ဆန္ဒပြတာကလည်း ကိုယ် မဲပေး ရွေးချယ်ထားတဲ့အစိုးရဟာ မအုပ်ချုပ်ရ‌သေးခင် ဘာအပြစ်မှ ပြစရာမရှိဘဲကို အလကားအချောင် လက်နက်နဲ့ အနိုင်ကျင့် အာဏာသိမ်းလို့ ပြတာလေ။ အေးအေးဆေးဆေး ရွေးကောက်ပွဲပြီးလို့ ခြေဥပြောတဲ့အတိုင်း အာဏာလွှဲပြီး ပြည်သူ ကြည်ဖြူတဲ့အစိုးရနဲ့ အနာဂတ်လှပအောင် ဆက်လက်ခြယ်မှုန်းကြမယ်လုပ်တုန်းမှာ သိမ်းလိုက်တာလေ။ အာဏာသာ မသိမ်းခဲ့ရင် ဝေဆာ သာယာ လှပ ကြွရွနေရမဲ့ တိုင်းပြည်၊ အိပ်မက်ကိုယ်စီနဲ့ တက်ကြွနေရမဲ့ တိုင်းပြည်ဟာ ခုတော့ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီ။ အနာနဲ့ ပြာကလွဲ ဘာမှမကျန်တော့။ အာဏာသိမ်းတပ်ထဲမလဲ မုဆိုးမနဲ့ အဖမဲ့ကလွဲ ဘာမှမကျန်တော့။ လူအိုနဲ့ ကလေးကလွဲ ဘာမှမကျန်တော့။ ဒေါသနဲ့ သောကကလွဲ ဘာမှ မကျန်တော့။ လူငယ်တိုင်း လူသတ်တတ်သွားတာကလွဲ ဘာမှ မတတ်တော့။

ရဲဝင်းအူ ဆိုတဲ့ ကောင်က သူ့ဘာသာ မအလကို ကလှန်တာ လှန်ပေါ့။ ကာချုပ်ဖြစ်ပေမဲ့ ဓာတ်ပုံတောင် ချိပ်ခွင့်မရလို့ တင်းချင်တင်းပေါ့။ ဂျိုကုတ်ဒူးကြီး ဟုတ်သလိုလို မဟုတ်သလိုလို ဖြစ်ပြီး ဂုတ်တိုမအလပေါင်ကြား ငုတ်တုတ်ထိုင်ထိုင် ဆုတ်ကိုင်ပွတ်သပ်နေရတာကို မကျေနပ်ရင်လည်း လဲသေပေါ့။ မအလရဲ့ မဲမသမာလို့ အာဏာသိမ်းတယ်ဆိုတဲ့ အရူးစကားကို တမူးသား ပိုရှူချင်လည်း တခြားဟာပြောပေါ့။ ပြည်သူနဲ့ သူ ကြည်ဖြူတဲ့ အစိုးရက ကိုဗစ်ကို ကမ္ဘာနဲ့ရင်ပေါင်တန်း တိုက်ပွဲဝင်ပြီး ပြည်သူတွေ အသက်ကို ကယ်နေချိန်ကြီးကို ဆူပူအုံကြွ မင်းမဲ့စရိုက်ဆန်‌နေတယ်လို့ ဟောင်တာကျ ခွေးပါးဝလွန်းသွားပြီ။ ခွေးထဲမှာတောင် ခွေးဝဲစားစရိုက်။ လေးဘမ်း သေးပန်းစရိုက်။ စရိုက်ကောင်ပေါ့။

အဲဒီအချိန် အာဏာသိမ်းလိုက်တာဟာ လူနာတွေရဲ့ အောက်စီဂျင်ပိုက်တွေကို ဆွဲဖြုတ်ရုံတင်မက တိုင်းပြည်ရဲ့ အောက်စီဂျင်ပိုက်ဖြစ်တဲ့ ဒီမိုကရေစီကိုပါ ဆွဲဖြုတ်ပစ်ခဲ့တာလေ။ တိုင်းပြည်က ဘာမှ မပြိုကွဲ၊ ဘာမှ ဆူပူမနေဘူး၊ မင်းမဲ့စရိုက်ဆန်တာဆိုလို့ မဘသအုပ်စု၊ ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်ဘဲရှိတာ။ အဲဒီကောင်တွေဘဲ တိုင်းပြည်ကို ဥပဒေမဲ့ အာဏာသိမ်းတာ။ ပြန်အုံကြွဆူပူတာ။ ပြိုကွဲအောင် ခွဲပစ်လိုက်တာ။ နောက်ဆုံး တပ်ကိုပါ ဆွဲဖြဲပစ်လိုက်တာ။ သူကတော့ တပ်တွင်းမအလဩဇာကို ချချင်တာ၊ ဒါပေလို့ သူ့မှာလဲ ခွေးဝဲစားတွေချည်းရှိပုံရ။ ဟန်ကျပန်ကျအူသံက မထွက်။ တကယ်တမ်းက တပ် လက်ကိုင်ရှိသူကို ဘယ်ခွေးချုပ် အအို အဟောင်းကမှ မော့ကြည့်ဝံ့တာ မဟုတ်ဘူးရယ်။ သူ့ဘာသာ အရှိန်နဲ့ လန့်ခုန် ချေးပုံဟပ်နေတာမျိုးဖြစ်တာ။ မအလရဲ့ အာဏာသိမ်း အကြောင်းပြချက်က ငလမ ဆန်တယ်ဆို ဆန်တယ် ဗြောင်ပြောလိုက်လေ။ စစ်အုပ်စုတွေ တဖြည်းဖြည်းနဲ့ အာဏာလက်လွှတ်ရတော့မှာမို့ သိမ်းရင် သိမ်းတယ်ပေါ့။ ကြံ့ကလည်း ဖွတ်နဲ့ပေါင်းပြီး တိရစ္ဆာန် နှစ်ထပ်ကွမ်း ပါတီဘဝနဲ့ ဘယ်တော့မှ လူပြန်မဖြစ်တော့မှာမို့ စစ်တပ်က ခွေးဖြစ်ခံ အာဏာသိမ်းရင် သိမ်းတယ်ပေါ့။ ကျားကျားမီးယပ်လုပ်မနေစမ်းပါနဲ့။ ခြတော့ ကျားတော့ကျား၊ မီးယပ်ထထနေတဲ့ကျားလေး ငဝင်းအူဖြစ်ပြီ။ ဟိန်းသယောင်ယောင်နဲ့ ဟောင်သံဘဲထွက်တဲ့ဖွတ်ကျား။ အဲဒါကြောင့် မအလက အက်တာဗျူးတခုမှာ တပ်မတော်ကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိသူတယောက်မှ မရှိဘူး ပြောခဲ့တာကိုး။ အဲဒါမို့ သူ့ကို တင်းပြည့်ကျပ်ပြည့်ကာချုပ် မပေးတာကိုး။

တပ်မတော်ရဲ့ အဓိကတာဝန်မှာ နိုင်ငံတော်ပြာချရေးတာဝန်ဖြစ်ပြီး အဲဒါကို အကောင်အထည်ဖော်ဖို့ သိမ်းတယ်ပေါ့ကွာ။ ရဲဝင်းအူဆိုတဲ့အတိုင်း ရဲရဲ လက်လက် အူလိုက်စမ်းပါ။ မအလလို ကြောင်ချီးမဟုတ်ဖူးဆိုပြီး ကျားကျားမီးယပ်တော့ မလုပ်နဲ့လေ။ ဒီတိုင်းဆို ကျားကျားရဲ့ဆရာက ကြောင်ကြောင်ပဲ ဖြစ်နေမှာပေါ့။ မင်းလက်ထက်မှာလည်း ဖတဆိုးနဲ့ မုဆိုးမ ပိုများလာတာပဲ အဖတ်တင်မယ်။ မအလခမျာ ကြိုးစင်မတက်ရအောင် ရောက်ရာအရပ် ဇရပ်နဲ့ နတ်စင်ပါမချန် မဲမသမာလို့ အာဏာသိမ်းရပါတယ် အော်နေတာ အသံတောင် ပြာပြီ၊ အဲဒါကို မင်းက မဟုတ်ဘူး ဆိုပြီး ကြိုးစင်ပို့ချင်တာနဲ့ အဲကောင်ထက် ရူးတဲ့ဟောင်ချက်နဲ့တော့ အောင်နက်ဗိုလ် မလုပ်နဲ့လေ။

မင်းတို့အာဏာမသိမ်းခင်ထိ တိုင်းပြည်က ဘေးမသန်းဘဲ အေးချမ်းနေတာလေ။ တိုင်းပြည် မပြိုကွဲစေရန် စစ်တပ်က နိုင်ငံတော်တာဝန်ကို ယူခဲ့ရတယ်လို့ မင်း ဘယ်လိုဟောင်ဟောင် စစ်တပ်အာဏာသိမ်းလို့ နိုင်ငံတော်က ပြိုကွဲသွားတာ မျက်မြင်မဟုတ်လား။ ‌ဗိုလ်သင်တန်းသွားပြီး မင်းဘာတွေဟောင်ဟောင် အာဏာသိမ်းပြီးမှ သင်တန်းလာတက်တဲ့ ထမင်းစားတဲ့ ဗိုလ်လောင်းတိုင်း ဘာ့လို့ အာဏာသိမ်းတယ်ဆိုတာ သိပါတယ်လေ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar