Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၆)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၆)

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၆

ဒေါ်လာလဲခန်း

ကျပ်လဲခန်းပြီ

ဆင်ကန်းတောတိုးတော့မည်တည်း။

လုပ်စားဖို့ကလည်း မတတ်၊ ခိုးစားကြလွန်းလို့လည်း အကပ်တောင် မကျန်တော့။ စစ်စရိတ်က အရစ်ထိပ်တက်နေလို့ မအလခမျာ ဆီပုလင်းခါးချိတ် အရပ်တကာလှည့်အိပ်ပေမဲ့ ဇရပ်ပျက်နဲ့ သင်္ချိုင်းကုန်းမှာပဲ ဖရီးဝုန်းတာခံရ၊ သာဝရဲ့ ဖာဇမဲ့ညများပေါ့လေ။

ခုဆို အနောက်နဲ့ ဆက်ဆံလိုက်၊ အရှေ့နဲ့ ဆက်ဆံလိုက်နဲ့ ခါးလေးတောင် ရှိုက်နေလို့ ခွဲစိတ်၊ ကြပ်စည်း၊ ဒေါက်၊ ကြူမတောင် မအူရလို့ ကောက်နေသတဲ့လေ။ သူတို့မွတ်တွေကို ဂျီနိုဆိုက်လုပ်ထားလို့ဆိုပြီး မွတ်နိုင်ငံတွေကလည်း ပဝါမကူ ရေမရှူကြေး ဆက်ဆံတော့မတဲ့။ မအလခမျာ ရှူနာရှိုက်တာတောင် ခါးတောင်းမကျိုက်စတမ်း စခန်းသွားရပြီပေါ့ကွယ်။ အင်ဒိုကလည်း ဖျင်ကို၊ မလေးကလည်း အကြွေးတွေ ဆပ်တော့မယ်ပေါ့၊ ဘရုနိုင်းကလည်း ယဥ်သိုင်းကမယ်ဆိုလား၊ မအလတော့ နားရမယ်တောင်မထင်၊ အရင်ကောင်တွေ ကြမ်းထားတဲ့အနာမကျက်ခင် အင်း၊ အိန္ဒိယကလည်း လိင်အဓိက၊ ချိုင်းနားဆိုတာကလည်း ဂျိုင်းတောင်နားတာလေ၊ တနေ့တနေ့ အချစ်တောင် မယားဆိုးလေးကဲ နှစ်တထောင် အားတိုးဆေးပဲ မှီဝဲနေကြတာမဟုတ်လား။ ဒါထဲက အနောက်နဲ့ပါ ဆက်ဆံချင်သေးတယ်ဆိုတော့

အင်း မအလဟာ

"အရှေ့လဲ ဗျင်း

အနောက်လဲ ဗျင်း

ခတွင်း မင်း မင်း မင်း၊

အဆံလဲချောင်

အသံဖြဲဟောင်

ငကြောင် အောင် အောင် အောင်၊

ကုလားလဲကိုင် တရုတ်လဲကိုင်

ဂလိုင် လှိုင် လှိုင် လှိုင်

မင်းအောင်လှိုင်" လို့ သီချင်းလေး စပ်ပေးရမလို ဖြစ်နေ။ ဆာခြိမ့်ကို အားနာလို့ပါနော်။

ဒီမိုနိုင်ငံ အမည်ခံပြီး မအလ ငလမကို သွားဆက်ဆံမိတဲ့ အိန္ဒိယနဲ့ ထိုင်းကတော့ ရှယ်ပလန်နဲ့ကို ကပ်ဆိုက်တာနော်။ ပြည်သူ့တော်လှန်ရေးကိုမှ ဦးထိပ်ပန်တင် ဖူးမြော်ချင်ပါတယ်လို့ ပလီခဲ့တဲ့ ကွန်မြူနစ်ပူတင်နဲ့ တရုတ်၊ ဒင်းတို့လေးယောက်တော့ သစ္စာဆုတ်ပြီး တယောက်ပြီးတယောက် ရှေ့ဆင့်နောက်ဆင့် ပြုတ်မဲ့ကိန်း။ တိုင်းပြည်တွေ ကပ်ဆိုက်ပုံကလည်း သူတို့တသက် မတွေ့ဖူးတဲ့ ကပ်နော်။ ဘယ်တွေ့ဖူးမလဲ၊ မအလ ကပ်လေ။ အကုသိုလ်ကပ်။ အနုတင်ဆို ရေထဲက မတက်ရ၊ မိုဒီဆို လူလှိုင်းပိ၊ ရှီကျင့်ဖျင်လည်း ရေစိမ်ရလွန်းလို့ ပွတောင်နေပြီ၊ ပူတင်ကတော့ ခေါင်းပေါ် မီးဖိုရွက်ထားရတာလေ။

မအလကပ် ဆိုတာ အဖျက်ကပ်=အဘိဇ္ဈာကပ်၊ အငတ်ကပ်=ပြိတ္တာကပ်၊ သောက်တလွဲကပ်=မိစ္ဆာကပ်မျိုး၊ အဆိုးတကာ့ထွဋ်ခေါင် မင်းကြောင်လှိုင်ကပ်တွေပေါ့။ မင်းကြောင်လှိုင်ကပ် ဆိုတော့ အာဏာရူးတွေအဖို့ ပြည်သူ့ဆန္ဒဘေးပါ ဆိုက်လာရပြီပ။ အဲဒီကပ်ကတော့ သူတို့တင်မက ဒေါ်နယ်ထရန့်ပါ ဆိုက်မှာ။ သူလည်း မအလနဲ့ ဆက်ဆံပြီဆိုတော့ မအလ ကပ်ဆိုက်ရမှာပေါ့။ သူက လူ ဆိုတဲ့ လူ့အဖွဲ့အစည်းကိုလည်း မကြည့်၊ မူ ဆိုတဲ့ လူ့အစည်းအဖွဲ့ကိုလည်း မကြည့်၊ အယူဆိုတဲ့ အမေရိကန်ပထမ မိစ္ဆာဒိဋ္ဌိ။ ခုလို အိုင်တီခေတ်မှာ အိပ်မက်ထဲ ဆင်လိုက်ရိုးလို့ လန့်နိုးရင်း ခုတင်ပေါ်က လိမ့်ကျတဲ့ကောင်လို့ ကြောင်တောင်တောင်တွေ လုပ်နေတာ။ သူလည်း မကြာခင် ဒိုးတော့မှာ။ ခုကို သောက်ရူးသမ္မတလို့ သမနေကြပြီ။ သက်ငယ်မုဒိမ်းမှုကလည်း မကင်းသလိုလို။ မိုဒီကတော့ ပိုးဟပ်တောက်လို့ ဂယောက်ဂယက် မောင်းကျောက်မှန်တဲ့ ကြက်။ ရှီကျင့်ဖျင်နဲ့ နုတင်ကတော့ ရေဘေးနဲ့ ခြေအေးဝမ်းရောဂါ။ ပူတင်ကတော့ လူမြင်ကို မခံဝံ့တော့၊ ဒရုန်းကြောက် အပုန်းတယောက်အဖြစ်ဟာ မလွယ်ပါပေါ့။ အင်း လိင်တူကြိုက် မလေးကောင် အန်ဝါအီဗရာဟင်လည်း လူရောင်ပြောင်ဖို့ မမြင်။ ဘယ့်နှယ် မွတ်စလင်တွေကို ဂျီနိုဆိုက် လုပ်ထားတာလေးမှ မထောက် မအလ နောက် ကောက်ခနဲထလိုက်ရတယ်လို့။ မလေးမှာ လာလုပ်တဲ့ အလုပ်သမားတွေကို ဖမ်းပြီး မအလဆီ စစ်မှုထမ်းအဖြစ်ပြန်ပို့တဲ့အကုသိုလ်က ဒင်းအဝကို ချတော့မှာ။ ဒင်းတို့က လူ့ကောင်းမြတ်မှုတွေကို ချွတ်ခြုံကျအောင်လုပ်ကြသူတွေဆိုတော့ မအလနဲ့ တွဲလို့ရသပေါ့။ မအလ အကုသိုလ်အဖျက်စွမ်းက အကန့်အသတ်မဲ့ နယ်နိမိတ်မဲ့ ပုဂ္ဂိုလ်မရွေး အတန်းအစားမရွေးခံရတာလေ။ လူ့အဖွဲ့အစည်းထဲမှာ လူတယောက်ဆိုးယုတ်နေတာကို ခွင့်ပြုထားရင်တောင် လူ့အဖွဲ့အစည်းလိုက်ခံရတာဆိုတော့ ပူးပေါင်းကျူးလွန်ကြတယ်ဆို တွက်သာကြည့်ပေါ့။ မအလကို ပံ့ပိုးတဲ့ အီရန်နဲ့ အစ္စရေးသာ ကြည့်၊ အမှုန့်ကိုယ်စီ ထောင်းကြသည်။ ကမ္ဘာတည်သမျှ ချနေကြမည်ဆိုပြီး သစ္စာအဓိဋ္ဌာန်တောင် ပြုထားကြပြီ။ မအလကပ်တွေနော်၊ သူတို့ချင်း မသတ်ရရင်ကို မနေနိုင်တော့တဲ့အထိပဲ။

မအလနဲ့ သူ့ခွေးတပ်ဆိုတာ လူလွန်မသားတွေသာ လုပ်နိုင်တဲ့ ကျားဖြန့်လို အလုပ်မျိုးတွေနဲ့ နိုင်ငံတကာကို ဒုက္ခပေးနိုင်တာကိုဘဲ ကြည့်လေ။ ကိုယ့်ပြည်သူကိုတောင် အငတ်ထား၊ အားရင်ထိုင်သတ်၊ တပ်လိုက် မုဒိမ်းကျင့်၊ လူမျိုးလိုက် နိုင်ငံလိုက် ကပ်သင့်အောင် လုပ်ထားတဲ့ကောင်ကို အလျှော့ပေး ဆက်ဆံရုံမက ဆက်မိုက်လို့ရအောင်ပါ ထောက်ပံ့ပေးထားကြတယ်ဆိုတော့ လူ့အဖွဲ့အစည်းလိုက် ဆိုက်လာမဲ့ကပ်မျိုး ဘယ်လောက်ဆိုးမယ်ဆိုတာ မှန်းကြည့်ပေါ့။ ဆေးပြားဖြန့်တယ်။ ဘိန်းစိုက်တယ်။ လူငယ်တွေ ပြန်ပေးဆွဲတယ်၊ သက်ကြီးရွယ်အိုတွေရဲ့ငွေ လိမ်ယူတယ်။ ကလီစာထုတ်ရောင်းစားတယ်။ ရတဲ့ပိုက်ဆံနဲ့ လက်နက်ဝယ်ပြီး ပြည်သူကို ပြန်သတ်တယ်။ ကလေးတွေကို ဗုံးကြဲတယ်။ ဘာသာရေးအဆောက်အအုံတွေ ဖြိုတယ်။ လူနေအိမ်တွေ မီးတိုက်တယ်။ စိုက်ပျိုးရေးတွေ ဖျက်တယ်။ ဆေးဝါးပိတ်ဆို့တယ်။ ဆေးရုံပိတ်တယ်။ ဆရာဝန်ကို သတ်ပစ်တယ်။ အဖေရှေ့ လင်ရှေ့ မုဒိမ်းကျင့်တယ်။

ဒီကပ်မျိုးမှ ကမ္ဘာမဖျက်ရင် ဘယ်ကပ်မျိုးက ဖျက်အုံးမတုံး။ အခန့်မသင့်ရင် အဏုမြူစစ်ကြီးဖြစ်ပြီး လူ့မျိုးနွယ် စမုံတုံးတဲ့အထိ ရောက်နိုင်တာလေ။

ဆိုးယုတ်မှုမှန်သမျှ ကန်ထရိုက်ရထားတဲ့ ကောင်တွေကြားထဲမှာ တနေ့ သူတို့ဇနီးတွေ သမီးတွေတောင် သူတို့စစ်သားက ပြန်မုဒိမ်းကျင့်တဲ့အဆင့် ရောက်လာပြီး အဆိုးကျော့သံသရာ လည်တော့မှာ။ အချင်းချင်း သတ်ဖြတ် လုယက် ဖျက်ဆီးကြတော့မှာ။ တပ်ထဲမှာ အရာရှိကတော်တွေနဲ့ အကြပ်ကြီးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကြံစည်ကျူးလွန်တာတွေ ဖြစ်နေပါပြီ။ စစ်သားဆိုတာ နဂိုကမှ မူမမှန်လိင်စိတ်တွေ ငယ်ပါထိပ်တက်နေပါတယ်ဆို စိတ်ကြွဆေးကျွေး၊ စိတ်ကြွအရက်တိုက်ပေးထားတော့ အရူးနဲ့ဘီလူးကို အမူးပေါင်းတင်ထားသလို ဖြစ်နေတာလေ။ အဲဒီ ရာဂဘီလူး နှာကြွရူးစိတ် မွေးမြူရေးကိုပဲ ဇောက်ချလုပ်လာတဲ့ တပ်၊ တော်သလင်းစိတ် သွင်းထားတဲ့တပ် ဆိုတော့ ခွေးဇာတ်ခင်းပြီပေါ့။

ခွေးအရပ် ခွေးတပ်မှာ ခွေးဇာတ်ကလွဲ ဘာကစရာရှိမတုံး။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar