ရန်ရန် - ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ
ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ
ရန်ရန်
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၆
ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ။
ဂျွန်ဟာ သူ့အကြောင်းသူမေ့နေတဲ့ စစ်သုံ့ပန်းတစ်ယောက်လို
ရင်ဘတ်ကို လာလာရှိုက်တယ်။
သွေးဆောင်ဖြားယောင်းထားတဲ့ ကတိကဝတ်တခုနဲ့
နှစ်ကိုယ်ကြားမှာ တဘဝစာလုံးမှောင်တယ်။
ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ။
ဂျွန်ဟာ မိုးလောင်ထားတဲ့သက္ကရာဇ်တခုနဲ့ ငြိမ်သက်နေတယ်။
သွေးပျက်နေတဲ့ အငွေ့တွေပဲ
လွတ်ကျမတက် ထောင်းနမောင်းထလို့။
အလားတူဖြစ်ရပ်နဲ့အတူ
နေ့စွဲတိုင်းဟာ အဓိပ္ပာယ်ကင်းမဲ့လွန်းတယ်။
ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ။
အချပ်လိုက်ကွာကျနေတဲ့စိတ်တွေကိုမမျှားနိုင်သလို
အတွေးလှိုင်းထဲကအရာတွေကို ဖယ်ရှားမပစ်နိုင်ဘူး။
ပြင်းထန်လွန်းတဲ့ခံစားချက်မြစ်တွေကိုလည်း ရပ်တန့်မပေးနိုင်ဘူး။
အကြောင်းမဲ့ခါးသပ်နေတဲ့ ကော်ဖီခွက်လေးအကြောင်းကိုလည်း သူမသိဘူး။
ဂျွန်ဟာ တကယ်တော့ အရသာမရှိတဲ့စီးကရက်ပဲ။
July.20.2020.

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar