Breaking News

မွန်ဒေသ ဘေးဒဏ်ခံ ဂေဟာများ ထိရှလွယ်အုပ်စုအတွက်လည်း စဉ်းစား

မွန်ဒေသ ဘေးဒဏ်ခံ ဂေဟာများ ထိရှလွယ်အုပ်စုအတွက်လည်း စဉ်းစား

ထိုက်ထိုက်။ (မိုးမခ) မေ ၂၃၊ ၂၀၁၉  

မွန်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ကိုယ်ဝန်ဆောင်များ အဆင်ပြေမည့် အနေအထားဖြစ်ရေးကို ဦးစားပေးမည်ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။

"တည်ဆောက်ရာမှာ ထိလွယ်ရှလွယ်အုပ်စုအတွက် အဆင်ပြေချော့မွေ့စွာ သွားလာနိုင်ဖို့လွယ်ကူစေဖို့ ဆင်ခြေ ​​ေလျာ ည့်သွင်းတည်ဆောက်နိုင်ဖို့အတွက် တင်ဒါအောင်တဲ့ ကုမ္ပဏီများနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပါ"ဟု ၎င်းက ပြောသည်။



မွန်ပြည်နယ် ဒေသခံတို့ ဘေးအန္တရာယ်များကို ကြံကြံခံ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိေသာ လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရန်၊ ဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ဝန်ကြီး၏ မှတ်ချက်နှင့် ပတ်သက်ပြီး ထောက်ခံ ပြောဆိုသူူ အများအပြား ရှိနေသည်။

တည်ဆောက်မှု ပုံစံဒီဇိုင်းကို ဌာနက စတင် ရေးဆွဲသင့်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

"ထိလွယ် ရှလွယ်အုပ်စုမှာ ကလေး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ မျက်မမြင်၊ နားမကြား အကုန် ပါတယ်။ သူတို့တွေနဲ့ အဆင်ပြေမယ့် သင်္ကေတ အမှတ်အသားတွေကို ကုမ္ပဏီနဲ့ ညှိပြီး ဆောက်မယ့်အစား ဌာနကနေ တည်ဆောက်မယ့် ပုံစံကို စဆွဲရင် ပိုအဆင်ပြေပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

ဆေးရုံမှစကာ အခြားအဆောက်အဦများ တည်ဆောက္ရာတွင်လည်း ထိုသို့ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။

ဆေးရုံအပါအဝင် နေရာအများအပြားတွင် ထိုသို့ စဉ်းစားထားခြင်း မရှိကြောင်း မော်လမြိုင်ဒေသခံ မဇင်မာအေးက ပြောသည်။ ၎င်း ဆေးရုံတက်စဉ်က ဘီးတပ်ကုလားထိုင် (ဝှီးချဲလ်) အသုံးပြုရာတွင် အခက် တွေ့ခဲ့ရသည်ဟု ဆိုသည်။

"ကျွန်မကိုယ်ဝန်နဲ့တုန်းက ဆေးရုံမှာ ဝှီးချဲလ်နဲ့သွားရတာ အဆင်မပြေဘူး။ လမ်းတွေက မပြေပြစ်ဘူးလေ။ လမ်းအဆက်နေရာတွေဆို ပိုဆိုးတယိ။ ဝှီးချဲလ်နဲ့သွားလို့ မရတဲ့နေရာတွေမှ အများကြီးဖြစ်နေတယ်။ ပြောချင်တာက အလေးထား ဆောင်ရွက်ပေးဖို့ပါပဲ"ဟု ၎င်းက ပြောသည်။

ဆင်ခြေလျောလမ်းများ ထည့်သွင်းဆောင်ရွွက်ရာတွင်လည်း ပြေပြစ်ချောမွေစေရန် ဆောင်ရွက်ပေးသင့်ကြောင်း ၎က ဆက်ပြောသည်။

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက "ဒါက ဦးစားပေးစဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ သူတို့အတွက်လည်း အရေးကြီးပါတယ်။ တချို့နေရာတွေဆို သူတို့သွားချင်တယ်၊ သွားရတာ အဆင်မပြေဖြစ်တယ်။ သူတို့အဆင်ပြေအောင် လုပ်ပေးဖို့တော့ တာဝန်ရှိတာပေါ့ ပစ်ပယ်ထားလို့မရပါဘူး" ဟု ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိလွယ်ရှလွယ်အုပ်စုအတွက် ဦးစားပေးဆောင်ရွက်သင့်ပြီး လက်တွေ့အကောက်အထည်ဖော်ပေးရန် လိုကြောင်း ၎က ဆက်ပြောသည်။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက လုံခြံုစိတ်ချရသော နေရာသို့ ပြောင်းရွေ့နေထိုင်နိုင်မည့် လူ ၅၀၀ ဆံ့ အေဆာက္အအံုများကို ဘီးလင်းမြို့နယ်တွင် နှစ်လုံး၊ ချောင်းဆုံမြို့နယ်၌ သုံးလုံး ဆောပ်လုပ်ရန် စီမံလျာထားကြောင်း သိရသည်။