Breaking News

မောင်လွဏ်းဏီ ● တော်လှန်တယော

မောင်လွဏ်းဏီ ● တော်လှန်တယော
(မိုးမခ) မေ ၂၆၊ ၂၀၁၉

ဓားတောင်မှာ
ကျားတကောင် မဟုတ်ခဲ့ပေမယ့်၊
မီးပင်လယ်ကျော်ဖို့
မောင်လွမ်းကဗျာတွေ
မီးရှို့ပစ်ချင်စိတ်
ခဏ ခဏ ယိုဖိတ်တယ် ဗိုလ်မြ။

တံတားအောက်မှာ
မြစ်ရေတွေ စီးဆင်းမြဲ
ဇလီဖားကျောထက်က
ရထားတွေ ခုတေ်မောင်းဆဲ
တောင်သမန်ရွှေအင်းမှာ 
လေညင်းတွေဆော်ဆဲ
ဆတ်သွားက
ကြွေးကြော်သံ စစ်မြင်းရထား
ခွာသံပြင်းတယ်လေ၊ 
ခွာသံ ခွာသံ ပြင်းတယ်လေ့ ဟေ့လို့
မောင်ချောနွယ်တို့ မောင်စူးရှတို့ ဆိုပါလား။

စစ်နဲ့ ငြိမ်းချမ်းရေး
ငလွမ်းမှာတော့
ယုံကြည်ချက်နဲ့ တော်လှန်ရေး
အမျိုးသားသင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး။

ကျွန်းအတိတ် 
အရိပ်ပမာ
ဒါတွေကြောင့်ပါပဲ
ဆရာ .....။    ။

(ဆရာမြသန်းတင့် ၉၀ ပြည့်သို့ ...)

မောင်လွမ်းဏီ
၂၃ မေ ၂၀၁၉