Breaking News

မြင့်အောင်သန့် - အရိပ်ကိုင်းကူးသူများ


မြင့်အောင်သန့် - အရိပ်ကိုင်းကူးသူများ
(မိုးမခ) မေ ၈၊ ၂၀၁၉

ချစ်တာတစ်ခုတည်းနဲ့
ထူထောင်ထားတဲ့နိုင်ငံတော်
ပြည်တွင်းစစ်လိုတငွေ့ငွေ့နဲ့
လွမ်းလို့ရယ်တဲ့မှမကုန်နိုင်

ရှင်မဟာသီလဝံသ မသိ၊ရှင်မဟာရဌသာရ မသိ၊
သခင်ကိုယ်တော်မှိုင်း မသိ၊ဦးလတ် မသိ
ဦးပုည မသိ၊ အချုပ်တန်းဆရာဖေ မသိ
ရွှေဥဒေါင်း မသိ၊ ပီမိုးနှင်း မသိ၊ ဒဂုန်ရွေမျှား မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ၊ သိန်းဖေမြင့် မသိ
ဗန်းမော်တင်အောင် မသိ၊ ရန်ကုန်ဘဆွေ မသိ
သခင်မြသန်း မသိ၊ နိုင်ဝင်းဆွေ မသိ
ဆရာမြသန်းတင့်၊ ဆရာကျော်အောင်
ဆရာမင်းကျော် မသိ မသိ

တချို့
အရိပ်ကိုကိုင်းကူးနေကြတယ်။
ကမ္ဘာကြီးက
ပူနွေးလာတယ်
သစ်တပင်လောက်တော့
စိုက်ခဲ့သင့်တယ်

၁၉၄၈ မသိ၊ ၁၉၅၈ မသိ
၁၉၆၂ မသိ၊ ၁၉၆၉ မသိ
၁၉၇၄ မသိ၊ ၁၉၇၅ မသိ
၁၉၇၆ မသိ၊
၁၉၈၈ မသိ
၁၉၉၆ မသိ၊ ၁၉၉၈ မသိ
၂၀၀၇ မသိ မသိ


တချို့
အရိပ််ကို
ကိုင်းကူးနေကြတယ်။

Photo - http://www.rachelgoodyear.com/limited-editions/dawn-chorus/broken-branch-detail.html