Breaking News

မိဘဝတ် သားသမီးဝတ်၊ ဆရာဝတ် တပည့်ဝတ်၊ မင်းဝတ် ပြည်သူ့ဝတ်နှင့် မောင်မိုးသူ



မိဘဝတ် သားသမီးဝတ်၊ ဆရာဝတ် တပည့်ဝတ်၊ မင်းဝတ် ပြည်သူ့ဝတ်နှင့် မောင်မိုးသူ

(မိုးမခ) ဇွန် ၈၊ ၂၀၁၉
(မောင်မိုးသူ၏ ပြည်တွင်းဂျာနယ်ဆောင်းပါးများက ကူးယူဖော်ပြပါတယ်)

ဗုဒ ဘာသာမှာတော့ ဆရာဝတ် တပည့်ဝတ် မိဘဝတ် သားသမီးဝတ်ဆိုပြီး အစကတည်း ကရှိပြီး သားပါ၊ မိဘမှာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဝတ္တရားရှိတယ်လို့ သားသမီတွေမှာလည်း လိုက်နာကျင့်သုံးရမယ့် ဝတ္တရားတွေရှိပြီးသားပါ၊ မိဘဝတ္တရားကို ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနိုင် တဲ့မိဘကို မိဘကောင်းဟုသတ် မှတ်ကြသတဲ့၊ သားသမီးတို့ရဲ့ လိုက်နာကျင့်သုံးအပ်တဲ့ဝတ္တရားများကို လိုက်နာ ကျင့်သုံးနိုင်တဲ့ သားသမီးများကို သားကောင်းသမီးကောင်းတွေလို့အသိမှတ်ပြုကြပါတယ်။

ထိုနည်းတူ ဆရာနှင့်တပည့်လည်း သူ့ဝတ္တရားနဲ့သူ သတ်မှတ်ထားပြီးသား ရှိပြီးသားပါ၊ ဆရာကောင်း ပီသချင်ရင် ဆရာ့ဝတ္တရားများကို ထိန်းသိမ်းကျင့်သုံးအပ်ဖို့ လိုသလိုပဲ တပည့်ကောင်းပိီသလိုချင်ရင် လည်း တပည့်ဝတ္တရားများကို လိုက်နာကျင့်သုံးအပ်တဲ့ တပည့်ဖြစ်ဖို့ လိုအပ်ပါတယ်။ 

ဒီထက်တစ်ဆင့် မြှင့်လိုက်မယ်ဆိုလျှင် “မင်းနဲ့ ပြည်သူ” ပေါ့၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြ သူများက မင်းရဲ့ ဝတ္တရား များကို ကျင့်သုံးလိုက်နာတတ်ကြဖို့လိုသလို ပြည်သူကလည်း ပြည်သူ့ဝတ္တရားများကို သိနားလည် လိုက်နာကျင့်သုံးကြဖို့ လိုအပ်လှပါတယ်။

အဲဒီ အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မောင်မိုးသူတို့ မောနင်းစတားစကားဝိုင်းမှာ ပြောမိဆိုမိကြပါတယ်၊ အဲဒီစကားဝိုင်းမှာတော့ မိဘတွေဘက်က ဝတ္တ ရားအား နည်းတဲ့ မိဘတွေရှိသလို တပည့်များဘက်ကလည်း လိုက်နာကျင့်သုံးမှုအားနည်းတဲ့ တပည့် များလည်း အ များကြီးရှိနေတာကိုတွေ့ရပါတယ်၊ ပြီးတော့ အပြန်အလှန်အပြစ်တင်ကြမယ့်အစား ကိုယ့်စည်းကိုယ့်တာ ကိုယ့် ဝတ္တရားကို ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ အရေးကြီးတာပေါ့၊ ဒါမှလည်း မိဘကောင်းတွေ အများကြီး ပေါ် ထွက်လာနိုင်မယ်ဖြစ်သလို သားသမီးကောင်းတွေလည်း အများ ကြီးပေါ်ထွက်လာနိုင်မှာဖြစ်ပါတယ်၊ သား သမီး များဟာ မိဘရဲ့ လက်ကနေပြီးတော့ ဆရာသမားများ ထံ ရောက်ရှိသွားရပါတယ်၊ ဒီမှာတင်ပဲ ဆရာ၀တ် တ ပည့်ဝတ်ဆိုတာဖြစ်လာပြန်ပါရော၊ ဆရာတွေ ဘက်က ဆရာဝတ္တရား ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလို တပည့် များဘက်မှလည်း တပည့်ဝတ္တရား များကို လိုက်နာကျင့်သုံးတတ်ဖို့လိုပါတယ်။

 အခုခေတ်ဖြစ်နေကြတာက မိဘ က သားသမီးကို ဆုံးမလို့ မရဘူးလို့ အပြစ်တင်နေကြသလို သားသမီးတွေကလည်း ပြန်ပြီးမိဘကိုအပြစ်တင် နေကြတာကို ဝမ်း နည်းစွာတွေ့မြင်နေရပါတယ်၊ ထိုနည်းတူ ဆရာတွေကလည်း မိမိသင်ကြားရမယ့် သင်ခန်း စာတွေကို အတန်းထဲ ကျောင်းထဲမှာမသင်ကြားပဲ ပိုက်ဆံယူပြီး အပြင်မှာသင်ကြားနေကြတယ်လို့ အမျိုးမျိုး သ တင်းတွေထွက်ပေါ်နေပါတယ်၊ အဲဒီလို အဲဒီလိုဆရာများရှိလာလေတော့ တပည့်များကလည်း အဲ့ဒီလို ဆရာ တို့အပေါ်မှာ လေးစားရိုသေမှုစိတ် နည်းပါးနေကြတော့တာပေါ့။

 အဲဒီလို မိဘနှင့်သားသမီး ဆ ရာနှင့်တပည့် အပြန်အလှန်ထိန်းကျောင်းတဲ့ သူ့စည်းကိုယ့်စည်း သူ့ဝတ္တရားကိုယ့်ဝတ္တရား လိုက်နာ ကျင့်သုံးကြတဲ့ မြန်မာ တို့ရဲ့ဓလေ့ထုံးစံဟာ အခုအချိန် အသက် ၆၀ တွေလောက်သာ မှီကြတာတဲ့ ၊ ဒီဘက်ခေတ်မှာ အများကြီး အများကြီး ယုတ်လျော့ကုန်တယ်လို့ မောင်မိုးသူတို့စကားဝိုင်းမှာပြောဖြစ် ကြပါတယ်။ မောင်မိုးသူစကား ဝိုင်းမှာ က မောင်မိုးသူက ၈၂ နှစ်ဆိုတော့ အကြီးဆုံးပေါ့လေ၊ ဒါပေမဲ့ ၆၀ကျော်တန်းတွေပဲ ပါသလို လေးဆယ် ကျော် ငါးဆယ်ကျော်တန်းတွေလည်းပါတယ်ခင်ဗျ၊ ဒီတော့ လူလတ်ပိုင်းအထက် အများဆုံးလို့ဆိုရမှာပေါ့၊ သူတို့အား လုံးဟာ သားရှင်သမီးရှင်များ ဖြစ်နေကြ သည်မို့ မိဘနှင့် သားသမီးအကြား အပြန်အလှန်ထိန်းကွပ်တဲ့ ဝတ္တရား တွေအကြောင်းကိုပြောမိကြ ပါတယ်။

တချို့ကတော့ အခြေခံ မိဘဝတ် သား သမီးဝတ္တရားတွေယုတ်လျော့ကုန် ကြတာ နိုင်ငံခြား စာပေသင်ကြားမှုတွေ များပြားလာသည်လို့ ပြောကြဝေဖန် ကြပါတယ်၊ အကြောင်းတိုက်ဆိုင် စွာပြော ရမယ်ဆိုရင် မောင်မိုးသူဟာ စိန်တောင်မြန်မာဘုန်းကြီး ကျောင်း မှာ စတင်ပညာသင်ကြားရသူဖြစ်ပြီး စိန်တောင်ကျောင်းမှာပဲ သာမဏေဝတ်ခဲ့ရသူဖြစ်ပါတယ်၊ အဲဒီစိန်တောင် ကျောင်းမှာ အစိုးရမူလ တန်းအထိ သင်ကြားတဲ့ကျောင်းဖြစ်လေတော့ မောင်မိုးသူလည်း စိန်တောင်မူလတန်း ကျောင်းမှာ ပဥ္စမတန်းအောင် သည် အထိ သင်ကြားခဲ့ရသူဖြစ်ပါတယ်(မောင်မိုးသူတို့ခေတ် မှာ မူလတန်း ဆိုတာ ပဥ္စမတန်းအထိဖြစ်ပါ တယ်)၊ မောင်မိုးသူ စိန်တောင်မြန်မာဘုန်းကြီးကျောင်းမှ ပဉ္စမတန်းအောင် မြင်ပြီး ကာမှ မောင်မိုးသူရဲ့ အမေက ငါ့သား အင်္ဂလိပ်စာတတ်မှဖြစ်မယ်ဆိုပြီး အင်္ဂလိပ်ကျောင်းဖြစ်တဲ့ စိန်ပီတာကျောင်းကိုပို့ပါတယ်။ 

စိန်တောင်မြန်မာဘုန်းတော်ကြီးကျောင်းမှ ပဥ္စမတန်းအောင်မြင်ခဲ့တဲ့ မောင် မိုးသူဟာ ခရစ်ယာန်ဘုန်း ကြီးကျောင်းဖြစ်တဲ့ စိန်ပီတာ ကျောင်းရောက်တော့ ၃ တန်းပဲ ရပါတယ်၊ အဲဒီ တော့ မောင်မိုးသူဟာ မြန်မာဘုန်းကြီးကျောင်းမှာ ပဉ္စမတန်း အထိပညာသင်ကြားခဲ့ပြီးနောက် ခရစ် ယာန်ဘုန်းကြီးကျောင်းဖြစ်တဲ့ စိန်ပီတာကျောင်းမှာ ၃တန်းမှ ၁၀တန်း အထိပညာသင်ကြားခဲ့ပါတယ်။

မောင်မိုးသူတို့ ကျောင်း နေစဉ်ပေါ့ စိန်ပီ တာကျောင်းဆိုတာ ခရစ်ယာန်ဘုန်း တော်ကြီးများ စီမံအုပ် ချုပ်တဲ့ ကျောင်းပဲဖြစ်ပါသေးတယ်၊ ပြီးတော့ မြန်မာဘုန်းကြီးကျောင်းထွက် မောင်မိုး သူဟာ ၃တန်းမှ ၁၀တန်း အထိ ခရစ်ယာန်ဘုန်းကြီးများရဲ့ သင် ကြားမှုအောက်မှာ စာပေသင်ကြားခဲ့ရသူဖြစ်ပါ တယ်၊ မောင်မိုးသူတို့ခေတ် မှာတော့ မူလတန်းမှာ မြန် မာ ဘုန်းတော်ကြီးကို လေးစားကြည်ညို ကြောက်ရွံ့ စွာသင်ကြားခဲ့ရသည့်နည်းတူ ခရစ်ယာန်ဘုန်းကြီး များလက် အောက်မှာလည်း ကြည်ညိုလေးစား ကြောက်ရွံ့ စွာသင်ကြားခဲ့ရသူဖြစ်ပါတယ်၊ အဲဒီအလေ့ အထနှစ်ခုနှင့် ကြီးပြင်းလာတဲ့ မောင်မိုးသူဟာ ငယ်ဆရာ မြန်မာဘုန်းတော်ကြီးကို လေးစားကြည်ညို ကြောက်ရွံ့ခဲ့ရသလို ခရစ်ယာန်ဘုန်းတော်ကြီးများကိုလည်း လေးစားကြည်ညို ကြောက်ရွံ့စွာသင် ကြားခဲ့ရသူ ဖြစ်ပါတယ်၊ ငယ်ဆရာ မြန်မာဘုန်းတော်ကြီးရဲ့ စိတ်ရင်း စေတနာကောင်းပုံ ပညာဖြန့်ဝေ သင်ကြားလေ့လာလို စိတ်ဖြစ်အောင် သင် ကြားနိုင်သလို သိမှတ်နားလည်ပြီး လိုက်နာသင်ယူခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။

မောင်မိုးသူရဲ့ ငယ် ဆရာ မြန်မာဘုန်းတော်ကြီးရဲ့ ဘွဲ့ကတော့ ဆ ရာတော်ဦးစန္ဒိမာဖြစ်ပါတယ်၊ ဆရာတော် ဦးစန္ဒိမာဟာ မောင်မိုး သူတို့တတွေ ကဗျာသင်ချင် တတ် ချင်တယ်ဆိုတော့ လယ်တီက ဦးဇင်းလေးတစ်ပါးဆီမှာ ကဗျာရေးဖွဲ့ဖို့ သင်ကြားစေပါတယ်၊ လယ်တီ ဦးဇင်းလေးကလည်း မောင်မိုးသူတို့တတွေကို ကဝိဘာရတီ ကျမ်း ကို သင်ကြားပေးပါတယ်၊ ကဝိဘာ ရတီ ကျမ်းက ကဗျာအစ သံပေါက်ကဆိုသလို အစလေးလုံး အလယ်သုံး အဆုံး ငါး ခုနှစ် ဆိုသဟာ ကို စတင်သင်ကြားရပါတယ်၊ သံပေါက်ပြီးတော့ လေးလုံးစပ်ကဗျာကို ဒီနောက်မှ လေးချိုးတို့ တြီချိုးတို့ ဒွေးချိုးတို့သင်ကြားရပါတယ်၊ တဆင့်ပြီးမှသင်ကြားရတာဖြစ်လေတော့ ခုန်ကျော်ပြီးသင် ကြားလို့မရ ဘူးခင်ဗျ၊ သံပေါက်ကို ပိုင်နိုင်မှ လေးလုံးစပ်ကို သင်ရတာ၊ ပြီးမှအချိုးတွေကိုသင်ရတာ၊ ကိုယ်က က ဗျာဝါသနာပါသူဖြစ်လေတော့ အလွန်ပျော်စရာကောင်းပြီး သံပေါက်ရော လေးလုံးစပ်ရော အချိုးကဗျာ တွေ အများကြီးအများကြီး ရေးခဲ့စပ်ခဲ့နိုင်ပါတယ်။

 မောင်မိုးသူတို့ ဆရာတော်ဦးစန္ဒိမာဟာ ကဗျာစပ် ချင်လို့ လယ်တီကဦးဇင်းလေးဆီမှာသင်ရသလို ပန်းချီဆွဲချင်တယ်ဆိုတော့လည်း ပန်းချီဆွဲတတ်တဲ့ သင်္ဂဇာဆရာ တော့်မှာ ပန်းချီဝါသနာပါတဲ့မောင်မိုးသူတို့ကိုစေလွှတ်ပြီး ပန်းချီသင်ကြားစေပါတယ်၊ အဲဒီခေတ်သင်္ဂဇာဆရာ တော်ရေးဆွဲတာက မြေဆေးပေါ့လေ၊ မြေဆေးအမှုန့်တွေကို အရည်ဖျော်ပြီး ဆွဲကြရတာဖြစ်ပါတယ်၊ ဘာပဲ ပြောပြော မောင်မိုးသူတို့တတွေတော့ ပန်းချီအခြေခံ ရေးတတ်ဆွဲတတ်ပြီး ပန်းချီဝါသနာပါလာခဲ့တာပေါ့။

 အဲဒီပန်းချီဝါသနာအခြေခံက စိန်ပီတာခရစ်ယာန်ဘုန်းကြီးကျောင်းရောက်ချိန်မှာ မောင်မိုးသူတို့ဝယ်ကြဖတ် ကြတဲ့ ကောင်းဘွိုင်ကွန်မစ်တွေထဲက ပုံတွေကိုလိုက်ပြီး ဆွဲဖြစ်ပါတယ်၊ ဒီနေရာမှာ မောင်မိုးသူဟာ ပဥ္စမတန်းအောင် ခြောက်တန်းတက်ရမယ့်ကျောင်းသားကို စိန်ပီတာကျောင်းက ၃တန်းကနေစပြီး သင်ကြားရတာဖြစ်လေတော့ မောင်မိုးသူအတွက် စိန်ပီတာကျောင်းသုံးတန်းမှာအင်္ဂလိပ်စာတစ်မျိုးသာလျှင် ကြိုးစားလေ့လာသင်ကြားရသူဖြစ်ပြီး ကျန်ဘာသာရပ်များကိုတော့ တတ်ပြီးသည့်နီးပါးလိုဖြစ်နေပါတော့တယ်။ ဒီမှာတင် မောင်မိုးသူဟာ ကျောင်းသင်ခန်းစာမှအပ အပြင်စာနယ်ဇင်းကို ရပ်ကွက်ထဲက စာကြည့်တိုက်မှာ အသင်းဝင်လုပ်ပြီး စာကြည့်တိုက်မှရှိသမျှ ဝတ္ထု မဂ္ဂဇင်းအားလုံးကို သိမ်းကြုံးပြီးဖတ်ပါတော့တယ်၊ အဲဒီလိုစာအုပ်အစုံနဲ့ စာကြည့်တိုက်အသင်းဝင် ဖြစ်ပြီး စာအုပ်အားလုံးကိုဖတ်ရုံတင်မကပဲ အရပ်ထဲမှာ စာကြည့် တိုက်တစ်ခုဖြစ်အောင် တည်ထောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ စာအုပ်တော်တော်စုံတဲ့ အပြင်စာအုပ်ဆိုင်က မြန်မာစာအုပ်တွေဖတ်ရှုရုံတင်မက စိန်ပီတာကျောင်း စာကြည့်တိုက်မှ စာအုပ်များကိုလည်း မောင်မိုးသူ ကုန်အောင်ဖတ်ဖြစ်သွားပါတော့တယ်။

အဲဒါတွေကတော့ မောင်မိုးသူငယ်ဘဝ မိဘနှင့်သားသမီးအဖြစ်မှသည် ဆရာနှင့်တပည့် ဝတ္တရားများ ကိုလည်း လိုက်နာဖြစ်ခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ရပါတယ်၊ မောင်မိုးသူတို့ မောနင်းစတားစကားဝိုင်းမှာ လည်း မိဘဝတ် သားသမီးဝတ်၊ ဆရာဝတ် တပည့်ဝတ်များအပြင် မင်းဝတ်(အစိုးရဝတ်) ပြည်သူ့ဝတ်များ အကြောင်းလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်၊ အစိုးရမင်းများရဲ့ ဝတ္တရားနှင့် ပြည်သူတို့ရဲ့ဝတ္တရားများအကြောင်း ကိုတော့ ရှေ့အပတ်မှရေးကြရအောင်ပါ၊
(Photo - His Facebook)