ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၆)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၆)
မိုးမခ ၊ မေ ၂၅ ၊ ၂၀၂၆
ခွေးပုက လမင်းကို ဟောင်တဲ့ခွေး။ ဒေါ်စုအပေါ် မနာလိုချက်က ဘက်ပေါင်းစုံဆိုပါတော့။ ဘယ်ကိစ္စမဆို မိုးနဲ့မြေ ဖြစ်နေတာကိုး။ စကားပြောတာ ကြည့်မလား၊ မပီ မမြည်။ ပညာကြည့်မလား၊ မမှီ။ လူထုထောက်ခံမှု ကြည့်မလား၊ မဆီမဆိုင်တဲ့ အိုမဆိုင် အိုမဆိုင်။ ကမ္ဘာ့နိုင်ငံတွေ အသိအမှတ်ပြုမှု ကြည့်မလား၊ လူ့အဖွဲ့အစည်းရဲ့ အလင်းနဲ့ အမှောင် ဟောင်သံအူသံကလွဲ အခြားမရှိတဲ့ကောင်။
ခုဆိုရင် သရေကြိုးတသိုက် ဖိလစ်ပိုင်သမ္မတကို လောင်မြိုက်၊ ဟောက်လိုက် အူလိုက်၊ အမြီးမြှောက်လိုက်၊ အီးပေါက်လိုက်နဲ့ သုနခနေပြည်တော်မှာ လေညှီစော်တွေ နံလို့ဆိုပဲ။
အာဆီယံ မတက်ရလို့ ငလက်မ စောင့်ခုန်နေပါတယ်ဆို၊ ဂျကာတာပို့စ်ကလည်း ခွေးလေး အရောဝင်ရင် ဘောလျက် ဘာလျက် လုပ်တတ်တဲ့အကြောင်း၊ ဒီခွေးက သခင့်လက်ကိုပါ ပြန်ကိုက်နေတဲ့ခွေး ဖြစ်ကြောင်း၊ ခွေးရူးပြန်ကာကွယ်ဆေးလည်း ထိုးမထားကြောင်း၊ မျက်နှာသာပေးလို့ မဖြစ်ကြောင်း၊ မျက်နှာသာ ပေးလိုက်တာနဲ့ နှုတ်သီးမှာ ချေးဗရပွနဲ့ ဘောင်းဘီထဲ အတင်းဝင်ရောကြောင်း ရေးထားသေးတယ်။ ဟိုနေ့ကပဲ ဗြိတိန် မြန်မာ သံရုံးမှာ သံအမတ်တွေ ဖိတ်ပြီး စည်းဝေးပွဲလုပ်ဖို့ ကြံသေးတာ၊ ခွေးဆိုးခွေးရူး ခွေးဘီလူးကို လူနားအကပ်မခံဖို့၊ လူတွေကို ဆက်ပြီး ဒုက္ခပေးတာ လက်မခံဖို့ ဝိုင်းပြောကြတော့ ခွေးဇာတ်ခင်းလို့ မရတော့ဘူး။
အဲဒီလို အခြေအနေမှာ ခွေးပုအတွက် အလင်းတစ်ချက် ကွက်ကနဲ ပေါ်လာတာက ပူပူနဲ့ အာဆီပွဲ။ အဲဒီမှာ ဂွေးဘုဂေး ခွေးပုလေးတစ်ကောင် ပူပူပူပူနဲ့ကို တစ်အူတည်း အူနေတော့တာ။ မအူခံနိုင်လို့လား၊ အာဆီယံကို ဝင်ဖို့ ခွေးတိုးပေါက် တွေ့သွားတာလေ။ ပူပူက အာဆီယံတွေနဲ့ သူ့ဆီမှာ အစည်းအဝေး လုပ်မယ်ဆိုတော့၊ သူ့အတွက် ခွေးတိုးပေါက် ဖွင့်ပေးဖို့နဲ့ ခွေးကတက်မှာ ထိုင်ခွင့်ပြုဖို့ အသည်းအသန် ဂဲမှန်နေလေရဲ့။ တလောက ဒုတိယကမ္ဘာစစ် အောင်ပွဲ ဝင်မဟောင်ရသလို ဖြစ်မှာလည်း စိုးရသေးတာကိုး။ ခွေးအရာမဟုတ်တဲ့ ရုရှား-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့တွေပါ အတည်ကြီး စွတ်ရွတ်ဟောင်လိုက်သေးတာ။ နည်းနည်း မျက်နှာသာရတာနဲ့ တက်ကာယက်လာတော့တာမျိုး။
မအူရ မနေနိုင်ကောင် ဆိုတော့ မန္တလေးတိုင်းမှာ ရည်မှန်းချက် ပြည့်မီအောင် မစိုက်ပျိုးနိုင်လို့ နှစ်တိုင်း မြန်မာငွေ ၃၇၆၅ ဘီလီယံလောက် နစ်နာဆုံးရှုံးရတယ်လို့ နှုတ်သီးလေးမော့ ဖင်လေးကော့ပြီး အူလိုက်သေးတာ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို တစ်နှစ် ဒေါ်လာ ၈ ဘီလီယံလောက် လစ်နေတယ်တဲ့။
တနိုင်ငံလုံးက ရွာတွေ မီးပတ်ရှို့လို့ လယ်ယာသုံးပစ္စည်းတွေရော မျိုးစေ့တွေရော ကျွဲ နွားတွေရော ဘာဆိုဘာမှ မကျန်တော့တာ သိရက်နဲ့ သက်သက် ခွေးကျင့်ခွေးကြံနဲ့ အူတာဟောင်တာ။ ဒီလို မသာ လနာကို ဘယ်အာဆီယံက လက်ခံမတုန်း။
အဲဒီ လနာမသာကို ခွေးကတက်မှ ပေးမတက်ရကောင်းလားဆိုပြီး အာဆီယံကနေ မြန်မာနိုင်ငံ နှုတ်ထွက်ဖို့ နေဝင်းမြေး ဝက်နေဝင်းနဲ့ ဘူးလက်တို့က အရူးကွက် ဖော်ပေးကြတာ။ ဟိုက အရူးပါး။ သူမှ လူနံ့ရှူချင်လွန်းလို့ လေးဘက်ထောက် တိုးနေပါတယ်ဆို နှုတ်ထွက်ခိုင်းနေတယ်။ ဟိုနှစ်ကောင်က တမင်အူတာ။ မင်းဟာ ဘယ်တော့မှ လူတန်းစေ့မှာ မဟုတ်ဘူး ငလက်မလို့ ပြောလိုက်တာပဲလေ။ ဒီနှစ်ကောင်ကို ဘယ်နေ့ နှုတ်သီးဖြတ်ရိုက်မလဲ မသိ။
ဝက်နေဝင်းက အာဆီယံတွေလည်း လွတ်လပ်ရေး ရကတည်းက တပါတီစနစ်၊ ကွန်မြူနစ်စနစ်၊ သက်ဦးဆံပိုင်စနစ် ကျင့်သုံးတဲ့နိုင်ငံတွေ ရှိတာပဲလို့လည်း ဟောင်လိုက်သေးတာ။ ဟိုက ဘာစနစ်နဲ့ အုပ်ချုပ်ချုပ် သူ့ပြည်သူကို ပြန်မသတ်၊ ကိုယ့်တိုင်းပြည်ကို ပြန်မဖျက်ကြဘူးလေ။ ဒီကောင်က မအလကို ကြိုးစင်မြန်မြန်တက်ရအောင် လော်ပေးတာ။ ဘူးလက်ကလည်း နှစ်ပဲတစ်ပြား အာဆီယံဘာညာနဲ့ အာချောင်နေတာ၊ ပလုပ်ရောင်ဖို့သာ ပြင်ထား။ ဒါဟာ နှစ်ပဲတစ်ပြား အာဆီယံကောင် အသိအမှတ် မပြုဘူးဆိုတော့ မအလကို တစ်ပြားမှ မတန်တဲ့အကောင်ဆိုပြီး သွယ်ဝိုက်ဆဲတာလေ။ ဘူးလက်က စစ်တိုင်းတွေ ပြုတ်သွားကတည်းက မအလကို သရေကြိုးလို့ ပြောနေတဲ့ကောင်။
မအလကတော့ အာဆီယံ မတက်ရလည်း ပြင်ဦးလွင် တက်တယ်ကွာဆိုပြီး၊ သူတို့ သားအဖရဲ့ ကျားဖြန့် မြို့သစ်စီမံကိန်းကို နိုင်ငံတော်စရိတ်နဲ့ ဆောက်ပေးဖို့ သွားပြောတယ်။ သောက်သုံးရေ၊ ဆိုလာ တပ်ပေးဖို့ရော၊ လျှပ်စစ်မီး ဆင်ပေးဖို့ရော၊ ငလျင်ဒဏ်ခံအောင် ဆောက်ပေးဖို့ရော လိုအပ်ချက်တွေ အကုန်လုံး ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းပေးဖို့ တက်အူတာပေါ့။ အရင်လို စစ်တက္ကသိုလ်တွေထိတော့ ဟောင်လို့ မရတော့ဘူး။ အဲဒီတစ်ဌာနတော့ သူ မပိုင်တော့ဘူး။ ရဲဝင်ဦးက တခြားကောင်တွေ ဝင်အအူ မခံတော့ဘူးတဲ့။ အဲဒါ မင်းအောင်လှိုင် ဖြတ်လျှောက်လောက်ပဲ လုပ်ခဲ့ရတာပေါ့လေ။ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်လောက်ပေါ့။ ဟောင်သံတောင် မပေးရဲဘူး၊ ပေးခွင့်မရဘူးတဲ့။ ဆိုလာက သူ့သမီးဆီကဝယ်ပြီး သူ့သားကို ဆင်ပေးရမှာတဲ့။ ကျားဖြန့်ဆရာကြီးအပိုင်းတွေ လာနေကြမှာမို့ ရှယ်လုပ်ပေးရမတဲ့။ ရေမီးအင်တာနက်တင်မက နိုင်ငံခြားသား ကျားဖြန့်တွေအတွက် နိုင်ငံသားမှတ်ပုံတင်နဲ့ ပါ့စပို့စ်ပါ အရံသင့် ဝန်ဆောင်မှုပေးရမှာတဲ့။
မအလက ဒါတွေကို ဖုံးဖိဖို့ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်တွေကို သေဒဏ်ပေးဖို့ထိ ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်မယ့် ဥပဒေကြမ်းတစ်ခု ဟန်ပြထုတ်လာတယ်။
သရေကြိုးက ကျားဖြန့်စင်တာတွေကို အမြစ်ပြတ် ချေမှုန်းဖို့ဟာ “အမျိုးသားရေးတာဝန်” ဖြစ်တယ်၊ အဲဒါကြောင့် ကတော်တွေက မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုသလို စင်တာအသစ်တွေကို တစ်ဖက်လှည့်နဲ့ တာဝန်ယူရမယ်လို့လည်း အူသွားသေးသတဲ့။
အဲဒီဥပဒေကြမ်းအရ ဆက်သွယ်ရေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ဗဟိုကြီးကြပ်ရေးကော်မတီကို အမည်ပြောင်းပြီး အဖွဲ့သစ်လည်း ပြန်ဖွဲ့ရမတဲ့။ အဲဒီတုန်းက ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်ဟာ သူကိုယ်တိုင် အမည်ခံနှိမ်နင်းရမယ့် ငွေလိမ်လုပ်ငန်းတွေဆီကနေ လာဘ်ငွေတွေ အများကြီး ယူခဲ့တာ တရုတ်ကပြောလို့ ရာထူးကနေ ဖြုတ်ချပေးလိုက်ရသေးတယ်လေ။ မအလကို တစ်ကွက်ကျော်စားတာလည်း ပါတာပေါ့။ တရုတ်ခိုင်းလို့ ဖြုတ်ပေးရတဲ့ ကျားဖြန့်ရာဇာ ဗိုလ်ချုပ်တွေမှ အများကြီး မဟုတ်လား။ အမေရိကန်တွေ ဝင်စီးမှာကြောက်လို့ ကျားဖြန့်တွေကို စနစ်တကျ နိုင်ငံအတွင်းပိုင်း ရွှေ့ကြပြီလေ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေထိ တော်တော်လေး အခြေချပြီးကြပြီ။
တကယ်တော့ "၁၀၂၇ စစ်ဆင်ရေး" ဆိုတာဟာ တရုတ်ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးပါပဲ။ တော်လှန်ရေးဘက်ကတော့ စစ်အုပ်စုအင်အား ချိနဲ့သွားတာကို အမြတ်အဖြစ် ယူခဲ့ရတာပေါ့။ အဲဒီပွဲမှာ တရုတ်တောင်းတဲ့ ကျားဖြန့်တရားခံတွေကို ပေးခဲ့ရတဲ့အပြင်၊ ကျားဖြန့်နဲ့ ချိတ်ဆက် အလုပ်လုပ်ရတဲ့ နာမည်ခံဗိုလ်ချုပ်တွေပါ အဆစ်ထည့် ဖြုတ်ချဖမ်းဆီးပြခဲ့ရပါတယ်။
ကရင်ဘက်မှာလည်း တိုက်ဖျက်ချင်ယောင် ဆောင်ပြပြီး DKBA, BGFတွေနဲ့ပေါင်းပြီး စနစ်တကျ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
သရေကြိုးမအလ ပလ္လင်သူခိုး ကြင်စိုး ငလက်မကတော့၊ ဘယ်လိုပင် လူဟန်ဆောင်ဆောင် အူသံဟောင်သံတွေကတော့ ဆူညံနေတုန်းပါပဲ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar