Breaking News

မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း - ၅


မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း - ၅(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၉

အခန်း ၁ အပိုင်း ၅
မိုင်းပျ ဉ်းမြို့နယ်
လက်ရှိမိုင်းပျ ဉ်းမြို့နယ်အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ၏ ၄/၈/၁၉၇၂ ရက်စွဲပါ အမိန့်စာအရ၎င်း၊ တုန်တာမြို့နယ်ခွဲအား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၉/၈/၂၀၀၂ ရက်စွဲပါ အမိန့်စာအရ၎င်း ဖွဲ့စည်းထားရှိခဲ့သည်။ 

မိုင်းပျ ဉ်းမြို့ နယ်၏အရှေ့ဖက်တွင် ကျ ိုင်းတုံမြို့နယ်၊ မြောက်ဖက်တွင် မက်မန်းမြို့ နယ်၊ အနောက်ဖက်တွင် သံလွင်မြစ်၊ တောင်ဖက်တွင် မိုင်းဆတ်မြို့နယ်တို့ နှင့် ထိစပ်နေပြီး ၂၃၃၁ ဧရိယာဧက ကျယ်ဝန်းသည်ဟုဆိုပါသည်။

မိုင်းပျ ဉ်းမြို့နယ်တွင်း၌ တောတောင်ထူထပ်သည်။ အမြင့်ဆုံး လွယ်ဆီး တောင်သည် ၇၃၂၉ ပေမြင့်သည်။ မြို့နယ်တခုလုံး၌ သစ်တောဖုံးလွှမ်းမှု မှာ  ၅၉.၃၁% ရှိသည်။ ပြီးခဲ့သော ၇ နှစ်အတွင်း ပျမ်းမျှ မိုးရေချိန်လက်မ ၄၀ ခန့်ရှိသည်။ နွေရာသီအမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ထိရှိပြီး ဆောင်း ရာသီတွင် ၁၀ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။

မိုင်းပျ ဉ်းမြို့နယ်တောတောင်များအတွင်း ကျွန်း၊ အင်ကြင်း၊ ပိတောက်၊ သစ်ယား၊ သစ်အယ်၊ ဖန်ခါး၊ ထင်းရူး၊ လက်ပံ၊ ဝါးမျ ိုးစုံတို့ပေါက်ရောက် သည်။ မိုင်းပျ ဉ်းမြို့နယ်ရှိတောတောင်များတွင် ကျား၊ ကျားသစ်၊ ဝက်ဝံ၊ ပြောင် ၊ သမင်၊ ဒရယ်၊ ဂျီ ၊ ဆတ်၊ တောဝက်၊ တောင်ဆိတ်၊ တောကြောင်၊ ပွေး၊ သင်း
ခွေချပ်၊ မျောက်၊ မြွေ၊ လင်းဆွဲ၊ တောကြက်၊ ငှက်မျ ို းစုံ၊ ရှဉ့်မျ ို းစုံတို့ ကျက်စား သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်တွင် ထုတ်ပြန်သော အထွေထွေအုပ်ချ ုပ် ရေးဦးစီးဌာန၏ စာရင်းအရ မိုင်းပျ ဉ်းမြို့ နယ်တွင်းရှိလူဦးရေမှာ
၁။ လားဟူ ၂၄,၇၁၈ ဦး
၂။ ရှမ်း ၂၄,၃၃၈ ဦး
၃။ ပလောင် ၄,၁၃၀ ဦး
၄။ အာခါ ၂,၁၆၂ ဦး
၅။ ဝ ၂,၈၂၈ ဦး
၆။ ဗမာ ၂,၉၆၇ ဦး စသည့်လူမျ ိုးများ အများစုနေထိုင်ကြပြီး
စုစုပေါင်း လူဦးရေ ၆၂,၃၁၂ ဦး နေထိုင်ကြသည်။

မိုင်းပျ ဉ်းမြို့ပေါ်တွင် ရပ်ကွက် ၃ ခု၊ အိမ်ခြေ ၁၂၇၂ အိမ်၊ အိမ်ထောင် စု ၁၂၇၂ စုရှိသည်။ ကျေးလက်တွင် ကျေ းရွာအုပ်စု ၂၄ စု၊ ကျေ းရွာ ၃၉၃ ရွာ၊ အိမ်ခြေ ၉၀၆၄ အိမ်၊ အိမ်ထောင်စု ၉၂၈၄ စုရှိသည်။ တုန်တာမြို့နယ်ခွဲတွင်  ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၃၅၇ အိမ်၊ အိမ်ထောင်စု ၄၀၆ စုရှိသည်။

ဘာသာရေးကိုးကွယ်မှု မှာ မိုင်းပျ ဉ်းမြို့နယ်အတွင်း၌
၁။ ဗုဒ္ဓဘာသာ ၃၃,၃၇၉ ဦး
၂။ ခရစ်ယာန် ၁၁,၆၇၅ ဦး
၃။ နတ် ၁၃,၅၃၇ ဦး
၄။ မွတ်စလင် ၃၈၃ ဦး ရှိပါသည်။

တုံတာမြို့နယ်ခွဲအတွင်း၌
၁။ ဗုဒ္ဓဘာသာ ၁,၄၄၄ ဦး
၂။ ခရစ်ယာန် ၁,၈၉၄ ဦး ရှိပါသည်။

မိုင်းပျ ဉ်းမြို့နယ်အတွင်း၌ ဗုဒ္ဓဘာသာ ဘုရား ၂၉ ဆူ၊ စေတီ ၂၉ ဆူ၊ ဘုန်းကြီးကျောင်း ၁၂၆ ကျောင်းရှိပြီး ရဟန်း ၁၉၆ ပါး၊ သာမဏေ ၁၁၄၇ ပါး၊ သီလရင် ၂ ပါးရှိသည်။ ခရစ်ယန်ဘုရားကျောင်း မြို့ပေါ်တွင် ၄ ကျောင်း၊ ကျေး ရွာတွင် ၂ ကျောင်းရှိသည်။ တရုတ်ဘုံကျောင်း မြို့ပေါ်တွင် ၁ ကျောင်းရှိပြီး၊ မွတ်စလင်ဗလီ မြို့ပေါ်တွင် ၁ ခု၊ ကျေးရွာတွင် ၁ ခုရှိသည်။

မိုင်းပျ ဉ်းမြို့နယ်အတွင်းရှိမြေအမျ ို းအစားများမှာ
၁။ လယ်မြေ ၄၉၇၀ ဧက
၂။ ယာမြေ ၆၇၁၁ ဧက
၃။ ဥယျ ဉ် ၈၉၈ ဧက
၄။ တောင်ယာ ၆၁၂၀ ဧက
၅။ မြို့မြေ ၃၈၇ ဧက
၆။ ရွာမြေ ၂၂၈၉ ဧက
၇။ ကြို းဝိုင်း/ကြို းပြင် ၂၅၉၃၁၆ ဧက
၈။ တောရိုင်း ၁၁၁၀၀၄ ဧက
၉။မြေရိုင်း ၂၄၆၇၈၈ ဧက
၁၀။ မစိုက်ပျ ိုးနိုင်သောမြေ ၄၁၈၁၄၈ ဧက
စုစုပေါင်း ၁၀၉၄၆၀၉ ဧက ဖြစ်သည်။

အဓိက စိုက်ပျ ိုးသီးနှံနှင့်ထွက်ရှိမှု မှာ

စဉ် အမျ ို းအစား စိုက်ဧက ထွက်ရှိမှု
၁။ မိုးစပါး ၂၀၅၄၀ ၁၄၃၈၂၁၁ တင်း
၂။ မိုးမြေပဲ ၁၄၀ ၆၉၇၂ တင်း
၃။ ဆောင်းမြေပဲ ၉၀ ၄၅၀၃ တင်း
၄။ နှမ်း ၁၁၆၇ ၁၁၁၄၂ တင်း
၅။ အစေ့ထုတ်ပြောင်း ၁၄၅၀ ၈၉၅၃၇ တင်း
၆။ လဘက် ၁၇၅ ၄၈၉၈၃ ပိသာ
၇။ ၾကက္သြန္နီ ၁၅၀ ၂၄၃၁၅၀ ပိသာ
၈။အာလူး ၇၆ ၁၈၀၉၉၅ ပိသာ စသည္တိ့ု
ဖြစ်ကြပြီး ကွမ်း၊ ကော်ဖီ၊ လိမ္မော်၊ လိုင်ချီးစသည်တို့အားလည်း စိုက်ပျ ို းကြသည်။

အဓိကအသက်မွေးဝမ်းကြောင်းမှာ စိုက်ပျ ို းရေးဖြစ်သည်။ မိုင်းပျ ဉ်း မြို့နယ်၏ ဆန်ဖူလုံမှု မှာ ၁၄၇%ရှိပြီး ဆီဖူလုံမှု မှာ ၃၀.၅% ဖြစ်သည်။ စိုက် ပျ ိုးရေးလုပ်ငန်းတွင် ကျွဲ ၉၄၇ ကောင်၊ နွား ၄၃၂ ကောင်အသုံးပြု သည်။ ထို့ ပြင် လယ်ထွန်စက် ၃ စီး လက်တွန်းလယ်ထွန်စက် ၃၀ စီးအသုံးပြုသည်ဟု ဆိုပါသည်။

မွေးမြူ ရေးကဏ္ဏတွင် ၂၀၁၇/၂၀၁၈ ၌
၁။ ကျွဲ ၁၇၁၁၂ ကောင်
၂။ နွား ၁၅၃၁၅ ကောင်
၃။ ဝက် ၃၁၄၂၀ ကောင်
၄။ သိုး/ဆိတ် ၁၂၀၀ ကောင်
၅။ ကြက် ၃၃၂၉၅၉ ကောင်
၆။ ဘဲ ၅၅၈၂ ကောင်ရှိသည်ဟု ဖေါ်ပြထားပါသည်။

မိုင်းပျ ဉ်းမြို့နယ်တွင်း အလုပ်လုပ်နိုင်သူ ၃၈,၁၁၁ ဦးရှိပြီး အလုပ်ရှိသူ ၃၅,၉၃၈ ဦးရှိ၍ အလုပ်လက်မဲ့ ၂,၁၇၃ ဦးရှိရာ အလုပ်လက်မဲ့နှုံ း ၅.၇% ဟုဆို ပါသည်။ မိုင်းပျ ဉ်းမြို့နယ်အတွင်း မြစိမ်းရောင်ကျေ းရွာ ၃ ရွာရှိပါသည်။

မိုင်းပျ ဉ်းသည် ရှမ်းအရှေ့တခွင်သာမက ဝ နယ်နှင့် ရှမ်းတောင်သို့ တိုက်ရိုက်ဆက်သွယ်သွားလာနိုင်သည့်မြို့ ဖြစ်သည်။ မိုင်းပျ ဉ်းအနောက်ဖက်  ၄၉ မိုင်အကွာရှိသံလွင်မြစ် တာကော်တံတားနှင့် ၇၃ မိုင်အကွာရှိ ကွန်ဟိန်း တို့အားဖြတ်သန်းပြီး တောင်ကြီးသို့ သွားလာနိုင်သည်။ မြောက်ဖက် ၂၃ မိုင် အကွာရှိ ဝမ်တာခက်မှတဆင့် ၇၃ မိုင်အကွာရှိ မက်မန်း( ဝ ကိုယ်ပိုင်အုပ်ချ ုပ် ရေးဒေသ) သို့ ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ မိုင်းပျ ဉ်းအရှေ့ဖက် မိုင် ၃၀ အကွာရှိ တုံတာမှတဆင့် ၆၅ မိုင်အကွာရှိ ကျ ိုင်းတုံအထိ ကားလမ်းဆက်
သွယ်ထားပြီး ထိုမှတဆင့် တာချီလိတ်သို့သွားလာနိုင်သည်။ ထို့ပြင် မိုင်ပျ ဉ်း ၏တောင်ဖက် ၃၈ မိုင်အကွာရှိ တာအောမှတဆင့် ၉၄ မိုင်အကွာရှိ မိုင်းဆတ် သို့ သွားလာနိုင်သည်။ မိုင်းပျ ဉ်းသည် ရှမ်းအရှေ့ပိုင်းရှိဒေသများသို့ တိုက်ရိုက် သွားလာရန် လွယ်ကူသည့် ဒေသဖြစ်သည်။ လမ်းများမှာ ကတ္တရာလမ်းများ၊ ကျောက်ကြမ်းလမ်းများဖြစ်ပြီး လမ်းကျ ဉ်း၍ အနဲငယ်လမ်းကြမ်းသည်ဟု ဆိုနိုင်သည်။

မိုင်းပျ ဉ်းမြို့ နယ်တွင် ရွှေနမ့်ပိန်း၊ ရွှေကျားဖြူ ၊ လားဟူလေးစသော ယဉ်လိုင်းများရှိပြီး မိုင်းပျ ဉ်း-တောင်ကြီး၊ မိုင်းပျ ဉ်း-ကျ ိုင်းတုံ-တာချီလိတ်သို့ ပြေးဆွဲပါသည်။ မိုင်းပျ ဉ်း တုံတာမှ အရှေ့မြောက်ဖက် မိုင်းညှင်းကိုဖြတ်၍ UWSA ထိမ်းချ ုပ်ရာ မိုင်းပေါက်သို့ သွားလာနိုင်သည်။ လမ်း အနဲငယ်ကြမ်း သည်ဟုဆိုကြပါသည်။

ပညာရေးကဏ္ဏ၌ မိုင်းပျဉ်းမြို့ပေါ်တွင် အထက ၁ ကျောင်း(ဆရာ ၃၅၊ကျောင်းသား ၁၁၁၀)၊ မိုင်းပုအွန်၊ မိုင်းပျ ဉ်းအောက်စျေးတန်း၊ မိုင်းမန်း၊ ပန် တာလေ စသည်တို့တွင် အထကခွဲ ၄ ခု ( ဆရာ ၄၉ ဦး၊ ကျောင်းသား ၁၉၄၆ ဦး) ၊ အမက ၉၁ ကျောင်း( ဆရာ ၁၄၈ ဦး၊ ကျောင်းသား ၃၉၁၅ ဦး) ၊ ဘုန်း
တော်ကြီးပညာသင်ကျောင်း ၁ ကျောင်း (ဆရာ ၃ ဦး၊ ကျောင်းသား ၅၅ ဦး) တို့ဖွင့်လှစ်ထားသည်ဟုဆိုသည်။

မိုင်းပျ ဉ်းမြို့နယ်တွင်း ကျောင်းနေရွယ်ကလေး ကျောင်းအပ်ှနံမှုမှာ
၅ နှစ်ပြည့်ကလေး ၁၇၀၁ ဦး
ကျောင်းအပ်နှံမှု ၁၂၃၂ ဦး
ကျောင်းအပ်နှံမှုနှုံး ၇၂.၄၂% ဖြစ်ပါသည်။

တက္ကသို့လ်ဝင်တန်းသို့ရောက်ရှိဖြေဆိုမှု မှာ ၂၀၁၆/၂၀၁၇ ပညာသင်နှစ်
စာရင်းရှိ ၁၆၁ ဦး
ဖြေဆိုသူ ၁၄၁ ဦး
အောင်မြင်သူ ၂၁ ဦး
အောင်ချက် ၁၄.၈၉% ဖြစ်ပါသည်။

မိုင်းပျ ဉ်းမြို့နယ် စာတတ်မြောက်မှု နှုံ းမှာ
မြို့နယ်လူဦးရေ ၆၂,၃၁၂ ဦး
၁၅ နှစ်အထက် လူဦးရေ ၃၈,၉၅၅ ဦး
စာတတ်သူဦးရေ ၂၀,၈၀၀ ဦး
စာတတ်မြောက်မှု နှုံး ၃၅% ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဏအနေနှင့် မိုင်းပျ ဉ်းမြို့တွင် ၂၅ ကုတင်ဆန့် ဆေးရုံ ၁ ရုံ၊ မိုင်းပုအွန်၊ တာကော်၊ မိုင်းပုကြီးတို့တွင် ကျန်းမာရေးဌာ ၃ ခုနှင့် လက်အောက်ခံ ကျန်းမာရေးဌာနခွဲ ၆ ခုရှိပါသည်။ မြို့နယ်ဆေးရုံ ဆေးခန်း
များတွင် ဆရာဝန် ၂ ဦး၊ သူနာပြု ၁၂ ဦးရှိပြီး လက်ထောက်ကျန်းမာရေးမှူ း မရှိပါ။ ကျန်းမာရေးစောင့်ရှောက်မှု နှုံးမှာ ဆရာဝန်နှင့် လူဦးရေ ၁: ၃၁၁၅၆ ဖြစ်ပြီး သူနာပြုနှင့်လူဦးရေ ၁ : ၅၁၉၂ ဖြစ်ပါသည်။ ငှက်ဖျား၊ တီဘီ၊ ဝမ်းကိုက်ရောဂါများအဖြစ်များသည်။ ကိုယ်ဝန်ပျက်ကျ နှုံး ၄.၁% ရှိပါသည်။

မိုင်းပျ ဉ်းမြို့နယ်အတွင်းရှိ အခြေစိုက်ပါတီများမှာ
၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ လားဟူအမျ ိုးသားဖွံ့ဖြို းတိုးတက်ရေးပါတီ တို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မိုင်းပျ ဉ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာအတွက်

မဲပေးနိုင်သူ - ၃၅,၇၂၉ ဦး
မဲလာပေးသူ  - ၂၃,၂၆၆ ဦး ၆၅.၁၂% ရှိပြီး
USDP က ၇,၅၈၀ မဲ  - ၃၂.၅၇% ဖြင့်အနိုင်ရသည်။
SNLD က ၃,၅၆၈ မဲ  - ၁၅.၃၃% ဖြင့် ဒုတိယ
NLD က  ၃,၀၂၀ မဲ - ၁၂.၉၈% ဖြင့်တတိယ
လားဟူပါတီက ၂,၅၇၁ မဲ  - ၁၁.၀၅% ဖြင့် စတုတ္ထရပါသည်။

မိုင်းပျ ဉ်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ ကိုယ်စားလည်နေရာအတွက် အရွေးခံရာတွင်
မဲပေးနိုင်သူ ၁၈,၅၅၄ ဦး
မဲလာပေးသူ ၁၃,၃၂၈ ဦး ၇၁.၈၃%
USDP က ၄,၆၁၇ မဲ ၃၈.၂၈% ဖြင့်အနိုင်ရသည်။
SNLD က ၂,၅၅၉ မဲ ၂၁.၂၂% ဖြင့် ဒုတိယ
လားဟူပါတီက ၂,၀၈၈ မဲ ၁၇.၃၁% ဖြင့်တတိယ
NLD က ၁,၇၁၉ မဲ ၁၄.၂၅%ဖြင့်စတုတ္ထလိုက်သည်။

အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာအတွက် အရွေးခံရာတွင်
မဲပေးနိုင်သူ ၁၇,၁၇၅ ဦး
မဲလာပေးသူ ၉,၇၇၂ ဦး ၅၆.၉၀%
USDP က ၃,၃၁၅ မဲ ၃၉.၃၇%ဖြင့်အနိုင်ရသည်။
NLD က ၁,၅၅၅ မဲ ၁၈.၄၇% ဖြင့် ဒုတိယ
SNLD က ၁,၄၁၆ မဲ ၁၆.၈၂% ဖြင့် တတိယ
SNDP က ၁,၁၇၅ မဲ ၁၃.၉၅% ဖြင့် စတုတ္ထ
လားဟူပါတီက ၈၁၁ မဲ ၉.၆၃% ဖြင့် ပဥ္စမလိုက်ပါသည်။

၂၀၁၇ စက်တင် ၃၀ ရက် မိုင်းပျ ဉ်းအထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာန  စာရင်းအရ မြို့ နယ်တွင်းမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ကျား ၁၉,၂၇၃ ဦး မ ၁၈,၈၁၉ ဦး စုစုပေါင်း ၃၈,၀၉၂ ဦး ဖြစ်ပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန် ချက်အရ ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူဦးရေမှာ ၃၅,၇၂၉ ဦးဖြစ်ပါ
သည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး