Breaking News

မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း (၇)



မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း (၇)

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၉

အခန်း ၁ အပိုင်း ၇
မိုင်းဖြတ်မြို့နယ်


တာချီလိတ်ခရိုင်တွင်းမှ မြို့နယ်တခုဖြစ်သည်။ မိုင်းဖြတ်မြို့နယ်အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၄/၈/၁၉၇၂ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်အဖြစ်ဖွဲ့စည်းခဲ့သည်။ မိုင်းဖြတ်မြို့နယ်သည် အရှေ့နောက် ၃၂.၉၅ မိုင်၊ တောင် မြောက် ၂၆.၁၃ မိုင်ရှည်လျားပြီး အကျယ်အဝန်း ဧရိယာ ၇၉၆.၈၃ စတုရန်းမိုင်ရှိပါသည်။ အရှေ့ဖက်တွင် မိုင်းယောင်းမြို့နယ်၊ အနောက်ဖက်တွင် မိုင်းဆတ်မြို့နယ်၊ မြောက်ဖက်တွင် ကျ ိုင်းတုံမြို့နယ်၊ တောင်ဖက်တွင် တာချီလိတ်မြို့နယ်တို့နှင့်ထိစပ်နေသည်။

မိုင်းဖြတ်မြို့နယ်သည် တောင်တန်းများထူပြောသကဲ့သို့ မိုင်းဖြတ်လွင် ပြင်၊ မိုင်းဟဲလွင်ပြင်၊ မိုင်းတင်းလွင်ပြင်၊ လန်းဆတ်လွင်ပြင်ကဲ့သို့ ကုန်းမြေ မြင့်လွင်ပြင်များလည်းရှိပါသည်။ မိုင်းဖြတ်မြို့နယ်အတွင်း မြစ်ချောင်းများ ပေါ များပြီး မြောက်မှ အရှေ့တောင်နှင့်တောင်ဖက်သို့စီးဆင်းသည်။ နမ့်လုံချောင်း၊
တာမချောင်း၊ နမ့်ပန်ချောင်းတို့ထင်ရှားသည်။ မိုင်းဖြတ်မြို့နယ်၏ ပျမ်းမျှ ပင် လယ်ရေမျက်နှာပြင်မှာ ၁၅၀၁ ပေဖြစ်ပါသည်။

ပြီးခဲ့သော ၇ နှစ်အတွင် ပျမ်းမျှတနှစ်လျင် ၁၀၃ ရက်မိုးရွာသွန်းပြီး ပျမ်းမျှ မိုးရေချိန်လက်မ ၇၃.၉၃ လက်မရှိသည်။ ပြီးခဲ့သော ၇ နှစ်အတွင်း နွေရာသီ၌ အမြင့်ဆုံးအပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ်ထိရှိပြီး ဆောင်းရာသီ
အနိမ့်ဆုံးအပူချိန်မှာ ၁၃ စင်တီဂရိတ်ရှိပါသည်။

မိုင်းဖြတ်မြို့ နယ်တွင်းရှိတောတောင်များတွင် ကျွန်းအနည်းငယ်၊ ပိတောက်၊ ထင်းရူး၊ လောက်ယား၊ ဖန်ခါး၊ ယမနေ၊ ပျ ဉ်းမ၊ နဘဲ၊ ကသစ်၊ တောင်သရက်၊ တောင်တမာ၊ ကုက္ကို ၊ မယ်ဇလီ၊ တင်းဝါး၊ ဝါးပိုးဝါး၊ မျှင်ဝါး၊
ကျခတ်ဝါး၊ နတ်မျှားပင်ခေါ်တံမျက်စည်းပင်များ တောတောင်အနှံ့ပေါက် ရောက်သည်။ အဆိုပါတောတောင်များအတွင်း တောဝက်၊ ဝက်ဝံ၊ ဆတ်၊ တောင်ဆိတ်၊ တောဆိတ်၊ ဂျီ ၊ တောကြောင်၊ သင်းခွေချပ်နှင့်မျောက်အမျ ို းမျ ိုး ကျက်စားပါသည်။

မိုင်းဖြတ်မြို့နယ်တွင်း အဓိက နေထိုင်ကြသော တိုင်းရင်းသားလူမျ ိုး များနှင့်လူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ရှမ်း - ၁၁,၀၂၅ ဦး
၂။ လားဟူ - ၁၀,၃၅၈ ဦး
၃။ အာခါ - ၃,၄၂၇ ဦး မှာအဓိကအများစုဖြစ်ပြီး အခြားတိုင်းရင်းသားများလည်း လူဦးရေအနည်းငယ်စီနေထိုင်ကြပါသည်။ မိုင်းဖြတ်မြို့ နယ် ၏စုစုပေါင်းလူဦးရေမှာ ၂၇,၅၀၄ ဦးဖြစ်ပါသည်။

မိုးဖြတ်မြို့ပေါ်ရပ်ကွက် ၃ ခုတွင် အိမ်ခြေ ၁,၁၀၈ အိမ်၊ အိမ်ထောင်စု  ၁,၁၁၅ စုရှိပြီး ကျေးလက်တွင် ကျေး ရွာအုပ်စု ၂၂ စု ၊ ကျေးရွာ ၁၉၂ ရွာရှိပါသည်။

ဘာသာရေးကိုးကွယ်မှု မှာ
၁။ ဗုဒ္ဓဘာသာ - ၁၆,၇၉၂ ဦး
၂။ ခရစ်ယာန် - ၉,၅၉၃ ဦး
၃။ နတ် - ၁,၁၁၉ ဦး ဖြစ်ပါသည်။

မြို့နယ်တွင်း၌ ဗုဒ္ဓဘာသာ ဘုရား ၁ ဆူ၊ စေတီ ၃၀၊ ဘုန်းတော်ကြီး ကျောင်း ၅၀၊ ရဟန်း ၉၈ ပါးနှင့် သာမဏေ ၄၄၅ ပါးရှိပါသည်။ ခရစ်ယာန် ဘုရားကျောင်းများမှာ မြို့ပေါ်၌ ၉ ကျောင်း ကျေ းလက်ရွာများ၌ကျောင်း ၇၀ ရှိပါသည်။

မိုင်းဖြတ်မြို့ နယ်တွင်းရှိ မြေအမျ ို းအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ လယ်မြေ - ၈,၈၂၀ ဧက
၂။ ယာမြေ - ၅,၀၅၄ ဧက
၃။ ဥယျ ဉ်မြေ - ၁,၁၇၁ ဧက
၄။ တောင်ယာ - ၂,၁၈၃ ဧက
၅။ ကြို းဝိုင်း/ပြင် - ၉,၀၁၉၄ ဧက
၆။ တောရိုင်း - ၃၈,၀၇၂ ဧက
၇။ မြေရိုင်း - ၁၀,၉၉၀၂ ဧက
၈။ စိုက်ပျ ိုးမရသောမြေ - ၇,၂၁၀ ဧက တို့ဖြစ်ပါသည်။

စိုက်ပျ ို းသီးနှံနှင့်ထွက်နှုံ းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ် အမျ ိုးအစား စိုက်ဧက ထွက်ရှိမှု
၁။ မိုးစပါး ၁၆၆၁၀ ၁၂၈၇၂၇၅ တင်း
၂။ နွေစပါး ၁၀၁ -
၃။ မိုးမြေပဲ ၆၇၃ ၃၄၉၉၆ တင်း
၄။ ဆောင်းမြေပဲ ၃၀၀ ၁၅၃၀၀ တင်း
၅။ မိုးနှမ်း ၃၈၆ ၅၁၇၂ တင်း
၆။ ဆောင်းနှမ်း ၁၈၆ ၂၁၉၅ တင်း
၇။ ၾကံ ၁၅၀ -
၈။ မိုးပြောင်း ၁၇၆၅ ၁၃၂၃၇၅ တင်း
၉။ ဆောင်းပြောင်း ၂၃၅ ၁၅၂၇ တင်း
၁၀။ ရာဘာ ၅၀/၁၀၃၁ ၂၆၃၀၀ ပေါင်
၁၁။ ပဲပုပ် မိုး ၂၁၈၅ ၅၁၁၂၉ တင်း
၁၂။ ပဲပုပ် ဆောင်း ၂၇၀ ၅၅၀၀ တင်း
၁၃။ ဖူးစားပြောင်း မိုး ၆၁၈ ၈၀၃၄၀၀၀
၁၄။ ဖူးစားပြောင်း ဆောင်း ၃၀ ၃၈၇၀၀၀
၁၅။ အခြားပဲ မိုး ၆၀၀ ၅၁၉၀ တင်း
၁၆။ အခြားပဲ ဆောင်း ၁၅၂ ၁၂၉၂ တင်း
၁၇။ ၿငဳပ္စို ၆၁၂ ၄၄၆၇၁၇ ပိသာ
၁၈။ ငြုပ်ခြောက် ၁၂၀ ၄၁၈၃၂ ပိသာ
၁၉။ ၾကက္သြန္နီ ၁၈၀ ၂၄၄၈၀၀ ပိသာ
၂၀။ အာလူး ၈၀ ၂၀၀၄၀ ပိသာ တို့အပြင်
ဟင်းသီးဟင်းရွက် ဧကထောင်ချီ စိုက်ပျ ို းဖြစ်ထွန်းသည်။

မိုင်းဖြတ်မြို့နယ်၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ
စိုက်ပျ ို းရေးလုပ်ငန်းဖြစ်ပြီး ၎င်းလုပ်ငန်းတွင် ကျွဲ ၅၅၅၁ ကောင်၊ နွား ၅၉၆၂ ကောင်၊ လက်တွန်းလယ်ထွန်စက် ၁၃၅၁ စီး၊ ရိတ်သိမ်းစက် ၁၀၉ စီး အသုံး
ပြု ထားပါသည်။ မြို့နယ်တွင်းဆန်ဖူလုံမှု မှာ ၂၀၀% ၊ ဆီဖူလုံမှု မှာ ၁၅၁% ရှိ
ပါသည်။ မြို့နယ်တွင်း မြစိမ်းရောင်ကျေ းရွာ ၂၄ ရွာရှိပါသည်။

မွေးမြူ ရေးကဏ္ဏ၌ ၂၀၁၇/၂၀၁၈ ခုနှစ်တွင်

၁။ ကျွဲ ၆၂၆၃ ကောင်
၂။ နွား ၆၄၃၄ ကောင်
၃။ ဝက် ၆၃၈၄ ကောင်
၄။ သိုး/ဆိတ် ၁၅၇ ကောင်
၅။ ကြက် ၂၈၇၂၃ ကောင်
၆။ ဘဲ ၃၂၃ ကောင် တို့ဖြစ်ပါသည်။

မိုင်းဖြတ်မြို့ နယ်အတွင်း သတ္တု တူးဖေါ်ရေးလုပ်ငန်းအဖြစ် ဆားလို့
ဒေသ၌မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ်တူးဖေါ်ထုတ်လုပ်လျက်ရှိသည်။ ထုတ်လုပ်မှု ပမာဏမှာ ၃၁၈၅၀ တန်ရှိသည်ဟုဖေါ်ပြထားပါသည်။

မိုင်းဖြတ်မြို့နယ်၏ အလုပ်လက်မဲ့နှုံးမှာ

အလုပ္လုပ္နိုင္သူ ၁၉၉၆၂ ဦး
လုပ်ငန်းခွင်၌ရှိသူ ၁၇၅၂၀ ဦး
အလုပ်လက်မဲ့ဦးရေ ၇၄၁၅ ဦး
အလုပ်လက်မဲနှုံ း ၂၉.၇၃% ဖြစ်ပါသည်။

မိုင်းဖြတ်မှ မိုင်းယောင်း၊ မိုင်းယုသို့၎င်း၊ တာချီလိတ်သို့၎င်း၊ ကျ ိုင်းတုံ
၊ တောင်ကြီးသို့၎င်း ကားလမ်းများ ဖေါက်လုပ်ထားရှိပြီး ပုံမှန်ယဉ်လိုင်းများ
ပြေးဆွဲလျင်ရှိပါသည်။

မိုင်းဖြတ်မြို့နယ်၏ ပညာရေးကဏ္ဏ၌ မိုင်းဖြတ်နှင့် ဟိုနားတွင် အထက ၂ ကျောင်း (ဆရာ ၅၈ ဦး၊ ကျောင်းသား ၂၀၇၇ ဦး)၊ အမက ၇၈ ကျောင်း (ဆရာ ၁၉၁ ဦး၊ ကျောင်းသား ၃၉၂၇ ဦး) ရှိပါသည်။

ကျောင်းနေအရွယ် ကလေးအပ်နှံမှု နှုံ းမှာ

၅ နှစ်ပြည့်ကလေး ၁၀၂၇ ဦး
ကျောင်းအပ်နှံမှု ၇၂၈ ဦး
ကျောင်းအပ်နှုံး ၇၀.၈၈% ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းရောက်ရှိအောင်မြင်မှုနှုံ းမှာ ၂၀၁၆/၂၀၁၇ တွင်

စာရင်းရှိ ၂၉၆ ဦး
ဖြေဆိုသူ ၂၇၁ ဦး
အောင်မြင်သူ ၃၄ ဦး
အောင်ချက် ၁၂.၅၄% ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုံ းမှာ

မြို့ နယ်လုူဦးရေ ၂၇၅၀၄ ဦး
၁၅ နှစ်ပြည့်လူဦးရေ ၁၆၁၄၇ ဦး
စာတတ်မြောက်သူဦးရေ ၁၁၃၅၇ ဦး
စာတတ်မြောက်မှုနှုံ း ၇၀.၃၃% ဖြစ်ပါသည်။

မိုင်းဖြတ်မြို့နယ်တွင်း ကျန်းမာရေးကဏ္ဏ၌ ၂၅ ကုတင်ဆန့်ဆေးရုံ ၁ ရုံ ၊ ပါဆန်း၊ မိုင်းဟဲ၊ လန်းဆတ်တို့တွင် ကျန်းမာရေးဌာ ၃ ခု၊ ကျန်းမာရေး ဌာနခွဲ ၁၅ ခုဖွင့်လှစ်ထားရှိသည်။ ဆရာဝန် ၁ ဦး၊ သူနာပြု ၁၁ ဦး၊ လက် ထောက်ကျန်းမာရေးမှူ း ၂ ဦး ရှိပါသည်။ ဆရာဝန်နှင့်လူဦးရေမှာ ၁: ၂၇၅၀၄၊ သူနာပြု နှင့် လူဦးရေ ၁ : ၂၅၀၀ ၊ လက်ထောက်ကျန်းမာရေးမှူ းနှင့် လူဦးရေ ၁ : ၁၃၇၅၂ ဖြစ်ပါသည်။

အဖြစ်များသော ရောဂါများမှာ ငှက်ဖျား၊ တီဘီ၊ အသည်းရောင်၊ ဝမ်း ကိုက်၊ ဝမ်းလျှောတို့ ဖြစ်ကြပါသည်။

မိုင်းဖြတ်မြို့ တွင် အခြေစိုက်သော နိုင်ငံရေးပါတီများမှာ

၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ လားဟူအမျ ို းသားဖွံ့ဖြို းတိုးတက်ရေးပါတီ
၇။ NDF တို့ဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာ အတွက် ရွေးချယ်ရာတွင်

မဲပေးနိုင်သူ ၁၉၅၁၆ ဦး
မဲလာပေးသူ ၁၅၀၆၂ ဦး ၇၇.၁၈%
USDP က ၅၄၅၃ မဲ ၃၆.၂၀% ဖြင့်အနိုင်ရသည်။
NLD က ၃၆၇၈ မဲ ၂၄.၄၁% ဖြင့် ဒုတိယ
SNDP က ၁၇၆၄ မဲ ၁၁.၇၁% ဖြင့် တတိယ
လားဟူပါတီက ၁၅၀၆ မဲ ၉.၉၉% ဖြင့် စတုတ္ထလိုက်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလည် အမှတ် ၁ အတွက်အရွေးခံရာတွင်

မဲပေးနိုင်သူ ၉၅၃၉ ဦး
မဲလာပေးသူ ၇၆၂၈ ဦး ၇၉.၉၇%
USDP က ၃၁၅၈ မဲ ၄၄.၇၄% ဖြင့်အနိုင်ရသည်။
NLD က ၁၆၉၆ မဲ ၂၄.၀၃% ဖြင့် ဒုတိယ
SNDP က ၁၅၄၉ မဲ ၂၁.၉၅% ဖြင့်တတိယနေရာတွင်ရှိပါသည်။

၂၀၁၅ ရွေးကောက်ပွဲ ပြည်နယ်လွှတ်တော် အမှတ် ၂ အတွက် ရွေးချယ် ရာတွင်
မဲပေးနိုင်သူ ၉၉၇၇ ဦး
မဲလာပေးသူ ၇၄၁၄ ဦး ၇၄.၃၁%
USDP က ၂၄၅၅ မဲ ၃၆.၁၇%
NLD က ၂၂၅၃ မဲ ၃၃.၂၀%
လားဟူပါတီက ၁၃၁၂ မဲ ၁၉.၃၃% ဖြင့် တတိယလိုက်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းဇယား အရ မိုင်းဖြတ်မြို့နယ်တွင် မဲပေးနိုင်သူ ၁၉,၅၁၆ ဦးရှိသည်ကို တွေ့ရပြီး ၂၀၁၇ စက်တင်ဘာကုန် အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာနစာရင်းအရ လူဦးရေ ၂၇,၅၀၄ ဦးရှိပြီး ၁၈ နှစ်အထက်မဲပေးနိုင်သူ ၁၇,၁၄၈ ဦးရှိသည်ကို တွေ့ရ သည်။ မဲပေးနိုင်သူစာရင်း လျော့ကျသွားသည်ကို အံ့အားသင့်ဘွယ်တွေ့ရှိရပါသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး