Breaking News

ကျွန်တော့်နာမည်ကျော်ကျော်နှင့် မောင်မိုးသူ

Internet


ကျွန်တော့်နာမည်ကျော်ကျော်နှင့် မောင်မိုးသူ 

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၉
(သူ၏ ပုံနှိပ်ဖော်ပြပြီး စာမူများမှ)

မှုန်နံ့သာချယ်ကာသပါလို့ ရိုက်ဖို့ပြင်ဆင်နေစဉ်က ပန်းချီဒီဇိုင်းဆရာ စိုးမိုးနဲ့ ညတိုင်းတွေ့ဖြစ်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မောင်မိုးသူက ၃၁လမ်းမှာနေပြီး စိုးမိုးက ကုန်ဈေးတန်းမှာနေတာကို၊ စိုးမိုးကလည်း ရုပ်ရှင်ပိုး တော်တော်ကြီးတယ်၊ ပြီးတော့ စိုးမိုးနဲ့မောင်မိုးသူနှစ်ယောက်သား လေနဲ့ရုပ် ရှင်ဇာတ်ကားတွေအများ ကြီးရိုက်ဖြစ်ကြပါတယ်၊ နောက်ဆုံးတော့ စိုးမိုးနှင့် သူ့အကိုမောင်ယုဇင်တို့ အတွက် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးပေးရန် မောင်မိုးသူသဘောတူလိုက်ပါတယ်၊ အဲဒီဇာတ် ကားကလည်း “မကျော်ကြားတဲ့အလုပ်ဆိုရင် ဘာမှမလုပ်ဖူး ကျွန်တော့်နာမည်ကကျော်ကျော် ဆိုတဲ့ ဇာတ်ကားပါပဲ။ 

ဒီဇာတ်ကားကို မောင်မိုးသူနဲ့စိုးမိုးဇာတ် လမ်းဖွဲ့စဉ်က ပိုက်ဆံအသေအချာရအောင်ဖွဲ့ မယ်လို့စိတ်ကူးခဲ့ကြပါတယ်၊ ဇာတ်ရုပ်ကတော့ ကျော်ဟိန်းပါ၊ အိမ်ကထွက်ပြေးလာတဲ့ လမ်းသရဲ မောင်ကျော်ဟိန်းဟာ လက်ဝှေ့နည်းပြဆရာကြီး စံတင်နဲ့တွေ့ရာက လက် ဝှေ့ထိုးဖို့ဝါသနာပါပြီး လက် ဝှေ့လက်ကျင့်ပါတော့တယ်၊ ကျော်ကျော် ဇာတ်ကားရိုက်ကူးစဉ်က မောင်မိုးသူ စိုးမိုး တို့ရဲ့ မိတ်ဆွေ ဂျိတ်ဘာဝါနှင့်ရင်းနှီးပါတယ်၊ ဂျိတ်ဘာဝါမှာ လက်ဝှေ့လေ့ကျင့်ကွင့် ကန့်ရှိလေတော့ မောင် ကျော် ဟိန်းကို ဂျိတ်ဘာဝါရဲ့ လက်ဝှေ့ကွင်းမှာ သုံးလခန့်လက်ဝှေ့လေ့ကျင့်စေပါတယ်၊ ရုပ်ရှင်ရိုက်ကူး တဲ့အခါ ကျတော့ ကျော်ဟိန်းရဲ့ပြိုင်ဘက်လက်ဝှေ့သမားက ဂျိတ်ဘာဝါ ကိုယ်တိ်ုင်ဖြစ်လေတော့ ဇာတ်ကားထဲမှာ လက်ဝှေ့ထိုးခန်းတွေ အတော်ပီပီပြင်ပြင်ရိုက်ကူးဖြစ်ခဲ့ပါတယ်၊ မင်းသမီးကတော့ တင်တင်ညိုပဲခင်ဗျ၊ 

ဒါပေမယ့် တင်တင်ညိုဟာ မှုန်နံ့သာမှာလို မြန်မာဆန် မိန်ခလေးအဖြစ်ပါဝင်ဖို့မ ဟုတ်ပဲ ခေတ်ဆန်ဆန်ဟော့ရှော့ရိုက်ဖို့ စိတ်ကူးလိုက်ကြပါတယ်၊ အဲဒီခေတ်အဲဒီကာလမှာတော့ အ လှပြင်ဆိုတာ ရွှေမင်းသမီးဒေါ်တင်ရီရယ် ဟောလိဝုဒ်ဒေါ်ကေတီရယ်တို့ပဲရှိတာ၊ ပြီးတော့ တင်တင် ညိုကို ရွှေမင်းသမီးဒေါ်တင်ရီဆီမှာသွားပြီး ခေတ်ပေါ်ဆံပင်ပုံစံအဝတ်အစားများ ဆင်ယင်ပြင်ဆင် စေပါတယ်၊ 

 ကျွန်တော့်နာမည်ကျော်ကျော် ဇာတ်ကားမှာ နောက်ခံသီချင်းများကို တက္ကသိုလ်ထွန်း နောင်ရေးဖွဲ့ပေးပါတယ်၊ အင်းလျားကန်စောင်းမှာ ကျော်ဟိန်းနဲ့ တင်တင်ညိုတို့ တကယ်ချစ်ရဲ့လား ချစ်တယ်တအား အသက်ကြီးတော့ချစ်မှာပေါ့ အစရှိသဖြင့် စုံတွဲသီချင်းဟာ ထွန်းနောင်ရဲ့ သီချင်းပဲ ဖြစ်ပါတယ်၊ နောက် ကျော်ဟိန်းနဲ့ သန်းဖေလေးတို့က စမုတ်တန် ကားအစုတ်နဲ့ တင်တင်ညို မမိုး ဝါတို့က ပြိုင်ကားနဲ့ ကားပြိုင်မောင်းရင်း ကုလားကားထဲကလို လမ်းကလည်းလှ ကားကလည်း လှ သို့သော်ကားအစုတ် ဘာညာဘာညာပေါ့လေ၊ သီချင်းဆိုတဲ့အခန်း ရိုက်ဖြစ်ပါတယ်၊ ပရိသတ်က ကျေနပ်သ ဘောကျကျပါတယ်၊ 

ကျွန်တော့်နာမည်ကျော်ကျော် ဇာတ်ကားမှာ အရေးပါတဲ့ဇာတ်ဝင်ခန်း တစ်ခန်းကတော့ ခါးပိုက်နှိုက်စိန်သန်းကို ကျော်ဟိန်းက လိုက်ဖမ်းရတဲ့ အခန်းဖြစ်ပါတယ်၊ ရုပ်ရှင်ကား ထဲမှာ အဲဒီအခန်းက ရုပ်ရှင်ပညာအရ အတော်ကြီးရှည်လျားနေတာကို မြင်ရမှာဖြစ်တယ်၊ တကယ့် တကယ်က ဗိုလ်ချုပ်ဈေး အနောက်ဘက် ဆန်းဒဝတ်လမ်းကိုကူးတဲ့ တံတားအတိုလေးပေါ်မှာ ရိုက်ကြတာဖြစ်ပါတယ်၊ ခါးပိုက်နှိုက်စိန် သန်းကိုမိတော့ စိန်သန်းရဲ့ မိခင်ဒေါ်သိန်းရှင်က သူ့သား စိန်သန်း ခါးပိုက်နှိုက်ပြီးကျွေးတဲ့ ထမင်းတလုတ်ကိုသူ မစားဖူးဆိုပြီး စိန်သန်းပါးကိုရိုက်တဲ့အခန်း ပါပါတယ်၊ အတော်အောင်မြင်တဲ့ပြကွက်တစ်ခုပါပဲ၊ 

နောက်ပြီး ကျွန်တော့်နာမည်ကျော်ကျော် မှာ ရှေးဟောင်းသီချင်းဖြစ်တဲ့ ရုန်းတော် လွှတ်တော် ဆိုတဲ့သီချင်းကို စိတ်ကူး ယဉ်အိပ်မက်ဆန်ဆန်ရိုက် ကူးပါတယ်၊ ရုန်းတော်မူနဲ့သီချင်းကတော့ ဟန်ဆောင်ကာမူပို ရုန်းတော် မူနဲ့ ပျို…အစရှိသဖြင့် ရှေး ဟောင်းသီချင်းပါ၊ ကျော်ဟိန်းနဲ့တင်တင်ညိုတို့ ခေတ်ဆန်ဆန် အိပ်မက် ဆန်တဲ့ မြင်ကွင်းမှာ ကကြ ဆိုကြတဲ့အခန်းရိုက်ကူးပါတယ်၊ 

ကျွန်တော့်နာမည်ကျော်ကျော် ဇာတ်ကားမှာ နောက်ထပ် အရံမင်း သမီးတစ်ယောက်အဖြစ် ဂျွန်းဘားမယ်မမိုးဝါကို အသုံးပြုဖို့ဆုံး ဖြတ်ကြပါတယ်၊ မမိုးဝါဆိုတာက တကယ်တော့ မောင်မိုးသူရဲ့ မှုန်နံ့သာဇာတ်ကားရဲ့ ရုပ်သေကင်မရာမန်း ကိုသာကြွယ်ရဲ့သမီးလေး ဖြစ်ပါတယ်၊ သူ့နာမည်က မလှလှပါ၊ မောင်သာကြွယ်က မောင်မိုးသူထံ မင်းသမီး ဖြစ်ချင်တဲ့ သူ့သမီး ကိုအပ်ထားတာဖြစ် ပါတယ်၊ လှလှဟာ ဂျွန်းဘာကစားတဲ့သူလည်းဖြစ် ရုပ်ရည်လည်းချော မောတဲ့ အတွက် သူ့ကို ရိုက်ကူးဖို့ စိုးမိုးနဲ့တိုင်ပင်တဲ့အခန်းပါ၊ လှလှရဲ့ရုပ်ရည်ကလည်း ဝါဝါနဲ့ခပ်ဆင်ဆင်ဖြစ် နေတော့ မောင်မိုးသူ စိုးမိုးတို့ က လှလှကို မောင်မိုးသူ စိုးမိုးတို့တင်တဲ့မင်းသမီး မမိုးဝါလို့နာမည်ပေး လိုပါတယ်၊ ကျွန်တော့်နာမည်ကျော်ကျော် ဇာတ်ကားဟာ မမိုးဝါရဲ့ ပထမဆုံးဇာတ်ကား ပဲဖြစ်ပါတယ်၊

ကျော်ကျော် ဇာတ်ကားထဲမှာ ကျော်ဟိန်းနဲ့ ဂျိတ်ဘာဝါတို့ရဲ့ လက်ဝှေ့ပွဲနှစ်ပွဲကို အောင်ဆန်း ကွင်းက လက်ဝှေ့ရုံကြီးမှာပဲ နှစ်ညမိုးလင်းရိုက်ကူးခဲ့ကြပါတယ်၊ ကျော်ဟိန်းနှင့်ဂျိတ်ဘာဝါတို့ဟာ လေ့ ကျင့်ဘက် ထိုးသတ်ပွဲဖြစ်တဲ့အတွက်လက်ဝှေ့ပွဲထဲမှာ ကြည့်ကောင်းဖြစ်ကောင်းဖြစ်ခဲ့ရပါတယ်၊ အား ပေးတဲ့ပရိသတ် ထဲမှာတော့ တင်တင်ညို မမိုးဝါနဲ့ သန်းဖေလေးတို့ကပဲ ပရိသတ်နှင့်အတူအားပေး ကြတဲ့အခန်းရိ်ုက်ပါတယ်၊

ကျွန်တော့်နာမည်ကျော်ကျော်ကို ရိုက်ကူးကြတဲ့အချိန်မှာ စိုးမိုးက ဓါတ်ပုံဝါသနာကြီးသူ ဖြစ်လေတော့ ဓါတ်ပုံရိုက်ချက်တော်တော်များများ လှအောင်ရိုက်ကူးဖြစ်ခဲ့ပါတယ်၊ မောင်ကျော် ဟိန်းကလည်း ကျွန်တော့်နာ မည်ကျော်ကျော် ဇာတ်ကားဟာ တကယ်တော့ မောင်ကျော်ဟိန်းရဲ့ တတိယကားဖြစ်ပါတယ်။ ပထမကားက ဖူးစာလမ်းဆုံ ဆိုတဲ့ ကျော်ဟိန်း စန္ဒာဖြစ်ပြီး နောက်ကား ကလည်းဒါရိုက်တာတင်အောင်မြင့်ဦးရိုက်တဲ့ နုနု ငယ်ငယ် ဇာတ်ကားပဲဖြစ်ပါတယ်၊ နုနုငယ်ငယ် ဇာတ်ကားမှာတော့ ကျော်ဟိန်းဟာ သီချင်းဆိုတာ ကတာ မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံးစတင် ရိုက်ကူးခဲ့သူဖြစ်ပါတယ်၊ မောင်မိုးသူတို့ရဲ့ ကျွန်တော့်နာမည် ကျော်ကျော်မှာတော့ မောင်ထွန်းနောင် ရေးတဲ့သီချင်းတွေပေါင်းလိုက်တော့ ပိုပြီးပေါက်သွားတာပေါ့၊

 ထွန်းနောင် ရဲ့သီချင်းတွေကိုသီးခတ် ကြသူများကတော့ အေ့စစ်အဖွဲ့သားများဖြစ်ပါတယ်၊ ကျော်ဟိန်းက ကိုယ်တိုင်သီဆိုပါတယ်၊ ကျော် ဟိန်း ထွန်းနောင်ရဲ့သီချင်း ကျော်ဟိန်းသီဆိုကတဲ့သီချင်းတစ်ပုဒ်ကို ဆင်ဆာက ဖြတ်လို့ မောင်မိုး သူတို့ မသုံးဖြစ်ခဲ့ပါဘူး၊ 

ဒီလိုဒီလိုနဲ့ မောင်မိုးသူရဲ့ ဒုတိယကားဖြစ်တဲ့ ကျွန်တော့်နာမည်ကျော်ကျော် ဇာတ်ကားဟာ မကျော်ကြားတဲ့အလုပ်ဆိုဘာမှမလုပ်ဖူး ကျွန်တော့်နာမည်ကျော်ကျော်ဆိုပြီး ကြော်ငြာ ထိုးပြီးကြော်ငြာခဲ့ပါတယ်၊ ကျော်ဟိန်းကိုလည်း လက်ဝှေ့ဝတ်စုံနဲ့ဖော်ပြခဲ့သလို တင်တင်ညိုကိုလည်း မှုန်နံ့သာနဲ့ မတူကွဲပြားတဲ့ ခေတ်ဆန်ဆန်ဆံပင်အတိုနဲ့ ဟော့ရှော့မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်၊ မောင်မိုးသူတို့ မှန်းထားကြတဲ့အတိ်ုင်း ကျွန်တော့်နာမည်ကျော်ကျော် ဇာတ် ကားဟာ ဝင်ငွေကောင်း ပိုက်ဆံရတဲ့ဇာတ်ကားဖြစ်ပါတယ်၊ မင်းသားကျော်ဟိန်းရဲ့ တတိယဇာတ် ကားလည်းဖြစ် မင်းသားကျော်ဟိန်းကို အောင်မြင်တဲ့မင်းသားဖြစ်အောင် ပံ့ပိုးတဲ့ကားတွေထဲမှာ ကျော် ကျော်လည်း အဓိကကားတစ်ကားဟုဆိုနိုင်ပါတယ်၊