Breaking News

မောင်စွမ်းရည် - ရှစ်လေးလုံး ကမ္ဘာမကြေတေးထပ်

စောငို၏ ၈၈ (၃၁)နှစ် ကာတွန်းသရုပ်ဖော် အသစ်

 မောင်စွမ်းရည် - ရှစ်လေးလုံး ကမ္ဘာမကြေတေးထပ်

(မိုုုုုုးမခ) ဩဂုတ် ၇၊ ၂၀၁၉

ဗမာပြည် နာဇီခေတ်
တာရှည်ဖြစ်ခဲ့ နှစ်အစိတ်လွန်။

တပါတီစနစ် စစ်စိတ်မွှန်ကာ
စစ်ဆိပ်ညွန် နစ်မွန်း။

ဗိုလ်တစု ကိုယ်ကျိုးရှာပြီ
ခိုးရာဇာဇာတ်မို့ လွန်ကြမ်း။

ဆုတ်ခဲ့ပေါ့ ပြည့်ဘဏ္ဍာ
မွဲရာမှာ ထိပ်တန်း။

အမွဲတွေ စီတန်းမက
နံပါတ်ဝမ်း ဖြစ်လာ။

ဖိလွန်းလျှင် ကြွစတမ်းပေမို့
ရဟန်းမက ဘမ်းဒကမ မနေသာ။

ကျောင်းသားနဲ့ ဝန်ထမ်းတွေပါ။
ပေတရာမှာ ချီတက်လို့
လက်နက်မဲ့ ပြည်သူတွေ
ထခဲ့ပြီလေ၊ ကြွခဲ့ပြီဟေ။

ရှစ်လေးလုံး ကမ္ဘာမကြေပြီ
ဗမာတွေ မော်ကွန်းကွဲ့လေး။

ရှစ်လေးလုံး နမူနာယူပါ
လူတကာ ညီကြစို့လေး။

နအဖ စစ်မင်းရန်ကို
စစ်ခင်းရန် ညီဦးစို့လေး။

မောင်စွမ်းရည်