Breaking News

ဝင််းနိုင်​ဦး ( ​ရေနံ ) ၏ကျမ််းပြုစာဆို ဆရာယုဒသန်​


ဝင််းနိုင်​ဦး ( ​ရေနံ ) ၏ကျမ််းပြုစာဆို ဆရာယုဒသန်​
မိုးမင်းသိမ်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၉

Honoré Willsie Morrow ၏ Splendor of God : The Life of Adoniram Judson ကို ဘာသာပြန်​သည်​။ 
စိတ်​ကူးချိုချိုအနုပညာ၊
ပထမအကြိမ်​၊ ဇွန်​ ၂၀၁၉။
၁၄.၆ စင်​တီမီတာ x ၂၁ စင်​တီမီတာ။
စာမျက်​နှာ - က မှ ဃ၊ ဓာတ်​ပုံ မှတ်​တမ်​း ၂၄ မျက်​နှာ နှင့် ၂၁၅၊
တန်​ဖိုး - ကျပ်​ ၃၃၀၀။
စိတ်​ကူးချိုချိုစာအုပ်​တိုက်​၏ နှစ်​ ၂၀ ပြည့် အထိမ်းအမှတ်​အဖြစ်​ ထုတ်​​ဝေထားခြင်းဖြစ်​သည်​။

ဆရာဝင်းနိုင်​ဦး ( ​ရေနံ ) ၏ အမှာပါရှိသည်​။ ၁၉၂၉ ခုနှစ်​က ပထမအကြိမ်​ထုတ်​​ဝေခဲ့​သော သမိုင်းနောက်​ခံ ဝတ္ထုရှည်​ကို ဘာသာပြန်​ဆိုထားခြင်း ဖြစ်​သည်​။ အခန်း ၁၆ ခန်း ပါရှိသည်​။ 

၁၃ ဇူလိုင်​ ၁၈၁၃ တွင်​ ဇာတ်​လမ်းကို စတင်​ထားသည်​။ အမရပူရ ​ရွှေနန်းပြည့်ရှင်​ ဘိုး​တော်​ဘုရားလက်​ထက်​ဖြစ်​သည်​။  

ထို​နေ့က ရန်​ကုန်​ဆိပ်​ကမ်းသို့ ​ဂျော်​ဂျီယားနားအမည်​ရှိ အိုမင်းဟောင်းနွမ်းနေပြီဖြစ်​​သော ပင်​လယ်​ကမ်​းရိုး တန်းသွားသ​င်္ဘောတစ်​စင်းဆိုက်​ကပ်​လာသည်​။ ထိုသ​င်္ဘော​ပေါ် ၌ ခရစ်​ယာန်​သာသနာပြုဆရာ ယုဒသန်​ ​ခေါ် အဒိုနီယမ်​ ဂျဒ်​​ဆင်​နှင့်ဇနီးသည်​ အန်းတို့ လိုက်​ပါလာကြသည်​။ မြန်​မာနိုင်​ငံတွင်​ ခရစ်​ယာန်​သာသနာ ထွန်း ကား​ရေးအတွက်​ ကနဦးအ​ခြေချခဲ့သူ အဒိုနီယမ်​ ဂျဒ်​ဆင်​မှာ ထိုစဉ်​က အသက်​ ၂၅ နှစ်​ သာရှိ​သေးပြီး သူ့ဇနီး သည်​ အန်းမှာ အသက်​ ၂၁ နှစ်​အရွယ်​သာရှိ​ပေ​သေးသည်​။ ဗုဒ္ဓဘာသာ အခိုင်​အမာထွန်းကား​နေပြီးဖြစ်​သည့် မြန်​မာနိုင်​ငံတွင်​ ခရစ်​ယာန်​သာသနာပြုရန်​ကိစ္စမှာ လွယ်​ကူ​ချော​မွေ့လှသည်​​တော့ မဟုတ်​​ပေ။

ဘာသာစကားအခက်​အခဲကို ​ဖြေရှင်းရန်​အတွက်​ ဗမာစာ နှင့်ဗမာစကားကိုသာမက ပါဠိစာ​ပေကို ပါ​လေ့လာ သင်​ယူသည်​။ တစ်​ဖက်​၌ ခရစ်​ယာန်​သာသနာပြန့် ပွား​ရေးအတွက်​ဆောင်​ရွက်​ရင်း ပထမဦးဆုံး​သော '' မြမ္မာ အင်္ဂလိတ်​ အဘိဓာန်​'' ကို ပြုစုသည်​။ သမ္မာကျမ်းစာကို မြန်​မာဘာသာသို့ ပြန်​ဆို​ရေးသားသည်​။ အသက်​ ၆၁ နှစ်​အရွယ်​၌ ကွယ်​လွန်​သည့်တိုင်​​အောင်​ နှစ်​​ပေါင်း ၄၀ နီးပါးမျှ မြန်​မာနိုင်​ငံတွင်​​နေထိုင်​ခဲ့​သော ဆရာယုဒသန်​သည်​ အင်္ဂလိပ်​ မြန်​မာ ပထမစစ်​ပွဲကိုလည်းဖြတ်​သန်းခဲ့ရသည်​။ ရန္တပိုစာချုပ်​ချုပ်​ဆိုရာတွင်​ စကားပြန်​အဖြစ်​ တာဝန်​ယူ​ဆောင်​ရွက်​​ပေးခဲ့ရသည်​။ အင်းဝလက်​မရွံ့​ထောင်​နှင့်အောင်​ပင်​လယ်​တို့တွင်​ အကျဉ်းချခံခဲ့ရသည်​။

ယခု '' ကျမ်းပြုစာဆို ဆရာယုဒသန်​ '' စာအုပ်​မှာ ၃၀ ဇန်​နဝါရီ ၁၈၃၄ ၌ သမ္မာကျမ်းစာကို ဘာသာပြန်​ဆိုပြီး စီးခဲ့သည့်ကာလဝန်​းကျင်​အထိသာ ​ရေးဖွဲ့ထားခြင်းဖြစ်​သည်​။ ​မြန်​မာစာ​ပေအ​ပေါ် တစ်​နည်းတစ်​ဖုံ ​ကျေးဇူး ပြုခဲ့သည့်ဆရာကြီး ယုဒသန်​ အ​ကြောင်းကို သမိုင်းနောက်​ခံဖြစ်​ရပ်​များနှင့်အတူ ​ရော​မွှေတင်​ပြထားသည့် အ​ရေးအသားတစ်​ခုဟု ယူဆမိပါသည်​။

မိုးမင်းသိမ်း
၁၄ စက်​တင်​ဘာ ၂၀၁၉