Breaking News

လွတ်လပ်မိုး - ဥပေဒဟာ ငါ့ကို ကိုယ်စားမပြု

KT#
ဥပေဒဟာ ငါ့ကို ကိုယ်စားမပြု
လွတ်လပ်မိုး
(မိုးမခ) စက်တင်ဘာ ၇ ရက်၊ ၂၀၁၉


ငါ့လက်ပေါ်မှာ
ငါဟာပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့
သေဆုံးသွားတယ်။

ရဲတွေလာတော့
ငါ့ကိုအလောင်းလက်ဝယ်တွေ့ရှိမှုနဲ့
အရေးယူတယ်။

အလောင်းကောင်ကြီးကို
ငါနဲ့အတူလက်ထိပ်တွဲခတ်ပြီးခေါ်ဆောင်
စခန်းရောက်တော့
ငါ့ကိုအချုပ်ထဲထည့်
ငါ့အလောင်းကို အမှုစစ်စားပွဲပေါ်တင်ပြီး
သူတို့ညစာအဖြစ် စားသုံးပစ်လိုက်ကြတယ်

ပြီးရင်
မင်းကို အလောင်းဖျောက်ဖျက်မှုနဲ့ပါ
ထပ်ပြီး တရားစွဲလိမ့်မယ် တဲ့
အချုပ်သားအခန်းဖော် ငါက
ငါ့ကိုပြောတယ်။  ။