Breaking News

တိုးနှောင်မိုး - အရံနိုင်ငံရေး

KT#
အရံနိုင်ငံရေး
တိုးနှောင်မိုး
(မိုးမခ) အောက်တိုဘာ ၁၂ ရက်၊ ၂၀၁၉

မိုးကနှုတ်ဆက်အနမ်း
ငလျင်မုန်တိုင်းချောင်းဆိုးရင်ကြပ်
ပေတံမကျိုးခံနိုင်ရိုးလား
မန်ယူလိုရှုံးပွဲဆက်နေတယ်အန်တီ။

ပဲနီစေ့လည်းနိုင်ငံရေးလုပ်တယ်
ငပိချက်တို့စရာကပညာရေး
အုတ်စီနေတဲ့ကျန်းမာရေးက
ဆရာဝန်ကိုယ်တိုင်နေမကောင်းဘူးအန်တီ။

မန်းတောင်ရိပ်လည်းတရုတ်ကခိုလို့
တောနဲ့တောင်လည်းမဆွယ်ရဲတော့ဘူး
ဝန်ကြီးပဒေသရာဇာတွေမိုးလုံးမှိုင်း
စစ်ပွဲဂိမ်းတွေက
မြောက်ပြန်လေ လား
သဇင်ပွင့်ချိန်ကိုစောင့်နေတယ်အန်တီ။

ဘိန်းသာပေါ်တင်စိုက်ပါ
လိမ္မော်ရာသီကိုမျှဝေပါ
မီးပွိုင်တွေကိုလွတ်လပ်စွာတွေးခေါ်ခိုင်းပါ
ရှေ့နေတွေအတွက်အဖြူရောင်ဝတ်စုံကို
ဆေးဆိုးပါ
မြစ်ကိုလိမ်မာအောင်ဆေးကြောပါ
တယ်လီဖုန်းသံကတရုတ်ကမဖြစ်ပါစေနဲ့
အိပ်မက်ကိုဇောက်ထိုးမက်တယ်အန်တီ။

ပြန်ကြားရေးဝန်ကြီးက
မပြန်ကြားနိုင်ဘူး
ပြည်ထဲရေးကိုဘယ်သူရေးလည်း
ကာကွယ်ရေးက ကွန်ဒုံးလောက်သေချာလို့လား
ဆောက်လုပ်ရေးကပြိုပြီ
နီရိုးဘုရင်တယောကိုဘယ်သူယူတီးနေလဲ
မာရီအင်တွိုင်းနက်လည်း
လယ်ယာနဲ့ဆည်မြောင်းမှာသွေးပျက်
ကျေနာ်ကဆက်သွယ်ရေးဝန်ကြီးဌာနအောက်က
ပင်လယ်လေကိုရှူနေတယ်အန်တီ။

ပန်းတိုင် ရဲ့ဟိုဘက်ကိုဆက်လျောက်ပါ
ပန်ခြံတစ်ခုရှိတယ်
ပန်းခြံထဲပန်းမရှိလည်းပန်းခြံလိုပြောထား
ဆိုင်ဘုတ်ချိတ်ထားသမျှပန်းခြံ
ရထားသံလမ်းကိုကြည့်လိုက်တယ်
လမ်းပြင်နေတဲ့အလုပ်သမားတွေကိုကြည့်လိုက်တယ်
မြန်မာပြည်သူတွေ
တော်တော်များများကြပ်တည်းနေကြပြီ
ဆန်ပြုတ်သောက်ပြီး
ဘာတွေဆုတ်ပြန်ရင်ချမ်းမြေ့မလည်း
ဆီကိုရေချိုဆေးရိုးမီးလှုံမလား
ဝက်သားတုံးကြီးလက်သီးဆုပ်လောက်အလှူကပြန်ခဲ့တယ်
ဟော ဟိုမှာကြယ်တွေ
နေရောင်ခြည်နဲ့အတူ
အလံနဲ့အတူ။

စီဆီဖတ်ကျောက်တုံးကြီး
တောင်အောက်ပြန်လိမ့်လာပါပြီ။