ဖလော်ဒါဟန် - ဒုဋ္ဌဝတီမှ သဘာဝအရင်းအမြစ်များနှင့် အသက်သွေးကြော
ဖလော်ဒါဟန် - ဒုဋ္ဌဝတီမှ သဘာဝအရင်းအမြစ်များနှင့် အသက်သွေးကြော
မိုးမခ ၊ ဩဂုတ် ၁၂ ၊ ၂၀၂၆
မနှစ်က ငလျင်ကြီးလှုပ်ခဲ့လို့ မန္တလေးအနီးတဝိုက် ပြည်သူတွေ ဘေးဒုက္ခအမျိုးစုံ ခံစားခဲ့ကြရပါတယ်။ အခုလည်း မိုးကြီးတာရော၊ ဒုဋ္ဌဝတီမြစ်ရေက လျှံ၊ မြစ်မရေက တက်နဲ့ ရွာအများစု၊ ရွာထဲ ရွာခြေတွေမှာ ရေဝင်နေပါပြီ။
ညနေက အိမ်နားအနီးတဝိုက် ထင်းသယ်သူ၊ ပစ္စည်းသိမ်းသူတွေ ဆူညံလို့ပါပဲ။ ရွာကျောင်းတွေကတော့ ရေဝင်နေပြီဆိုတော့ ဒီကနေ့ကစလို့ ပိတ်သွားပါပြီ။
နှစ်စဉ် ရေကြီးရေလျှံခဲ့သည့် မြစ်၊ ကမ်း၊ အင်းတစ်လျှောက် မြို့ရွာဒေသများကတော့ ရာသီဥတုဒဏ်ကို တစ်နှစ်ပြီးတစ်နှစ် ပိုခံစားလာကြရတာ ပြည်သူတွေဘဝက လက်တွေ့ပါ။ စုဆောင်းမှုလည်း မလုပ်နိုင်ကြသလို၊ မီးကလည်း ပျက်၊ ရေကလည်း မရ၊ သောက်သုံးရေ ဆိုတာကလည်း မီးပြတ်ရင် အဆင်မပြေသည့် ဘဝတွေပါ။
လက်ရှိအနေအထားမှာ ဘာကိုမှ ပြည်သူတွေ ပြင်ဆင်မှု မလုပ်နိုင်ကြသလို၊ ချောင်းမြောင်းတွေ မြေဖို့ပြီး ကျူးအိမ်ဆောက် နေထိုင်ကြတော့ ရေက မြေနိမ့်ရာတွေကိုပဲ ကန်သဘောမျိုးနဲ့ ရေပြည့်လာတာ တွေ့မြင်နေရပါတယ်။
အသိပညာ ဗဟုသုတနည်းကြတဲ့ ရပ်ရွာဒေသတွေမှာ ကျန်းမာရေးအတွက် ပြင်ဆင်ထားခြင်း မရှိကြသလို၊ အခြားသော မိမိကိုယ်ကိုယ် စောင့်ရှောက်ကာကွယ်ခြင်းလည်း မရှိကြပါဘူး။
လာမည့်ဘေး ပြေးတွေ့ဆိုသလိုပါပဲ၊ ဘေးအန္တရာယ် ကြုံလာခဲ့ရင် အသက်နဲ့ခန္ဓာ တည်မြဲဖို့ဆိုသည်ထက် လက်ရှိဘဝကိုပဲ မပျက်စီးဖို့ ကြိုးစားရုန်းကန်နေကြရသည်ဆိုတာလေးကို မျှဝေရင်း...
မနက်ဖြန်တိုင်းသည် မြန်မာပြည်သူတွေအတွက် ပျော်ရွှင်မှုထက် ပျက်စီးမှုများက စောင့်ကြိုနေသည်မှာ နှစ်ဆယ်ချီခဲ့ပါပြီ။
ဖလော်ဒါဟန်
၁၀. ၈. ၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar