Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၅)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၅)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဒီဇင်ဘာ ၂၆၊ ၂၀၁၉

အပိုင်း (၁၃) - ပေါ်ပီထွက်တဲ့ ဘိန်းစိုက်တောင်သူတို့ရဲ့ မူလဘဝကို လေ့လာခြင်း

ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးတဲ့ တောင်သူတွေကို ''ငပျင်း တောင်သူ'' ရယ်လို့ ချိုးနှိမ်သမုတ်ကြတယ်။ ဘိန်းစိုက်တောင်သူတွေ ဘိန်းကို စိုက်လာခဲ့ကြတာ နှစ်ပေါင်းတစ်ရာကျော်လာပါပြီ။ ဘိန်းကလွဲပြီး တခြားဘာ အသီးအနှံကိုမှ မစိုက်ပျိုးတတ်ပါ။ အစွမ်းအစမရှိတဲ့ နုံအအကြီးတွေလို ဖြစ်နေ ပါတယ်။ အခု ဒါကို အစိုးရကရော၊ ဘိန်းစိုက်တောင်သူတွေကပါ ဒီပြဿနာကို သိသွားကြပါပြီ။ ဒီဘိန်းဘေးဒုက္ခဆိုးကြီးထဲက ဘယ်လိုမျိုး ရုန်းထွက်ရမလဲဆို တာကို ကျွန်တော်တို့ နည်းလမ်းရှာကြပါစို့။

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမှုကို ဒေသခံအစိုးရတွေက တကယ့် ကို လုပ်၊ မလုပ်ဆိုတာကို စူးစမ်းလေ့လာကြပါစို့။ ဒီအချက်က ထိုနယ်မြေဒေသ က ဘိန်းရဲ့ တန်ဖိုးဈေးနှုန်းကို သိရှိထားဖို့ လိုအပ်နေပါတယ်။ ဘိန်းတိုက်ဖျက်မှု တွေ ပြင်းပြင်းထန်ထန် လုပ်တော့မယ်ရယ်လို့ သတင်းထွက်ပေါ်လာတိုင်း အချို့နေရာတွေမှာ ဘိန်းဈေးနှုန်း ကျဆင်းမသွားတဲ့အပြင် ထိုးတောင်တက်လာ ပါသေးတယ်။ ဒီလိုဆိုတော့ ဘိန်းတိုက်ဖျက်ရေးဆိုတာက ဟန်ပြပန်ပြလုပ်ပြတာ ပဲ ဖြစ်ပါတယ်။

ဘဝဆင်းရဲငြိငြင်မှု ခရီးကြမ်းကြီးကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတဲ့ ကိုးကန့်။ နောက်ဆုံးမတော့ တွန်းအားပေးဆောင်ရွက်မှုတွေကြောင့် အစားထိုး သီးနှံ စိုက်ကြပျိုးကြတဲ့ အဆင့်ဆီကို ရောက်လာကြချေပြီ။ ခြေလှမ်းတွေ တစ် လှမ်းပြီး တစ်လှမ်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဆီ တစစ ချဉ်းကပ် လှမ်းလာချေပြီ။ ဒီလို ပြုပြင်မှုတွေနဲ့ ကမ်းမှန် လမ်းမှန်ကနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေချေပြီ။ ကိုးကန့်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဘယ်ဝယ် ဘယ်စခန်းနဲ့ အပြီးသတ်မယ်ဆိုတာကိုလည်း ဘယ်လိုနည်းနဲ့မှ ကြိုတင်တွက်ချက်လို့ မရနိုင်ပါ။ အဲသလိုပဲ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ပြုပြင်မွမ်းမံမှုတွေ၊ ရောင်းဝယ် ဖောက်ကားသယ်ဆောင်မှုတွေ မလဲ ဟောဒီ ကိုးကန့်ရေမြေမှာ ဘယ်လိုသမိုင်းကြောင်းနဲ့ တွင်ရစ်ချေမလဲဆို တာကိုလည်း ကြိုတင်တွက်ချက်လို့ မရနိုင်ပါလေ။ ဒါပေမဲ့ တရုတ်ပြည်ဘက်မှာ နည်းလမ်းပေါင်း အသွယ်သွယ်ဖြင့် ဆက်သွယ်နိုင်ခြေရှိတဲ့ နယ်နိမိတ် အနေ အထားက ဒီနယ်မြေရဲ့ စပလိမ် တစ်ရပ်လိုမျိုးကို ကျွန်တော်တို့ သတိထားမိပါ တယ်။

ကိုးကန့်ဟာ ၁၉၉၁ ခုနှစ်မှာကတညး်က မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းတဲ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ ၆ နှစ်တာ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး စီမံကိန်းကို တွန်းတင်ခဲ့ပါတယ်။ ရော်ဘာပျိုးပင်နှင့် လိုင်ချီးသီး ပျိုးပင်တို့ကို အစိုးရက အခမဲ့ ဖြန့်ဖြူးပေးခဲ့ပါတယ်။ နောက်ပြီးတော့ ဓာတ်မြေ သြဇာတွေလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ လိုင်ချင်းပင်ဆိုတာက သုံးနှစ်ကြာ တော့မှ ဆွတ်ခူးရရှိနိုင်မှာဖြစ်တယ်။ အဲဒီကာလအပိုင်းအခြားမှာ ဘာလုပ်မလဲ ဆိုတာနဲ့ စပ်လျဉ်းပြီး ကိုးကန့်အရာရှိက ပြောပါတယ်။ ''ကြီးမားတဲ့ အိမ်ထောင်စု ကတော့ ဒီဘိန်းတွေကို မလိုအပ်တော့ဘဲ တခြားလယ်ယာသီးနှံကို မျှော်ကိုးလို့ ရနိုင်ပါသေးတယ်။ သူတို့က အစိုးရ မထိန်းချုပ်နိုင်၊ မစိုးမိုးနိုင်တဲ့ နေရာတွေမှာ ဘိန်းပင်ကို ခိုးပြီး စိုက်နိုင်တယ်လေ''။

ဖုန်ကျားရှင်က ပြောပါတယ်။ သူ့ရဲ့ ပြည်သူတွေ သဘောပေါက် နားလည်အောင် ပြောဖို့ဆိုတာက သိပ်ကို ခက်ခဲပါတယ်။ ''ကျွန်တော်တို့အနေနဲ့ သူတို့ကို ကန့်သတ်ထားတဲ့ နေရာတွေမှာ ပေါ်ပီပင်စိုက်ဖို့ကိုတော့ ခွင့်ပြုနိုင်ရုံ လောက်ပဲ တတ်နိုင်မှာဖြစ်တယ်။ ဒါပေမဲ့ တစ်လျှောက်လုံး ကျွန်တော်တို့ကို ဘိန်းရာဇာတွေချည်းပဲ သရုပ်ဖော်သတ်မှတ်နေကြတယ်လေဗျာ။ ဒီတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူးပေါ့ဗျာ။ ဒီတော့ ကျွန်တော့် တို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူးပေါ့ဗျာ''။ ဖုန်က ပြောပြန်ပါသေးတယ်။ ''ဒါက ခေါင်းဆောင်တွေက ဘိန်းကို အရောင်းအဝယ်လုပ်ပြီး ရွှေတြိဂံဆီ ဒါမှမဟုတ် တခြားနေရာတွေဆီကို ပို့ဖို့မဟုတ်ဘူးဗျ။ ကျွန်တော်တို့ဟာ ဘိန်း ကူးသန်းရောင်းဝယ်ရေးထဲမှာ လိပ်ပါမသွားပါဘူးခင်ဗျာ'' (ကိုးကန့်မှာ ၁၉၈၉ ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲထားမှု မရသေးခင်ကတည်းက ဖုန် ကိုယ်တိုင် ဘိန်းမှောင်ခို လုပ်နေပါတယ်) '' ကျွန်တော်တို့ တော်လှန်ပုန်ကန်မှု တွေလုပ်တုန်းက ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ တပ်ကို တိုးချဲ့ဖို့လိုတယ် လေဗျာ'' ကျွန်တော်တို့ လက်နက်နဲ့ စားစရာလိုအပ်ပါတယ်ခင်ဗျာ''။ ဖုန်ကျားရှင် တအောင့်နားလိုက်ပြီး ဆက်ပြောပြန်ပါတယ်။ ''အဲဒီအတွက်ကြောင့် ကျွန်တော် တို့ရဲ့ အရပ်သူ အရပ်သားတွေကို ပေါ်ပီပင် စိုက်ခွင့်ပြုလိုက်ရတယ်ဗျာ''။ ဖုန်ပြောတာက သူ့ရဲ့ စစ်တပ်က ဘိန်းကို မစိုက်ပါတဲ့။ ဘိန်းခွန် သိမ်းတာလောက် ပဲ လုပ်ပါတယ်တဲ့။ ကိုးကန့်မှာ ၄၀ プ အခွန်ငွေက ဘိန်းပင် စိုက်ပျိုးမှုတွေက ရတာဖြစ်ပါတယ်။ '' ဟောဒီ နယ်မြေက ၇၀プ ရဲ့ ပြည်သူလူထုက ဘဏ္ဍာ ရေးငွေကြေးအနေနဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို အားပေးထောက်ခံကြပါ တယ်''ဆိုပြီး သူက ရှင်းပြပါတယ်။

၂၀-၄-၂၀ဝ၂ ။ ကိုးကန့်အထူးဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်းကို ပြသဖို့ အတွက် ဗိုလ်ချုပ်ဝေ့ချောင်းရင်ရဲ့ အထူးခွင့်ပြုချက်အောက်မှာ ကိုးကန့် ပြည် သူ့လုံခြုံရေးဌာန ကေဒါ ရန်းကျုန်းဝံရယ်၊ ဗိုလ်ချုပ်ဝေ့ရဲ့ အတွင်းရေးမှူးသစ် (တွဲဖက်) ကိုးကန့်ရုပ်သံလွှင့်ရုံမှူးဖြစ်တဲ့ စွတ်ချွမ်းက လူငယ်လေး ဟိုဖုန်းတို့ နှစ်ယောက်က စာရေးသူ (သတင်းထောက်) ကိုအဖော်ပြုပြီး ခရီးထွက်ကြပါ တယ်။ ကိုးကန့်အနောက်ဘက်က တောင်တန်းဒေသဖြစ်တဲ့ တစွေထန် (ရေကန် ကြီး) ဆီကို ရောက်ရှိလာကြပါတယ်။ (အရည်အသွေး အကောင်းစား မာလီ ပါးဘိန်းအဓိကထွက်ရှိတဲ့နေရာအထဲက နေရာတစ်ခု)။ ကျွန်တော်တို့ရဲ့ ခရီး လမ်းပန်းက စစ်သားတွေ စောင့်ကြပ်နေတဲ့ ဂိတ်တစ်ခုကို ဖြတ်သန်းရမှာ ဖြစ် ပါတယ်။ ဒီဂိတ်ဟာဖြင့် ရွှေတြိဂံ ဘိန်းထွက်ရှိတဲ့ နယ်မြေဒေသမှာ အစဉ်အဆက် အစောင့်အကြပ်အထူထပ်ဆုံး၊ အတင်းကြပ်ဆုံး ဂိတ်ပေါက်ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကားမောင်းပို့သူကတော့ ဒုတပ်မှူးချုပ် ဗိုလ်ချုပ်ဝေ့ချောင်းရင် ရဲ့ ကိုယ်ရံတော်တပ်သား လျှိုစန်းဖြစ်ပါတယ်။ သူတို့အတူ ကိုယ်ပေါ်မှာ ပါ လာတာက အဲဒီတုန်းက ရွှေတြိဂံမှာ အတော်လေး ခေတ်စားတဲ့ ဂျာမနီလုပ် ငွေရောင်ခြောက်လုံးပြူးပါပဲ။ ပြောကြဆိုကြတာက ပြင်ပပုံသဏ္ဍာန်ကြည့်လိုက် ရင် တရုတ်ပြည်လုပ် ''၅၄'' ပုံစံနဲ့ တစ်ပုံစံတည်း တူတယ်ရယ်လို့ ပြောကြပါ တယ်။ လူအတော်ကြိုက်တဲ့ ခြောက်လုံးပြူး ဖြစ်နေတာကိုး။ ဒီတော့ ဈေးက မြောက်တက်သွားတယ်။ တကယ့်ကို ရင်မင်ပိ ယွမ် တစ်သောင်းကျော် ရောင်း ချတယ်။ စာရေးသူက ကားပေါ်မှာ သူတို့ရဲ့ ခြောက်လုံးပြူးကို ဟိုုလုပ် ဒီလုပ်နဲ့ ဆော့ကစားတာပေါ့။ ဒါကို သူတို့ ဘယ်လိုမှ သဘောမထားပါဘူး။ ဗွေမယူဘူး ပေါ့ဗျာ။ ကားတုန်ခါ လှုပ်ယမ်းပြီး ကျည်ထွက်သွားမှာကိုလည်း သူတို့ မစိုးရိမ်ကြ ဘူးခင်ဗျ။

ကျွန်တော်တို့ လာရင်းအကြောင်းကို စာရေးသူ (သတင်းထောက်) ရယ် လောက်ကိုင်ကနေ ပါလာတဲ့ အထက်အရာရှိ ရှင်းပြတာကို နားစိုက်ထာင် ကြပါတယ်။ ဒုနယ်မြေမှူး လီစုလင်နှင့် ရဲစခန်းမှူး ကျောက်ရှောင်တက်တို့က စာရေးသူတို့ကို အနီးအနားက တောင်ထိပ်တွေဆီကို ခေါ်ဆောင်သွားပါတယ်။ (သတင်းထောက်တွေလာတဲ့ ကားလမ်းမဘေးမှာပါပဲ)။ ကျွန်တော် သွားကြည့် တာကတော့ မတ်လအကုန်၊ ဧပြီလဆန်း ရိတ်သိမ်းပြီးစီးသွားတဲ့ ဘိန်းခင်းဖြစ် တယ်။ အခင်းထဲမှာက ရောက်နေပြီးဖြစ်တဲ့ ပေါ်ပီပင်တွေပဲ။ အဲ နည်းနည်း လေး ကံကောင်းထောက်မတယ်ရယ်လို့ ဆိုရမှာပေါ့။ နောက်ကျမှ သီးတဲ့ တစ်လုံးစ၊ နှစ်လုံးစ ပေါ်ပီသီးတွေကို တွေ့မြင်လိုက်ရပါတယ်။ ရိတ်သိမ်းပြီးစီး သွားတဲ့ ပေါ်ပီပင်တွေကို ပစ်စလက်ခတ် ပစ်ထားကြပါတယ်။ သူတို့က ရှင်းပြ ပါတယ်။ ကိုးကန့်မှာက အရည်အသွေးကောင်းတဲ့ မာလီပါးဘိန်းမျိုးကို စိုက်ပျိုး လို့ရတာကြောင့် နာမည်ကြီးနေပါတယ်တဲ့။ ဒါပေမဲ့ ကိုးကန့်လောက်ကိုင်မှာ ရှိနေတဲ့ မာလီပါးမှာ တကယ့်တကယ်တော့ ဘိန်းမထွက်တော့ပါဘူးတဲ့၊ ဘာ ကြောင့်လဲဆိုတော့ အဲဒီမှာက ပင်လယ်ရေမျက်နှာပြင် သိပ်နိမ့်တယ်၊ သိပ်ပူ ပြင်းတယ်လေ။ လောက်ကိုင်ဆိုတာက သမိုင်းမှာ ဘိန်းစုစည်းရာ ဖြန့်ချိရာနေရာ ဖြစ်ပါတယ်။ အကောင်းဆုံး ဘိန်းအားလုံးဟာ မာလီပါးရဲ့ ပတ်ပတ်လည်က တောင်မြင့်ဒေသတွေမှာသာ ထွက်ရှိပါတယ်ဆိုပြီး ရှင်းပြကြပါတယ်။

သူတို့ တကယ့်ကို ဖော်ဖော်ရွေရွေနဲ့ပဲ ဘိန်းသီးအခြောက်ကို နွှာပြပါတယ်။ နှမ်းစေ့ လေးတွေလောက် သေးငယ်တဲ့ ဘိန်းစေ့တွေကို လက်ဖဝါးပေါ် သွန်ချပါတယ်။ အဲဒါလေးတွေက အတော့်ကို စားလို့ကောင်းပါတယ်။ အသာလေး ကိုက်ဝါးလိုက် ပါတယ်။ နှမ်းစေ့ထက်တောင်မှ မွှေးနေပါသေးတယ်။ ဒေသခံတွေက ဆီကြိတ် ကြပါတယ်။ ဒါမှမဟုတ်လည်း ဖူးလုံဟင်းချို (ကြာစေ့ ဟင်းချိုလိုမျိုး) ကျိုသောက် ကြပါတယ်။ ပြည်တွင်း (တရုတ်ပြည်တွင်း) မှာ စာရေးသူ (သတင်းထောက်) ဟာ နုကျန်း (မြန်မာပြည်ထဲကို စီးဝင်လာတော့ သံလွင်မြစ်ဖြစ်) ဒေသမှာ ဘိန်းစေ့ကို တွေ့ခဲ့ဖူးပါတယ်။ အဲဟိုက လူတွေက ဟင်းချက်ရာမှာ အမွှေးနှင့် လုပ်ပြီး သုံးစွဲကြပါတယ်။ စာအုပ်စာပေပေါ်မှာ ပြောပြထားတာက ဘိန်းစေ့မှာ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အဆိပ်အတောက်လုံးဝမရှိပါဘူး။ မူးယစ်စေတဲ့ အစွမ်းသတ္တိလည်း ကင်းမဲ့ပါသတဲ့။ ဒါပေမဲ့လည်းပဲ ဒီနှစ်ကာလတွေမှာ မျိုးစေ့ အဖြစ် ယူငင်စိုက်ပျိုးတာကို ကြိုတင်ကာကွယ်သမှု ပြုထားတဲ့အနေနဲ့ တရုတ် ပြည်ဘက်ကတော့ ဘိန်းစေ့လေးတွေကိုလည်းပဲ တတိယဆင့် မူးယစ်ဆေးဝါး ပစ္စည်းစာရင်းထဲ ထည့်ပြီး တန်းစီထားလိုက်ပါတယ်။

အမှန်တကယ့် တကယ်မှာတော့ ပေါ်ပီပင် ပင်ကိုယ်ကိုက တကယ့် အဖိုးတုန်ရတနာပါ။ သူ့ရဲ့ ပဉ္စငါးပါးစလုံး ရတနာချည်းပါပဲ။ အရွက်၊ အပွင့်၊ အသီး၊ အစေးအားလုံး အားလုံး ဆေးဖက်ဝင်ပစ္စည်းတွေချည်း ဖြစ်ပါတယ်။ အကယ်၍များ ဆိုးယုတ်တဲ့သူတွေက မူးယစ်တဲ့အရာအဖြစ် သောက်သုံး ရှူ တာတွေ မပြုလုပ်ကြဘူးဆိုရင် ၄င်းဟာ အနှစ်သာရရှိရှိနဲ့ အစွမ်းသတ္တိ အမျိုး မျိုးအဖုံဖုံ ထက်မြက်တဲ့ ဆေးဝါးဖြစ်သွားချေမှာ မလွဲဧကန်ပါ။ လူပြော သူပြော စကားတစ်ခုရှိပါတယ်။ ဖူသြလက်ဖက်ထွက်တဲ့ ဒေသတွေမှာပေါ့ဗျာ။ နဂိိုမူလက ပေါ်ပီဘိန်းပင်စိုက်ပျိုးခဲ့တဲ့ မြေပေါ်မှာ ဖူသြလက်ဖက်မျိုးကို ပြောင်းလဲစိုက် ကြည့်လိုက်တော့။ ဟာဗျာ ကောင်းတာမှ နဂိုမူလကထက်တောင် သာလွန် ကောင်းပါသတဲ့ဗျာ။ မွှေးနေတာပဲတဲ့ဗျို့။ တရုတ်ပြည် စီးစွမ်းပနက လက်ဖက် ခြောက် ပါရဂူ ရွှေတြိဂံမူးယစ်ရင်းမြစ်ဒေသဆီ လာပြီး ဖူသြလက်ဖက်ကို အကြီးအကျယ် ပြောင်းလဲစိုက်ဖို့ စီမံကိန်းရှိပါတယ်လို့ ကြားသိရပါတယ်။

ဘိန်းစိုက်တောင်သူကြီး ရန်းရှင်းကို (၅၆) နှစ် အိမ်ကို စာရေးသူတို့ ရောက်သွားကြပါတယ်။ စာရေးသူဟာ သူ့လိုပဲ ဘိန်းစိုက်တောင်သူကြီး ကြိုး လောင်ဖွန်း (၅၇) နှစ်၊ လီချူန်းမိန် (၅၄) နှစ်၊ လီရှောင်လု (၆၁) နှစ် သူတို့နဲ့ ဆုံမိကြတယ်။ တကယ်တော့ သူတို့အာလုံးဟာ ဟန်တရုတ်လူမျိုးတွေချည်းပါပဲ။ မြန်မာပြည်မှာ ရောက်ရှိနေထိုင်ကြတာ ကြာလှပါပြီ။ တချို့များဆိုရင် မြန်မာ ယောကျာ်းတွေ ဝတ်ဆင်သလို မြန်မာဂါဝန် (လုံချည်) တွေတောင် ဝတ်ဆင်ထား ကြတာ ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ အင်တာဗျူးက ရန်းရှင်းကို ဘိန်းစေ့ တွေ နေလှမ်းထားတဲ့ တလင်းထဲမှာပါ။ အဲဒီဒေသသားတွေဟာ နှစ်ကာလတွေ ကြာညောင်းနေပါပြီ။ သူတို့ပေါ်ပီဘိန်းပင် စိုက်ပျိုးတာနဲ့ တရုတ်ပြည်တောင်ပိုင်း နယ်မြေတွေမှာ တောင်သူလယ်သမားတွေ ဆန်ရေစပါး စိုက်ပျိုးတာနဲ့ တမျိုး တစားတည်းပါပဲ။ ပေါ်ပီပင် စိုက်ပျိုးခြင်းဟာ ဘိန်းစိုက်တောင်သူတို့ရဲ့ တစ်ခု တည်းသော လယ်ယာသီးနှံ စိုက်ပျိုးခြင်းပါတဲ့။ သူတို့မှာ သည်ပြင် အစွမ်းအစ၊ အတတ်ပညာတွေ ဘာဆို ဘာမှ မရှိတော့ပါ။

၂၀ဝ၁ ခုနှစ်၊ နိုဝင်ဘာလ - ၂၀ဝ၃ ခုနှစ် မတ်လအထိ မြန်မာအစိုးရ စစ်တပ်နှင် ကိုးကန့်မဟာမိတ်တပ်တို့ တစ်လျှောက်လုံး လက်တွဲကြပြီး ပေါ်ပီပင် စိုက်ပျိုးမှုကို မြေလှန်ပစ်တဲ့ အလုပ်ကို တွဲလုပ်ကြတယ်။ ဘာကြောင့်ဆို အဲဒီ အချိန်ကာလတစ်ခုဟာ ပေါ်ပီပန်းတွေ ပွင့်လို့ အသီးတင်တော့မယ့် ကာလ ဖြစ်နေတယ်။ အဝေးခပ်လှမ်းလှမ်းကနေ ကြည့်လိုက်ရုံနဲ့ ဘယ်နေရာ၊ ဘယ်မြေ တွေဟာ ပေါ်ပီပင် စိုက်တာလဲဆိုတာကို ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။ သူတို့ ပြောစကားအရဆိုရင် ဒီတစ်နှစ်မှာ အစိုးရလူတွေက တစွေထန်မှာ ခုတ်ရှင်းပစ်လိုက်တဲ့ စိုက်ဧကက ၂၀ဝ၀ ခွဲဲခန့် ရှိပါလိမ့်မယ်။ (တောင်တန်းဒေသ မြေလွတ်တွေက ပုံစံမကျမနတွေနဲ့ပါ။ ဒေသခံတွေမှာ ဧကဆိုတဲ့ အတိုင်းအတာ ကို မသိရှိ၊ အလေ့အထလည်း မရှိပါ။ ထွက်ရှိတဲ့ အတိုင်းအတာနှုန်းထားပေါ် မူတည်ပြီး သတ်မှတ်ကြပါတယ်။ မြန်မာအခေါ်ဆိုတော့ အဆွဲလို့ပဲ ခေါ်ရမှာပေါ့)

နားလည်ရသလောက်တော့ ဟိုးစောစော ၂၀ဝ၂ ခုနှစ်၊ သြဂုတ် - စက်တင်ဘာလတွေကြားမှာ ဒါဟာ ထုံးစံအတိုင်း မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ ရာသီအခါသမယဖြစ်ပါတယ်။ မြန်မာအစိုးရက တောင်ပေါ်ဒေသ မြေသားနဲ့ ကိုက်ညီတဲ့ ရွှေပဲသီး၊ ဂျုံစေ့အစရှိတဲ့ မျိုးစေ့တွေ ဝေခြမ်းပေးပြီး စိုက်ခိုင်းပါတယ်။ ဘိန်းစိုက်တောင်သူတွေလည်း စုစုပေါင်း ဂျုံစေ့၊ ရွှေပဲသီး ၁၀ဝ၀ ဆွဲကို ပြောင်း လဲစိုက်ကြပါတယ်။ ဒါပေမဲ့ ဘိန်းစိုက်တောင်သူတွေက လူမသိ၊ သူမသိနိုင်တဲ့ နေရာတွေမှာ သူတို့ စိုက်နေကျ ဘိန်းပင်ကိုပဲ မရ၊ ရအောင် စိုက်ကြတာပါပဲ။ တချို့ ပိုပိုပြီး ဝေးလံတဲ့ တောင်တန်းဒေသတွေမှာ ဘိန်းပင်ကိုပဲ ပိုများများစား စား စိုက်ကြတာပါပဲ။ အစိုးရမှာက သူ့လူတွေဟာ အကန့်အသတ်တွေ ရှိကြ တာကိုး။ ဒါကြောင့်လည်း ဒါလောက်များပြားကျယ်ဝန်းပြီး ဝေးခေါင်လွန်းတဲ့ တွေဆီကို ဘယ်လိုမှ အနှံ့အစပ် ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဘိန်းစိုက်တောင် သူတွေက ပြောကြပါတယ်။ 

''နွေဦးကာလတွေမှာ ကျွန်တော်တိုု့ရဲ့ ဘိန်းပင်တွေကို မြေလှန်ပစ်လိုက်တာဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးကို ထိုးကော်လှန်ပစ် လိုက်သလို ခံစားရပါတယ်ခင်ဗျာ။ အဲဒီအခါမှာ ကျွန်တော်တို့ဆီက လူတွေက နိုင်ရာလူကိုပဲ ဖိထောင်းကြရတယ်ဗျာ။ ဘာလဲဆိုတော့ ယောကျာ်းသားတွေ က မိန်းမသားတွေကို ဆဲဆိုပုတ်မောင်းတွေ ဖြစ်ကြ၊ ငိုယိုကြနဲ့ပေါ့ဗျာ။ အခု အစိုးရက လေသံပစ်နေပြန်ပြီ။ ဒီနှစ် သြဂုတ်လ၊ စက်တင်ဘာလပိုင်းတွေ ရောက်လာတာနဲ့ သူတို့လူတွေ လွှတ်လိုက်ပြီး ရက်ပေါင်း ၄၀ တောင်ကို စောင့်ကြပ်ကြမယ်တဲ့ဗျ။ စိုက်ပျိုးလို့မရအောင် စောင့်ကြပ်ကြတော့မယ်တဲ့ဗျာ။ ဒါပေမဲ့ ဒါကို မစိုက်လို့က ကျွန်တော်တို့အတွက် တယ်ပြီး ဟန်မကျလှဘူးဗျ။ လာမယ့်နှစ် ကျွန်တော်တို့ရဲ့ စားဝတ်နေရေးဘဝအတွက် ဘာကိုယူပြီး ငွေကြေး နဲ့ ဖလှယ်ကြမလဲဗျာ။ ဘာနဲ့ စားစရာ သွားဝယ်မလဲဗျာ။ အင်း အဲဒီအချိန် ရောက်မှာပဲ မီးစင်ကြည့််ကရတော့မှာပေါ့လေ''။

 နောက် အခြားဘိန်းစိုက် တောင်သူအိုကြီး တစ်ယောက်က ရယ်ရယ်မောမောနဲ့ ပြောပြန်တယ်။ ''အဲဒီ အချိန်ရောက်တော့လည်း ဟိုးတောင်ရဲ့ အနားစပ် နှုတ်ခမ်းမှာ နည်းနည်းပါး ပါးလေး စိုက်လိုက်တာပေါ့ဗျာ။ အစိုးရလူတွေ ရှာမတွေ့နိုင်ပါဘူး။ ဘိန်းကတော့ စိုက်ကို စိုက်ရမှာပဲဗျ။ မစိုက်လို့ကိုး မဖြစ်ဘူးလေ။ သူက ဆေးကောင်းဝါးကောင်း တစ်လက်ဗျ။ ကဲ တကယ်လို့များ ကျွန်တော်တို့တွေ ခေါင်းကိုက်ပြီတဲ့ဗျာ။ ဟော ဝမ်းသွားပြီတဲ့ဗျာ၊ ကဲ ဘယ့်နှယ်လုပ်ကြမလဲ''

သူတို့က ရှင်းပြပြန်ပါသေးတယ်။ ယေဘုယျအားဖြင့် တစ်အိမ်ထောင် မှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူ ၄-၅ ယောက်လောက်ရှိရုံနဲ့ ဘိန်း ၈ ဧကကို အသာ လေး စိုက်ပျိုးနိုင်ပါတယ်တဲ့။ တစ်ဧကကို ဘိန်းတစ်ဆွဲလောက် ထွက်ရှိနိုင်တယ် ဆိုပဲ။ သူတို့ပြောတဲ့ ''တဆွဲ'' ဆိုတာက မြန်မာ့အချိန် ၁ ပိဿာ (တရုတ်အချိန် က ၃"၃ တရုတ် ပိဿာ) ထွက်ရှိနိုင်ပါတယ်။ သာမန်အနေနဲ့က ဘိန်းစိမ်း ၄-၅ ဆွဲဆိုရင် ၇၅၀ ရမ် ဟီးရိုအင်း ထုတ်လုပ်နိုင်ပါတယ်။ တစွေထန်ဒေသက ဘိန်းစိုက်တောင်သူတွေ ဟိုနည်းနည်း၊ ဒီနည်းနည်း ကောက်သင်းကောက် သိမ်းဆည်းလိုက်ရင်တောင် အဆွဲပေါင်း ၁၀ဝ၀ ကျော်ကျော်ရနိုင်ပါတယ်။ စိုက်ပျိုးမှု ပိတ်ပင်ဟန့်တားမှုမလုပ်ခင်တုန်းက ဒီနယ်မြေရဲ့ နှစ်စဉ် ဘိန်းထွက် နှုန်းက အဆွဲပေါင်း ၄၀ဝ၀ ကျော်ကျော် ထွက်ပါတယ်။ ဒါဆိုရင် ဟီးရိုးအင်း ဂရမ်ပေါင်း ရာထောင်ချီပြီး ထွက်ရှိပါလိမ့်မယ်။ ခါတိုင်းနှစ်တွေမှာ ဝယ်ယူ သိမ်းဆည်းသူတွေက ဘိန်းစိုက်ပျိုးဆိုတာနဲ့ ချက်ချင်းပေါက်ချလာတော့တာပဲ။ သူတို့က ဘိန်းစိုက်တောင်သူတွေကို အမတော်ကြေး (ပင်ထောင်ကြေး) ထုတ် ချေးပေးကြတာဟာ တရုတ်ပြည်က ကြိုတင်ငွေ ထုတ်ချေးပေးတဲ့ ပုံစံနဲ့က တူ တူပါပဲ။ ဘိန်းလာဝယ်တဲ့အခါမှာ အမတော်ကြေး ထုတ်ချေးထားတဲ့အြွေကးကို ဖယ်လိုက်ပြီး တန်ကြေးငွေကို ပေးချေပါတယ်။ လာပြီး သိမ်းဆည်းဝယ်ယူတဲ့ ဆေးနှုန်းမကောင်းဘူးဆိုရင် ဥပမာ သာဓကအနေနဲ့့ ထောက်ပြရရင် ဒီနှစ်မှာ ဘိန်းတစ်ဆွဲကို ရင်မင်ပိ ၁၆၀ဝ-၁၇၀ဝ ယွမ်ဈေးရှိတယ်ဆိုရင် (ကိုးကန့်သား တွေဟာ သာမန်အားဖြင့် မြန်မာငွေကြေးကို လက်မခံပါ။ ထိုဒေသမှာ တရုတ် ရင်မင်ပိ ငွေကြေးကိုသာ လည်ပတ်သုံးစွဲကြပါတယ်) ခါတိုင်းနှစ်တွေမှာ ဘိန်း စိမ်း တစ်ဆွဲကို ၅၀ဝ၀ ယွမ် - ၆၀ဝ၀ ဝန်းကျင်လောက်နဲ့ ရောင်းချရပါတယ်။ 

ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်း ချမ်းသာသွားကြတာက သိမ်းဆည်းဝယ်ယူကြသူတွေ ရယ်၊ ဟီးရိုးအင်းထုတ်လုပ်ကြသူတွေပဲ ဖြစ်ကြတယ်။ ဘိန်းစိုက်တောင်သူတွေ ကတော့ ဒုံရင်း ဒုံးရင်း ငမွဲ ငချောက်တွေပဲ ဆက်ဖြစ်ကြတယ်။ သူတို့အတွက် အလွန်ဆုံးကတော့ သူတို့လိုအပ်တဲ့ လက်ငင်းငွေကြေးကို မြင်လိုက်ရတယ်ဆိုရုံ လေးမျှသာဖြစ်ပါတယ်။ သူတို့တတွေ ခုဆို နားလည်သဘောပေါက်လာကြပါ ပြီ။ ဘာကိုလဲဆိုတော့ သူတို့ရဲ့ ဟိုးရှေးဘိုးစဉ်ဘောင်ဆက် လက်ထက်ကတည်း က တစ်နှစ်မပြတ် ဘိန်းကို စိုက်ပျိုးကြပါတယ်။ စိုက်ရင်း စိုက်ရင်းက ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြဘူး။ တစ်သက်လုံး ဆင်းရဲတွင်းထဲကနေ ရုန်းမထွက်နိုင်ကြတော့ဘူး။ ဒါပေမဲ့ အကျိုးအကြောင်းက အကျိုးအကြောင်း မှာပဲ ခရီးလမ်းဆုံးရတယ်။ ဒီအကျိုးအကြောင်းတွေကိုလည်း သူတို့သဘောပေါက် နားလည်ကြပါတယ်။ ဆီလျော်တဲ့ အစားထိုးသီးနှံ ရှာမတွေ့ခင်ရယ်၊ ဘိန်းပင် စိုက်ပျိုးတာထက် ဝင်ငွေကောင်းပါတယ်ဆိုတာကို သက်သေသက်ကာယ ထုတ်မပြနိုင်သေးခင်တွေမှာ ဘိန်းစိုက်တောင်သူတွေအားလုံးက ဝင်ငွေကျဆင်း ယုတ်လျော့သွားမယ့် ဘေးအန္တရာယ်ကို သူတို့ဝင်ရောက် မထမ်းပိုးလိုချေ။ ဘာကြောင့်ဆိုရင် '' နဂိုကတည်းက ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ဟာ ဒီလို ဆုံးရှုံးမှုမျိုးကို ဘယ်အိမ်၊ ဘယ်မိသားစုကဝင်ပြီး ထမ်းရွက်ထားပါ့မလဲဗျာ''

၂၀ဝ၃ ခုနှစ်မှာ ကိုးကန့်တခွင်လုံး မူးယစ်ဆေးဝါး ကင်းစင်နယ်မြေ ဖြစ်ရချေမယ်လို့ ကိုးကန့်အထူးဒေသအစိုးရက ကတိစကား ပြောသွားပါတယ်။ ၂၀ဝ၀ ခုနှစ်မှာပဲ စိုက်ပျိုးမှု ပိတ်ပင်ဟန့်တားတဲ့အမိန့် ဘိန်းစိုက် တောင်သူတွေ ကိုချမှတ်လိုက်ပါတယ်။ ၂၀ဝ၁ ခုနှစ်မှာ အကန့်အသတ်နဲ့ စိုက်ပျိုးဖို့ကို နောက် ဆုံးတစ်နှစ်အနေနဲ့ ဘိန်းစိုက်ခွင့်ပေးလိုက်ပါတယ်။ ၂၀ဝ၂ ခုနှစ်က အစပြုပြီး ဘယ်သူကမှ ဘိန်းစိုက်ခွင့်မရတော့ပါ။ 

စာရေးသူ (သတင်းထောက်) က နေ လှမ်းထားတဲ့ ဘိန်းစေ့တွေကို လက်ညှိုးထိုးပြပြီး ရန်းမိသားစုကို မေးခွန်းထုတ် လိုက်ပါတယ်။ ''ဒီဘိန်းစေ့တွေကို နေလှမ်းထားတာ ဘာလုပ်ဖို့လဲ အဘ''။ ရန်းအဘိုးအို ရယ်ကာမောကာနဲ့ ဖြေလိုက်ပါတယ်။ ''အဲဒါတွေ နေလှမ်းလို့ ခြောက်တာနဲ့ အမှုန့်ကြိတ်မယ်။ ဖူးလုံရည် ကျိုသောက်မယ်လေဗျာ။ ရင့်မှည့်ပြီ ဖြစ်တဲ့ ဘိန်းစေ့တွေမှာ ဘာအဆိပ်အတောက်မှ မရှိဘူးဗျ။ ဘိန်းစေ့တွေမှာ အဆီဓာတ်ပါဝင်မှ်ုက ၅၀ プကျော်တယ်ဗျနော်။ ဆီကြိတ်လိုက်ရင် နှမ်းဆီထက် တောင် ပိုကောင်းတယ်။ တကယ့်တကယ် စိုက်မယ့်ပျိုးမယ့် ဘိန်းစေ့တွေကို ပိတ်စနဲ့ ထုတ်ပိုးထားပြီး နေရောင်ပေးမထိဘဲ ခြောက်အောင်ထားရပါတယ်။ နေလှမ်းတဲ့ ဘိန်းစေ့က စိုက်လို့ အပင်မထွက်ဘူးဗျ''

''သာမန်အားဖြင့်တော့ နှစ်စဉ် တရုတ်ပြက္ခဒိန် (ရှစ်) လပိုင်းကို ရောက်တိုင်း ဒါဟာ ဘိန်းစိုက်ရာသီကို ရောက်လာပြီပေါ့ဗျာ။ တို့ထိ စိုက်ပျိုးနည်း ဆိုတာက ဘိန်းမျိုးစေ့နဲ့ မီးဖိုကပြာကို ရောနှောသမလိုက်တယ်။ ကျောမှာ လွယ်ပိုးပြီး တောင်ကုန်းတွေပေါ်ကို တက်ပြီး တို့ထိစိုက်ကြတယ်။ ကျွင်းလေး တစ်ကျွင်းကို ဘိန်းစေ့နည်းနည်းစီ နည်းနည်းစီ ထည့်လိုက်ရပါတယ်။ တစ်လ လောက်ဆိုရင် မျိုးပင်ကလေးတွေ စိမ်းစိမ်းစိုစို ရှိလာပါပြီ။ အပွင့်မပွင့်သေးခင် မှာ တောင်ကုန်းပေါ် တစ်ခေါက်ပြန်တက်၊ ပေါင်းတစ်ကြိမ် နှစ်ကြိမ်လောက် ရှင်းပေးလိုက်။ သာမန်အားဖြင့်တော့ ဘာမှ ထွေထွေထူးထူး ဂရုစိုက်ဖို့ မလိုပါ ဘူး။ တရုတ်နှစ်သက်ကူးပြီးတဲ့နောက် ဆယ်ရက်လောက်မှာ ဘိန်းပင် ရိတ်သိမ်း ပြီး ဘိန်းကို ရရှိသွားတဲ့အချိန်ကို ရောက်ရှိပြီပေါ့ဗျာ''

၄င်းဒေသက လူတွေဟာ အလွှာအထပ်ထပ်ပါတဲ့ ဘိန်းခြစ်ဓားပါးလေး နဲ့ ဘိန်းသီးရဲ့ အနားပတ်လည်ကို ခြစ်ရပါတယ်။ ဓားအသွားက ဘိန်းသီးအထဲက တစ်စင်တီမီတာလောက် ဝင်သွားရပါတယ်။ ဒီအဆင့်ဟာ ဘိန်းသိမ်းဆည်းရရှိ မှုမှာ အရေးအပါဆုံး နည်းပညာတစ်ရပ်ပဲ။ အနက်လွန်သွားရင် ဘိန်းသီးကို အနာတရ ဖြစ်စေပြီး နောက်တစ်ကြိမ် ထပ်ခြစ်တာကို သွားထိခိုက်ပါလေရော။ ဟော တိမ်သွားတယ်ဆိုပြန်ရင်လည်း အစေးထွက်မှု မများတော့ပြန်ဘူး။ ပထမနေ့မှာ ခြစ်ထားတဲ့ ဘိန်းသီးကနေပြီး မခြောက်တစ်ခြောက် ဖယောင်းချက် လိုမျိုး ညိုမည်းတဲ့အစေးတွေ စိမ့်ထွက်လာပါတယ်။ နောက်တစ်ချက် ခြစ်လိုက် တာနဲ့ အခြောက်ခံလိုက်ရင် ပြောနေကြတဲ့ ဘိန်းရိုင်း၊ ဘိန်းစိမ်းကို ရတော့တာပါ ပဲ။

ဒုဒေသမှူး လီစုလင်က ပြောပါတယ်။ ''ဘိန်းစိုက်သူတွေကို ''ငပျင်း တောင်သူ'' ရယ်လို့ ခေါ်ကြတာ အဲဒါကြောင့်ပါပဲ။ ဘိန်းစိုက်တောင်သူတွေ စိုက်လာကြတာ နှစ်တစ်ရာကျော်လာကြပြီ။ ဒီဘိန်းကလွဲပြီး တခြားဘာဆိုဘာကို မှ မစိုက်တတ်ကြဘူးလေ။ ဒီတော့ လုပ်သာလုပ်တယ်၊ ဘာမှ ဖြစ်မလာဘူးလေ ဗျာ။ အခုဆိုရင် အစိုးရနှင့် ဘိန်းစိုက်တောင်သူတွေ နှစ်ဦးနှစ်ဝစလုံး ဒီပြဿနာ ရဲ့ မေးခွန်းကို သိသွားကြပါပြီ။ (မှတ်ချက် - ''အစိုးရ'' လို့ ပြောသွားတာတွေ မှာ ''ကိုးကန့်ဒေသအစိုးရ'' ကို ရည်ညွှန်းပြောခြင်းဖြစ်ပါတယ်။ ''မြန်မာအစိုးရ'' လို့ ပြောမှသာ ပြည်မကြီးအစိုးရကို ပြောတာပါပဲ - မြန်မာပြန်ဆိုသူ) ဒီဘိန်းဘေး ဒုက္ခဆိုးထဲကနေ ဘယ်လို ရုန်းထွက်မလဲဆိုတဲ့ နည်းလမ်းကို ကျွန်တော်တို့ စဉ်းစားနေတုန်းပါပဲ''

သူတို့ရှင်းလင်းပြောပြချက်အရ သိလိုက်ရတာက ၂၀ ရာစုခေတ် ၆၀ ခုနှစ် တစ်လျှောက်လုံး ကိုယ့်ဘာသ အသိစိတ်ဓာတ်တွေဝင်လာတဲ့ ဘိန်း တောင်သူတွေက စတင်ပြီး တရုတ်ပြည်က လက်ဖက်မျိုးကို ယူစိုက်ကြပါတယ်။ ဒါပေမဲ့ ကိုးကန့်ဘိန်း စိုက်တောင်သူအများစုခမျာ ဘိန်းကို စိုက်ပျိုးတဲ့ ထူးဆန်း တဲ့ စည်းဝိုင်းထဲကကို ရုန်းမထွက်နိုင်ကြပါဘူး။ နောက်ပိုင်းတွေမှာ ဘာတွေ ရှိကြသလဲဆိုတော့ လက်ဖက်ပြောင်းစိုက်သူတွေရဲ့ ဝင်ငွေတွေက ဘိန်းဆက် စိုက်သူတွေရဲ့ အကွာကြီး ကွာခြားလွန်းတယ်။ ဝင်ငွေပမာဏချင်းက တအား ကွာတာကိုး။ ဒါ့အပြင် ရရှိလာတဲ့ လက်ဖက်ဟာ ဈေးတော့ ရှိပါရဲ့၊ ဝယ်သူက မရှိပြန်။ ဈေးကွက်မရှိဘူးလေဗျာ။ တရုတ်ပြည်ဘက်က ဝယ်ပါတယ်ဆိုတာက လည်း အချိန်ကလေးတစ်ကြိမ် တစ်ခါလောက်သာရှိတဲ့ ကောက်ရိုးမီးပါဗျာ။ ဘာကြောင့်ဆိုရင် တရုတ်ပြည်ထဲမှာ လက်ဖက်တွေက ဖောခြင်း သောခြင်းပဲ လေ။ ကောင်းကကောင်း၊ ဈေးကချိုနဲ့။ သူတို့နောက်ထပ် လာမဝယ်ကြတော့ဘူး ဗျ။ အခင်းထဲမှာ အစားထိုးစိုက်တဲ့ ကြံလေဗျာ။ နန်းစန်စက်ရုံက စီးပွားဖြစ် ထုတ်လုပ်တာမှာ ခွက်ခွက်လန်အောင် အရှုံးကြီး ရှုံးလိုက်တာဗျာ။ ပြန်ပြီးနလံကို မထူနိုင်တော့ဘူး။ တရုတ်ပြည်ဘက်ကလည်း နောက်ထပ် လာသိမ်းဝယ်တာ မျိုး မရှိတော့ဘူးဗျို့''

အနောက်ဘက်တောင်တန်းဒေသရဲ့ စခန်းမှူး ကျောက်ရှောင်တက်က ဒေသအစိုးရရုံးထဲကနေ လှန်လှောပြီး ဘိန်းစိမ်းအထုပ်ကြီး သုံးလေးငါးထုပ် ယူလာပြီး စာရေးသူ (သတင်းထောက်) ကိုပြပါတယ်။ တစ်ထုပ် တစ်ထုပ်ကို ၅ ကီလိုဂရမ် ရှိပါလိမ့်မယ်။ သူပြောတာက ဒါတွေဟာ အစိုးရက စိုက်ပျိုးခွင့် သတ်မှတ်တာထက်ကျော်တဲ့ ဘိန်းတွေကို ဘိန်းစိုက် တောင်သူတွေဆီက ရှာ ဖွေတွေ့ရှိပြီး သိမ်းလိုက်တဲ့ ပစ္စည်းတွေဖြစ်တယ်။ တစ်အိမ် တစ်အိမ် ဘယ် လောက်စိုက်ရမယ် သတ်မှတ်ထားပါတယ်။ သတ်မှတ်ချက်ထက် ကျော်သမျှကို သိမ်းဆည်းလိုက်ပြီး ရာခိုင်နှုန်း အချိုးအစားနဲ့ ပစ်ဒဏ်ခတ်ပါတယ်။ ဒါတွေက ဒီတစ်ဝိုက် အိမ်ခြေ ၄၀-၅၀ ကျော်တွေဆီက ပစ်ဒဏ်ချသိမ်းဆည်းလိုက်တဲ့ ဟာတွေဖြစ်ပါတယ်။ သိမ်းဆည်းစုစည်းပြီးတာနဲ့ ''စာရင်းအင်းမှတ်ပြုပြီး အထက်ကို ပေးအပ်လိုက်တယ်။ စုပြုံပြီး မီးရှို့ဖျက်ဆီးပစ်ပါတယ်''

သူက ပြောပါသေးတယ်။ ဘိန်းစိမ်းက် ဆေးကောင်းဝါးကောင်း တစ် လက်ဆိုပဲ။ သူပြောနေရင်းက စာရေးသူရဲ့ လက်အပေါ်မှာ နည်းနည်းလေးတင် ထားပြီး ပွတ်သပ်လိမ်းပေးပါတယ်။ ရွှေတြိဂံ ခြင်ကိုက်ခံထားရတဲ့ ဒင်္ဂါးပြားအဝိုင်း လောက်ရှိတဲ့ အနာပေါ်မှာ ပွတ်သပ်လိမ်းလိုက်တယ်။ တကယ့်ကို အံ့သြစရာ ပါပဲ။ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကင်းသွားပါတယ်။ အဟုတ်ပါ။ နောက်တစ်နေ့ မိုးလင်းတာနဲ့ ကြည့်လိုက်တော့ အယောင်ဟာ အများကြီးကို ကျသွားတယ်။ ဘိန်းရိုင်းအစိမ်းရဲ့ အဆီဟာ ဆေးပညာမှာ ပြောထားတာ ရှိပါတယ်။ အနာ အယောင်အပြုကို နိုင်နင်းတယ်၊ နာကျင်ကိုက်ခဲတာကို ပျောက်စေတယ်''

ဘိန်းတောင်သူတွေက ပြောကြတယ်။ ကိုးကန့်မှာ လွန်ခဲ့တဲ့ လတုန်းက ဘိန်းဈေးကွက်ပေါ်တက်လာတော့ တစ်ဆွဲကို ယွမ် ၃၀ဝ၀ ကျော်နဲ့ ရောင်းရပါ တယ်။ အခုအစိုးရက တားမြစ်လိုက်တော့ ထွက်နှုန်းမကောင်းတော့ပါ။ အစိုးရ လုပ်တာတွေက သိပ်ဆိုးတယ်ဗျာ။ ဘိန်းထွက်ပေါက် မရှိတော့ပါ။ ဗြောင်မရောင်း ချဝံ့ကြတော့ဘူး။ ဝယ်သူကလည်း ဗြောင် မဝယ်ဝံ့ကြတော့ဘူး။ ဘိန်းတောင်သူ တွေကသာ မျက်လုံးပြူး မျက်ဆန်ပြူးကြပြီး ကျဈေးနဲ့ လိုက်ဖြန့်ရတယ်။ သူတို့ က ပြောကြသေးတယ်။ တစ်နေရာလောက်ကို သွားပြီး စူးစမ်းလေ့လာကြည့် စေချင်ပါတယ်။ အစိုးရဟာ တကယ်ပဲ ဘိန်းကို ဟန့်တားနိုင်၊ မဟန့်တားနိုင် ဆိုတာကို သွားပြီး စူးစမ်းလေ့လာကြည့်ပါ။ ဒါကလည်း တယ်ခက်လှတာ မဟုတ်ပါဘူး။ အဲဒီနေရာက ဘိန်းဈေးနှုန်းကိုသာ ကြည့်လိုက်။ ဘာညာသာရကာ လေသံတွေ တင်းလာပြီဟေ့ဆိုတာနဲ့ သီးခြားသီးခြားနေရာတွေမှာ ဘိန်းဈေး ထိုးမကျသေးတဲ့အပြင် တက်တောင် ထိုးတက်လိုက်ပါသေးတယ်။ အဲဒါဟာ မူးယစ်ဆေးဝါးကို တိုက်ဖျက်နှိမ်နင်းဟန် ကစားပြတာပဲပေါ့။

ဘိန်းစိုက်တောင်သူတွေက တင်ပြကြတယ်။ အစားထိုးသီးနှံ စိုက်ပျိုး ပါတဲ့၊ ဥပမာ - လက်ဖက်ဗျာ၊ ဈေးနှုန်းကလည်း နည်းတယ်လေ။ ဘိန်းကရ တဲ့ ငွေနဲ့က မိုးနဲ့မြေလောက် ကွာပါတယ်။ ကိုးကန့်တောင်ယာခင်းတွေမှာ လုပ်နေကြတဲ့ အစားထိုးသီးနှံဆိုတာက ရော်ဘာနဲ့ ကြံဖြစ်တယ်။ ဘာကြောင့် လဲဆိုရင် တရုတ်ပြည်ဘက်က သကြားဈေးကို ချိုးနှိမ်ထားတယ်ဗျာ။ နန်းစန် သကြားစက်လည်း အဝယ်မလိုက်တော့ပြန်ဘူး။ လက်ဖက်ခြောက်ကလည်း ရောင်းလို့ မထွက်ဘူး။ ကဲ ဒီတော့ ဘိန်းစိုက်တောင်သူတွေက တရုတ်ပြည်ဘက် က ဘိန်းအစားထိုးသီးနှံတွေ စိုက်ခိုင်းတဲ့ လှုံ့ဆော်တိုက်တွန်းချက်ကို ဘယ်သူက မှ တလှိုက်တလှဲ ရှိမနေကြတော့ပါဘူး။ ဒါကြောင့်လည်း ဘိန်းစိုက်တောင်သူ တွေက ဆုံးဖြတ်လိုက်ကြပါတယ်။ နောင်ဆိုရင် ဘိန်းပင်ကို ''နည်းနည်းလေး'' တော့ စိုက်ရမှာပဲ။ အခြေအနေကို ထပ်ကြည့်လိုက်ဦးမယ်။ စကားကို နောက်မှ ပဲ ပြောတော့မယ်။

လောက်ကိုင်က စစ်သားတစ်ယောက် (သူ့ရဲ့ တောင်းဆိုချက်အရ အမည်နာမကို ထုတ်ဖော်မပြောတော့ပါ) က ပြောပါတယ်။ သူဟာ ၈၀ ခုနှစ် တွေတုန်းက ရန်းညီနောင်ထဲက ရန်းမောက်အန်းဖွင့်တဲ့ ဟီးရိုးအင်း အလုပ်ရုံ မှာ သူလုပ်ပါတယ်။ အလုပ်ရုံလိပ်စာကတော့ လောက်ကိုင်မှာ ရှိပါတယ်။ အခုလည်းပဲ ကိုးကန့်လောက်ကိုင်မှာ မြေအောက်လုပ်ငန်းတွေ ရှေးကလိုပဲ မူးယစ်ဆေးဝါးတွေ ပြုပြင်ပေးနေကြတုန်းပါ။ သူဟာ ဟိုးတုန်းက ဘိန်းရာဇာ ကြီး ရန်းညီနောင်တို့ လက်အောက်က တပ်သားတစ်ယောက်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အောက်ခြေသိမ်း လုပ်ငန်းကအစ လောပန်တွေအတွက် အလကား ကျွန်ခံလုပ်ပေးရတာပဲ ရှိတယ်။ နှစ်သစ်ကူးတို့၊ ဘာတို့လို တစ်ခါတစ်ရံ မှ ပေါ်လာတဲ့ အခါသမယနေ့တွေလောက်သာ နံပါတ် ၄ လေး ဘာလေး အနည်းအပါး ပေးတာလောက်ပဲ ရှိတယ်။ ဒါတောင်မှ ဆုကြေးအဖြစ် ပေးတာ လို့ ဆိုကြပြန်ပါသေးတယ်။ သူ ဆက်လက်ပြီး ထုတ်ဖော်ပြောပြပြန်ပါသေးတယ်။ မူးယစ်ဆေးဝါး ပင်မထွက်ရှိတာရယ်၊ ပြုပြင်မွမ်းမံတဲ့ စက်ရုံအလုပ်ရုံတွေအား လုံးက အင်မတန်နက်နဲလှတဲ့ တောတောင်တွေအထဲမှာ တည်ဆောက်ထားကြ ပါတယ်။ လမ်းမှာလည်း ဂိတ်တွေ အများအပြား ချထားပြန်ပါသေးတယ်။ အပြင်လူ လုံးဝကို ဝင်လို့မရအောင် စီမံထားတာ ဖြစ်တယ်။

ဟီးရိုးအင်း ပြုပြင်ထုတ်လုပ်ပုံ ထုတ်လုပ်နည်း စာရေးသူကို ရှင်းပြ ပါတယ်။ ဘိန်းစိမ်းဟာ လုပ်ငန်းဆောင်တာ အဆင့်ဆင့်တွေ ပြုပြင်မွမ်းမံပြီးတော့ မှ သန့်စင်မှု အင်မတန်မြင့်မားတဲ့ နံပါတ် ၄ ဟီးရိုးအင်းဖြစ်သွားရပါတယ်။

သူ့အပြောအရ မူးယစ်ဆေးဝါးပြုလုပ်ရာမှာ လိုအပ်တဲ့ ဓာတုဗေဒ ဆေးဝါးဟာ အဓိက တရုတ်ပြည်က အဝင်ကို အားထားရပါတယ်။ ဒီနှစ်နှစ် မှာ တရုတ်ပြည်ဘက်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာကို အင် အားတိုးဖြည့်ပြီး ကြီးကြီးကျယ်ကျယ် နှိပ်ကွပ်နေပါတယ်။ ဒါ့အပြင် မူးယစ်ဆေး ဝါးပြုလုပ်တဲ့ ဓာတုဆေးဝါးတွေ နယ်နိမိတ်ပြင်ပဘက်ဆီ စီးထွက်သွားပြီး မူး ယစ်ဆေးဝါးထုတ်လုပ်မှှုုကို အကြီးအကျယ် အထောက်အကူ ပြုနေတာကို သတိထားမိကြတယ်။ ဒီတော့လည်း ကုန်ကြမ်းထိန်းချုပ်မှုလုပ်ငန်းကို ပိုမို အားဖြည့်ပေးလာတော့တယ်။ အဲဒါကြောင့် ကိုးကန့်နယ်မြေအောက်လုပ်ငန်း တစ်ရပ်ဖြစ်တဲ့ ဟီးရိုးအင်းထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်သွားရပါတယ်။

စာရေးသူ ကိုးကန့်ကို ရောက်တုန်းရောက်ခိုက်အချိန်ဟာ ဘိန်းဈေး ကွက်ဆီ အကြီးအကျယ် ထိုးတက်နေတဲ့ အခါသမယနဲ့ သွားရောက် ကြုံကြိုက် နေပါတယ်။ ခါတိုင်းနှစ် ဒီလိုအချိန်အခါမျိုးကိုရောက်ရင် မြေအောက်ဘိန်းပြု ပြင်မွမ်းမံထုတ်လုပ်တာမှာ အိုဗာတိုင်အချိန်ပိုတွေတောင် ဆင်းပေးရတဲ့ အချိန် မျိုးပေါ့။ အတွင်းသိ အစင်းသိသူတွေရဲ့ ဖော်ထုတ်ချက်အရ ဒီနှစ်မှာ မူးယစ်ဆေး ဝါး ပြုပြင်ထုတ်လုပ်ရတဲ့ လိုအပ်တဲ့ ဓာတုဗေဒဆေးဝါးတွေ လုံလုံလောက်လောက် မရရှိနိုင်တာကြောင့် အလုပ်ချိန်က ထင်ထင်ရှားရှား အချိန်ပြည့်မဟုတ်သေးပါ။ ဟိုးယခင်နှစ်တွေကဆိုရင် ဧပြီ၊ မေ၊ ဇွန်လပိုင်းတွေမှာ ဟီးရိုးအင်းထုတ်လုပ်တဲ့ ဒီရေအရှိန်အမြင့်ဆုံးထဲကို ဝင်လာတာပေါ့ဗျာ။ နှစ်စဉ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ သုံးလဆိုတာက တရုတ်ပြည်ဘက်က ဘိန်းအမြောက်အမြား ဖမ်းဆီးရမိတဲ့ အချိန်ကာလပဲဖြစ်တယ်။ ဘာကြောင့်များလဲဆိုရင် နှစ်စဉ် ဒီအချိန်ကာလထဲ ဝင်လာပြီဆိုရင် မူးယစ်ဆေးဝါး မှောင်ခိုမှု အမြင့်ဆုံး ဒီရေဆီ ရောက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီတပ်သားကြီးကလည်း ပြောပါတယ်။ ဒါကြောင့် ၂၀ဝ၂ ခုနှစ် ဟီးရိုးအင်းအမြောက်အမြား ဈေးကွက်ဆီကို တင်ဖို့ အချိန်ကို နောက်ဘက်ဆီ တစ်လ၊ နှစ်လလောက် ရွှေဆိုင်းပေးကောင်း ပေးရ တော့မှာ ဖြစ်ပါတယ်ရယ်လို့ တပ်သားဟောင်းကြီးက ပြောပြပါတယ်။