Breaking News

မှူးနေဝန်း - ရနံ့


မှူးနေဝန်း - ရနံ့

(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်)
မိုးမခ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၀
မသိခြင်းရဲ့အလှဟာ
မွှတ်မွှတ်လည်နေတယ်။

မလာမီကပင်
ရောက်နေခဲ့တယ်ထင်ရဲ့
သင့်လက်ဟာ ကိုယ့်ပခုံးပေါ်မှာ
အမှတ်မဲ့စမ်းမိတော့ သိရတာ။

သွားပေဦးနောင်ကြီး
နှုတ်ဆက်တယ်ရောင်းရင်း
ရောက်ရာအရပ်မှာ တံစက်မြိတ်တစ်ခုတွေ့ပါစေ။

ရွက်ခြောက်ပေါ်ဖွဖွနင်းခဲ့သလား
ကျွတ်ဆတ်မှုရဲ့ရနံ့ဟာ ပျော့ပျောင်းတယ်
ဆောင်းလေညင်းလိုစိမ့်ဝင်ခဲ့တာလား
တိတ်ဆိတ်မှုရဲ့ရနံ့ဟာ လျှိူ့ဝှက်တယ်။

မကြားဖူးပေမယ့်အားလုံးသိတဲ့ပုံပြင်ပါပဲ
အဓိကဇာတ်ဆောင်ကတော့
လင်းကျင်းသောအခန်းထဲက
နံရံမှာ မှီထားတဲ့ထီးတစ်လက်ရဲ့အရိပ်ပေါ့
အဲ့လိုခေါက်သိမ်းထားတဲ့ထီးရဲ့
ကျစ်လစ်သောအရိပ်ပေါ့။