Breaking News

တည်ဘွားဦး - ရက်စွဲ

Than Htay Maung

တည်ဘွားဦး  - ရက်စွဲ

(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်)
မိုးမခ၊ ဇန်နဝါရီ ၂၉၊ ၂၀၂၀

လေယာဉ်ပျံတွေဗုံးမကြဲခင်
ပင်လယ်ပြင်မှာ သင်္ဘောမမှောက်ခင်
ဝံပုလွေတွေမှာ ပျော်မြူးနေဆဲ

မီးလောင်တယ်
ရေကြီးတယ်
ဆန်၊ ရေ၊ စပါး ရှားပါးတဲ့နေ့ပါပဲ

နေ့တွေ ရက်တွေဆိုတာ
တိတိကျကျရှိနေတာပါ

မသေခင်တစ်ရက်အလို
သေသေချာချာသိချင်ပါတယ်
ဘယ်နေ့လဲလို့တော့ မမေးနဲ့
တိုင်တည်ထားပါတယ်ဆိုရင် ရပါပြီ
အဲ့ဒီ့နေ့ကို ရောက်ချင်ပါတယ်

လေယာဉ်ပျံတွေဗုံးမကြဲခင်
ပင်လယ်ပြင်မှာ သင်္ဘော မမှောက်ခင်
ဝံပုလွေတွေမှာ ပျော်မြူးနေဆဲ။ ။