Breaking News

ငဇ - လူသေတယောက်

KT#
လူသေတယောက်
ငဇ
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၀

လူသေတယောက် ခင်ဗျားအနားမှာ ရှိတယ်
လူသေအလောင်းတလောင်းလို့ ပြောလည်း ရတယ်
ခင်ဗျားအနားမှာတောင် မဟုတ်ဘူး
ခင်ဗျားအထဲမှာပါတဲ့ ပီနီယံလို ဘောလ်လို
သူလည်း အစိတ်အပိုင်းတခုလို 
အစိတ်အပိုင်းအားလုံးလို ခင်ဗျားမှာပါလာပြီးသား
တနေ့နှစ်ခါ သုံးလေးငါးခါ အစာစားသလောက်
ခဏ ခဏဆီဖြည့် 
ခဏ ခဏ အင်ဂျင်ဝိုင်လဲသလောက် မကြောက်ပါနဲ့
တနေ့တခါပဲ ပုပ်စော်နံပါ၊ 
တနေ့တခါပဲ သေပါ
လူသေပါးစပ် ဟ တာနဲ့
ကလီစာ ဘယ်နှပေါင်ရှိလဲ ခင်ဗျားသိပြီလား။

၁၇၊ ၁၊ ၂၀၂၀