Breaking News

စိုး​နောင်(မုံရွာ) - ကပ်​တွေကပ်လာပြီ

ကပ်​တွေကပ်လာပြီ
  စိုး​နောင်(မုံရွာ)
(မိုးမခ) မတ် ၂၉၊ ၂၀၂၀

ဝိသမ​လောဘ​တွေကို
lock down ချထားရ​အောင်။
အတ္တ​တွေကို
quaratine လုပ်ထားရ​အောင်။
စေတနာကို
ဂျူတီကုတ်ဖြူ​လေးဝတ်​ပေးလိုက်​တော့
အဖြူ​ရောင်ဆရာဝန်​လေးဖြစ်လာတယ်။
မေတ္တာကို
ထဘီနီ​လေးဝတ်​ပေးလိုက်​တော့
ရဲရင့်တဲ့သူနာပြု​လေးဖြစ်လာတယ်။
သစ်​တော​တွေဟာ
ကမ္ဘာရဲ့အဆုတ်ဆို​တော့
လူ​တွေဟာ
ကမ္ဘာအတွက် COVID_19​တွေမို့လား။
စစ်နဲ့ပေနေတဲ့ကမ္ဘာရဲ့လက်ကို
ငြိမ်းချမ်း​ရေး​ရေနဲ့​ဆေးနိုင်ဖို့
ငါတို့နှလုံးသား​​ဟာ
ငြိမ်းချမ်း​ရေး​ရေတွင်း​တွေဖြစ်ကြမယ်။
ကပ်​တွေကပ်လာပြီ
ကပ်​တွေမကပ်နိုင်ဖို့။   ။