Breaking News

ဆောင်းယွန်းလ -"အလုံပိတ်တဲ့စိတ်နဲ့ နှစ်ကူးကြမယ်"



ဆောင်းယွန်းလ -"အလုံပိတ်တဲ့စိတ်နဲ့ နှစ်ကူးကြမယ်"

(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၀ 

ဗိုင်းရပ်စ်က
အပျင်းဖြေဖို့အတွက်
ပျော်ပွဲစားထွက်လာတာမဟုတ်ဘူး
အပမ်းဖြေဖို့အတွက်
ကမ်းခြေထွက်လေညင်းခံတာလည်းမဟုတ်ဘူး


ဂျင်းနဲ့ထန်းလျက်စားရုံလောက်နဲ့
သံပုရာရည်သောက်ပျောက်တဲ့ ဗိုင်းရပ်စ်ဟာ
ဘာအမျိုးအစားလဲ

နှာခေါင်းကို မျက်နှာဖုံးတပ်ထားပြီး
လက်ချောင်းတွေကို လက်အိတ်စွပ်ထားပေမဲ့
အသိဉာဏ်ကို ဘာနဲ့မှကာကွယ်မထားတော့
ဗိုင်းရပ်စ်ဟာ ခွေးတိုးပေါက်ကဝင်သလိုမျိုး
လူသားတမျိုးနွယ်လုံးဆီကို တစိမ့်စိမ့်စီးဝင်နေတယ်

မီးတောင်‌ေတွပေါက်ကွဲတဲ့အခါ
ဒေသခံပြည်သူတွေလောက်သာ သေပွဲဝင်ကြရပြီး
ဗိုင်းရပ်စ်‌ေတွ လမ်းလျှောက်လာတော့
ကမာနဲ့ချီတဲ့ လူ့တမျိုးနွယ်လုံးပျောက်သွားနိူင်တယ်

ဒီပွဲဟာရှောင်လင်သိုင်းပြိုင်ပွဲလည်းမဟုတ်ဘူး
ဒီအချိန်ဟာ
ကိုယ်ခံအားကောင်းကြောင်းကြော်ငြာဝင်ရမဲ့အချိန်လည်းမဟုတ်ဘူး
ကိုယ့်ကိုကိုယ်လုံခြုံဖို့အတွက်
မလိုအပ်ရင် လမ်းမထွက်ဘဲနေတာအကောင်းဆုံးဘဲ
လိုအပ်လို့လမ်းထွက်ရင် လူအပိုမတင်တာအကောင်းဆုံးဘဲ

နှစ်ဟောင်းက အညစ်အကြေးတွေအတွက်
နှစ်သစ်အတာရေနဲ့ စိတ်တွေကိုဆေးကြောကြ
ပျော်စရာရွှင်စရာကို စိတ်နဲ့ငေးမောကြ
လမ်းမတွေပေါ်ထွက်ဖို့အတွက်က အချိန်မကျသေးဘူး
ဒီတန်ခူးမမြူးရရင်
နောင်နှစ်ခါတန်ခူးမှာ မြူးကြမယ်။

ဆောင်းယွန်းလ