Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၃)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၃)

(မိုးမခ)  ဧပြီီ ၁၇၊ ၂၀၂၀

 (၁၅-၄-၂၀၂၀)

ပန်းချီကားအမည်မှာ မရဏ အောင်ပွဲ (The Triumph of Death) ဖြစ်ပါတယ်။ ဒတ်ချ်အနုပညာရှင် Pieter Bruegel the Elder (၁၅၂၅ – ၁၅၆၉) က ဒီပန်းချီကားကို ၁၅၆၂ ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ အရွယ် ၁၁၇ စင်တီမီတာ – ၁၆၂ စင်တင်မီတာရှိပါတယ်။ နံရံပေါ်မှာ ဆီဆေးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ လူပေါင်း ခုနှစ်သောင်းခွဲမှ တသိန်းအထိသေကြေခဲ့တဲ့ အေသင် ကပ်ရောဂါ The Plague of Athens (429-426 BCE) ) ကိုပုံဖေါ်ထားတာပါ။