Breaking News

ကိုအောင်မှိုင်း - ရွေးကောက်ပွဲတရားမလား ဘာလား

2015 file photo


ကိုအောင်မှိုင်း - ရွေးကောက်ပွဲတရားမလား ဘာလား

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၀

ကနေ့ဗမာပြည်မှာ ကျယ်ကျယ်လောင်လောင်ပြောနေကြတဲ့ အကြောင်း၂ချက်မှာတခုက ကိုဗစ် ၁၉နဲ့ ပါတ်သက်ပြီး နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ပါတ်သက်တယ်လို့ပြောရမယ် ထင်ပါ တယ်။ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ချူပ်မိတဲ့အခြေအနေတချိူ့ကိုတင်ပြချင်တာပါ။

 ပြောရရင် တော့ဗျာ ... တချိူ့ပါတီတွေက “တွက်ရေးက စက်သူဌေး၊ တွက်ကြည့်မှ စက်မရှိ” ဆိုတာမျိူးပါ။ လုပ်လိုက်ကြပုံများ အရပ်ကူပါ လူဝိုင်းပါဖြစ်နေကြတယ်။ တသက်လုံး ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ် နေနေတဲ့ ရပ်မိရပ်ဖဆိုသူတွေလဲ အမဲဖျက်ခံနေရသလို မြင်နေရပါတယ်။ မအူမလည်လုပ်လို့က တော့ အရပ်ပါပျက်မဲ့ကိန်း လို့ပြောရတော့မယ် ထင်ပါတယ်။ 

တချိူ့ပါတီတွေကြတော့ “ပတ်မ ကြီးတီးရရင် တီးရ မတီးရလို့ကတော့ ပတ်မကြိးထိုးခွဲမဲ့” အလုပ်တွေကို မိန်ရေရှက်ရေလုပ်နေ ကြတာတွေလဲ ထင်ထင်ရှားရှားကိုတွေ့နေရပြန်ပါတယ်။ဒီကြားထဲ ဖွတ်လဲမဟုတ် ဗြွတ်လဲ မဟုတ်တဲ့ ဗျောက်တွေထဲမှာလဲ စိတ်လှုပ်ရှားနေကြတယ်ကြားပြန်ရော။ တချိူ့ကတော့ ဒုသမ္မတ ဖြစ်မယ် စိတ်ကူး နဲ့ ရူးနေသူတွေလဲရှိရဲ့။ ဘုရားသခင်ကိုယ်တိုင်ပေးထားတဲ့ ထီလက်မှတ်ရှိ နေ တော့ သူကတော့သေချာတယ်ဆိုဘဲ။ ဒီကြားထဲ ဖွတ်တကောင်က ရန်ကုန်တိုင်းဝန်ကြီးချူပ် သူ့ကိုပေးရင်လုပ်နိုင်တယ်ဆိုပြီး ပြောတာ တွေ့လိုက်သေးတယ်။ ဒီပုဂ္ဂိုလ်တွေလဲ တဖွဲ့လုံးကို ရွာသာကြိးလက်မှတ်ပေးလိုက်မှ တော်ကာ ကျမယ်ထင်တယ်။ တယောက်ပြီး တယောက် လက်မှတ်ထုတ်ပေးနေရတာဆိုတော့ မဆလခေတ် မဆလပါတီဝင်စုပေါင်းလက်မှတ်ပေးသလို တပြိုင်တည်းလက်မှတ်ပေးပွဲလဲလုပ်၊ ပါတီလဲဖျက် လိုက်ရင် လူထုအတွက် အတော်အန္တရယ်ကင်းသွားမဲ့ပုံဘဲ။ 

တကယ်က ဖွတ်တွေ လွှတ်တော်ထဲ ဝင် ပြီး အတိုက်အခံလိုလို ဘာလိုလို လုပ်နေတာ ပြန်တွေးကြည့်တော့လဲ ဟာသရုပ်ရှင်တခု ကြည့်နေရသလိုပါဘဲ။ ကျနော်ဆို လိုချင်တာက ပြည်သူ့လွတ်တော်ဆိုတာကြီးမှာ အမတ်နေရာ ၄၄၀ရှိတဲ့ နေရာမှာ ဒီချူပ်က ၂၅၅နေရာ ဖွတ်က ၃၀နေရာ စစ်တပ်က ၁၁၀ (ဘုရားသခင်ကိုယ်တိုင် ပေးထားတဲ့ထီလက်မှတ်) နေရာဆိုတော့ ရာခိုင်နုန်းတွက်ကြည့်ရင် ဒီချူပ်က ၅၇.၉ ၅% ဖွတ်က ၆.၈% စစ်တပ်က ၂၅% (ဘုရားသခင်ကိုယ်တိုင်ပေးထားတဲ့ထီလက်မှတ်) ဆိုပြီးတွေ့ရမှာပါ။ ၇%နုန်း တောင်မပြည့်တဲ့ဖွတ်က ပြည်သူ့လွတ်တော်ထဲ အတိုက်အခံလိုလိုဘာလိုလို လုပ်နေတာ မြင်ရတော့ ဒူးနေရာ တော်နေရာ ဆိုလုံလောက်ပါပြီလို့ ပြောရတော့မှာပါ။ 

အခုက ဖွတ်က စစ်နဲ့ ပေါင်းပြီး လွတ်တော်ကိုကလန်တိုက်နေတာ မြင်မကောင်း ရူ မကောင်းလောက်အောင်လို့ဘဲ ပြောချင်ပါတယ်။ ခက်တာက စစ်က အချောင်လဲ နေရာ ၁၁၀ လောက်လဲလုထားသေးတယ်။ အတိုက်အခံလိုလို ဘာလိုလို ဖွတ်နဲ့ပေါင်းပြီး ဒီမိုကရေစီစနစ်ကို မပျက်ပျက်အောင်ဖျက် နေကြတာတော့ ကနေ့စစ်တပ်က ပြောနေတဲ့ ဒီမိုကရေစီဆိုတာကို မေးခွန်းထုတ်ရတော့မယ် ထင် ပါတယ်။ 

သေချာတာကတော့ ဗမာပြည်မှာ ရွေးကောက်ပွဲဆိုတာနဲ့တော့ ပြည်သူလူထုလိုချင်တဲ့ စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေးကို ဘယ်လိုမှ အာမမခံနိုင်တာ သေချာပါတယ်။ NLD ပါတီဟာ ဗမာပြည်မှာ လူကြိုက်အများဆုံးပါတီဖြစ်ခဲ့ပါတယ်။ အခုတော့ လူကြိုက်အများဆုံးလို့ပြောဘို့ အတော်ခက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ လူကြိုက် အတော်နည်းနေပြီဆိုတာ သေချာပါတယ်။ ဗမာလူမျိူးအများစုနေထိုင်တဲ့ ဒေသတွေမှာလဲ လူကြိုက်အများဆုံးဆိုတဲ့စကားဟာ မေးခွန်းထုတ် စရာ တွေ အခြေအနေပါ။ 

ကျနော်ဆိုလိုချင်တာ လူထုက၂၀ဝ၈ ဖွဲ့စည်းပုံ ဆိုတာကြီးကို လုံးဝဖျက် သိမ်းပစ်ချင်နေကြတာ သေ ချာလှပါတယ်။ NLD ကို ၂၀ဝ၈ဖွဲ့စည်းပုံ မဖျက်နိုင်ရင်တောင် ပြင်သင့်တာပြင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ပြောရ မယ်ဆိုရင် ပြင်ဘို့နေနေသာသာ ထပ်မတိုး အောင်တောင် မနည်းလုပ်နေရတဲ့အခြေအနေ ဖြစ်နေတာကတော့ ငြင်းလို့မရဘူးလို့ဘဲ ပြောရ မယ်ထင်ပါတယ်။ 

တကယ်လို့ အခု၂၀၂၀ရွေးကောက်ပွဲမှာ NLD နိုင်ရင်ရော ၂၀ဝ၈ ကို ပြင်နိုင်မှာ လားဆို တဲ့မေးခွန်းကို လူထုကတော့ မေးနေလောက်ပါပြီ။ ဖွတ်တွေဟာ ၁%လောက်ဘဲရရ စစ်တွေနဲ့ပေါင်းပြီး ကန့်လန့်တိုက်ဦးမှာပါ။ ဒုသမ္မတဖြစ်ကိုဖြစ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကလဲ တလေ ျှာက်လုံး ကန့်လန့်တိုက်လာတာ ဆက်ကန့်လန့်မတိုက်ဘူးလို့ ဘယ်သူအာမခံမှာလဲ။ ပြည်ထဲရေးရဲ့ စုတ်ပြတ်သတ် နေတဲ့ အဂတိလိုက်စားမှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ဘယ်သူတွေ တာဝန်ယူနိုင်မလဲ။ စစ်တပ်ရဲ့တိုင်းရင်းသား ဒေသတွေမှာ ကျူးလွန်နေတဲ့ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေကို ဘယ်သူတာဝန်ယူနိုင်မလဲ။ NLD အစိုးရဆက်ဖြစ်နေ ရင် ဒီကိစ္စတွေပြေလည်မှာလား။မဲရအောင် ပြေလည်မယ်လို့ ဂတိပေးရင်တော့ လိမ်လည်မှု သက် သက်လို့ဘဲ ပြောရတော့ မှာပါ။ ဒီကိစ္စတွေကို NLD ဘဲတက်တက် ဘယ်ပါတီဘဲတက်တက် ပြေ လည်နိုင်စရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။ 

အခု NLD လေ ျှာက်နေတဲ့ စစ်တပ်နဲ့ရင်ကြားစေ့ ရေးဆိုတာကတော့ နွားရှေ့စောင်းတီးပြနေတာထက် မပိုပါဘူး။ အဆင်မသင့်ရင် နွားခွေ့ခံရနိုင် ပါတယ်။ NLD ပါတီဟာ ၁။တရားဥပဒေစိုးမိုးရေး ၂။ပြည်တွင်းငြိမ်းချမ်းရေး ၃။ ၂၀ဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုပြီး အသံကုန်ဟစ်နေ တာတွေ့ရတော့ ကျနော်စဉ်းစားမိတယ်။ 

တရားဥပဒေစိုးမိုးရေးဆိုတာ တရားမ ျှတမှုရှိမှ တရားဥပဒေစိုးမိုးမှုဖြစ်မှာပါ။ ဗမာပြည်မှာ ဆရာဦးကိုနီအတွက် တရားမ ျှတမှု ဘယ်လိုရှာမလဲ။ကိုပါကြီးတို့ ဒေါ်ခင်ဝင်းတို့အတွက် တရားမ ျှတမှု ဘယ်လိုရှာ မလဲ။ ဗစ်တိုရိးယာ လို သက်ငယ်မုဒိမ်းမှုအတွက် ဘယ်လိုတရားမ ျှတမှုရှာမလဲ။ ဒါတွေက တနိုင်လုံး ပဲ့တင်ထပ် အောင် လူထုလှုပ်ရှားမှုတွေနဲ့ တောင်းဆိုမှုတွေရှိနေတဲ့ ပြဿနာပါ။ တရားဥပဒေစိုးမိုးရေးလုပ်ဘို့ တာဝန်ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့တရားရေးဌာနတို့ကိုယ်တိုင်က တရားမ ျှတမှုကို လစ် လ ျှူရှုနေမှတော့ ဘယ်လိုမှတရားမ ျှတမှုဆိုတာ ကျနော်တို့ ရှာဖွေနိုင်မှာ မဟုတ်တာသေချာ ပါတယ်။

ကနေ့အမေရိကန်နိုင်ငံမှာ ကြွေးကြော်နေတဲ့ တရားမျှတမှုမရှိရင် ငြိမ်းချမ်းမှုမရှိနိုင် (NO JUSTICE NO PEACE) ဆိုတာရဲ ့အနှစ်သာရက ဗမာပြည်အတွက်ပါကြွေးကြော်နေကြသလိုပါဘဲ။ ကျနော်ပြောချင်တာက မဲဆွယ်ပွဲဂတိကိုတော့ အသေအချာပေးသင့်ပါပြီ။ လုပ်နိုင်လဲလုပ်နိုင် တယ်ပေါ့။ မလုပ်နိုင်ဘဲ ကျားဖမ်းမယ်ဆင်ဖမ်းမယ်နဲ့ ကြွက်တောင်မဖမ်းနိုင်တာမျိူးကတော့ အတော်စိတ်ပျက်စရာကောင်းပါတယ်။ NLD ပါတီဟာ အင်မတန်အရေးကြီးတဲ့ကာလကို ရောက် နေပြီဆိုတာသတိပေးလိုပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သိပ်အသက်ကြီးပါပြီ။ ဒေါ်အောင် ဆန်းစုကြည်လွန်ကာလမှာ NLD ပါတီ ဟာ နိုင်ငံရေးမလုပ်တော့ဘူးလား။ သေချာတာက ပါတီ တရပ်အနေနဲ့ နိုင်ငံရေးလုပ်ကြလိမ့်ဦးမှာပါ။ ကိုအောင်ကျော်ဆန်း facebook မှာ သူရေးထားတာ လေး ကျနော်သဘောအတော်ကျတယ်။“ တိုင်းပြည်အတွက် အနစ်နာခံ စွန့်လွတ်ဘို့ဆို တာတော့ မစဉ်းစားကြဘူး။ ရေမီးအစုံနဲ့ လေထီးခုန်ချင်တဲ့ကောင်တွေက ခပ်များများ” ဆိုသလို ဖြစ်နေတဲ့ NLD အမတ်ဖြစ် ချင်သူတွေကို ပြောချင်တာကတော့ စစ်ဗိုလ်ချူပ်တွေကိုသာ သင်ခန်းစာယူ ကြလို့သာပြောလိုက်ချင်ပါတယ်။ သမိုင်းဆိုတာ သားသမီးမြေးမြစ်ထိ သက်ရောက်လေ့ရှိတတ်ပါတယ်။

ကျနော့်ကို ရဲဘော်တွေမေးကြတဲ့ “ရွေးကောက်ပွဲ တရားမလား” ဆိုတာကို ဖြေချင်တာကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်က လုပ်တဲ့ရွေးကောက်ပွဲ ဘယ်မှာ တရားမှာလဲဗျာ။ မလွဲမသွေ ထပ်မြင် ကြရမှာက ရင်ကြားစေ့ရေးတို့ ၂၅%တို့ ဒုသမ္မတတို့ ဝန်ကြိးဌာန ၃ခုတို့ စစ်တပ်က သတ်မယ် ဖြတ်မယ် မိုက်ကြေးခွဲမယ်။ လွတ်တော်မှာ ဖွတ်က ၁%လောက်ဘဲရရ စစ် အမတ်တွေနဲ့ ပေါင်းပြီး လွတ်တော်ကို ကန့်လန့်တိုက်မယ်။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ ပြောမယ်။ လမ်းပေါ် မထွက်ဘူးတို့ ၊ဖေဖေ့တပ်မတော်ကြိးတို့ စသဖြင့် တိတ်ရီကော် again ပြန်လုပ်နေသလို ဓါတ်ပြား ဟောင်းတွေကို ကြားရဘို့ ထက်မပိုနိုင်ကြောင်းပါဗျား။ 

ကိုအောင်မှိုင်း 
၁၁ရက် ဇွန်လ ၂၀၂၀။