Breaking News

မောင်လူပေ - ကိုရိုနာ ၁၂/၀၆/၂၀



မောင်လူပေ - ကိုရိုနာ ၁၂/၀၆/၂၀

(မိုးမခ) ဇွန် ၁၃၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုရှိ ဗိုင်းရပ်ကာကွယ်ဆေး ထုတ်နေသည့် မိုဒါးနာ Moderna ဆေးကုမ္မဏီသည် ဂျူလိုင်လတွင် တတိယအဆင့်စမ်းသပ်မှုအဖြစ် လူသုံးသောင်းကျော်ဖြင့် စမ်းသပ်မှုပြုမည်။ ဒုတိယအဆင့် စမ်းသပ်မှု အောင်မြင်သည်။

တရုတ်ပြည်၌ သတင်းပတ်အတန်ကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့ပဲ ယခုအခါ ကူးစက်မှုတစ်ခု ထပ်မံတွေ့ရှိခဲ့သည်။ မြို့တော်မှလွဲ၍ မည်သည့်နေရာသို့မှမသွားခဲ့သူ (၅၂)နှစ်အရွယ်ရှိ အမျိုးသားထံတွင် ကူးစက်နေကြောင်း တွေ့ခဲ့သည်။


အိန္ဒိယသည် ကူးစက်ခံ သုံးသိန်းကျော်တွေ့ရှိခဲ့သဖြင့် ကူးစက်မှုအများဆုံးနိုင်ငံစာရင်းတွင် နံပါတ်လေးအထိ တက်လာခဲ့သည်။

မိခင်၏နို့ရည်မှ ရောဂါကူးစက်မှုရှိသည့်အထောက်အထားမရှိပါဟု WHO ကဆိုသည်။ မိခင်မှကလေးသို့ နို့တိုက်၍ ရောဂါမကူးစက်ပါ။

အင်္ဂလန်စီးပွားရေးသည် ရောဂါကြောင့် လေးပုံတစ်ပုံအထိ ကျဆင်းခဲ့သည်ဟု ဆိုသည်။

မြန်မာပြည်တွင် နိုင်ငံခြားပြန်တစ်ဦးတွင် ကူးစက်မှုတွေ့ခဲ့ရ၍ ကူးစက်သူ (၂၆၁)ဦးရှိလာသည်။

ကမ္ဘာ့လူဦးရေ ၇.၆သန်းအထိ ကူးစက်ခံရသည်။