Breaking News

နေစိမ့် - မေ့ကမ္ဘာ

မေ့ကမ္ဘာ

နေစိမ့်

(မိုးမခ) သြဂုတ် ၂၉၊ ၂၀၂၀


မေ့ကမ္ဘာထဲ

ကိုယ်ခြေစုံပစ်ဝင်လာရမလားစာသားနဲ့ပဲ 

စလိုက်ချင်တယ်

ကိုလံဘတ်ကမ္ဘာကြီးဆီပြန်လာတော့

အမေရိကတိုက် မ , ရွှေ့လာခဲ့တယ်

အမေရိကသားတွေ သူ့ကိုဘယ်တော့မှမမေ့ကြသလို

ဒီကမ္ဘာထဲ မေ့ပစ်လိုက်ရမယ့် ကမ္ဘာအကြမ်းတခု

ရုတ်တရက် တည့်တည့်ကြီး ရောက်လာတယ်

ငါတို့ဟာ နတ်ဒေဝါတွေ ကျီစယ်ခြင်းခံလိုက်ရတဲ့ အညတရတွေလား

စားခွက်ပျောက်တာချင်းအတူတူ

မှားဖော်မှားဖက် သစ္စာဖောက်တာခံလိုက်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းအဆုံးက ထူးမခြားနား

ရထားတွေအချိန် ဘယ်လောက်လွဲလွဲ

ဆိုက်ရောက်မယ့်ဘူတာ သေချာခဲ့သလို

ရေစက်မပါတဲ့ ငယ်ချစ်ဦးနဲ့ကွေကွင်းခဲ့ရတာ မေ့ပစ်ခဲ့ရသလို

ဒါပေမဲ့ အမေရိကားသားတွေ

ကိုလံဘတ်ကို ဘယ်တော့မှ မမေ့ကြဘူး

ငါတို့ ဗိုလ်ချုပ်အောင်ဆန်းကို ဒီတသက် မမေ့ကြသလို

အတိတ်က အနာဟောင်းတွေ မကျက်သေးပေမယ့်

ဒဏ်ရာအသစ်က ရင်းခဲ့လေတော့

ငါတို့ချစ်သောကမ္ဘာမှာာ မေ့ကိုမေ့ပစ်ရမယ့်ကမ္ဘာ

သူ့အိုးနဲ့သူဆန် ဆန့်ရုံ ဆန့်ခဲ့တယ်

တချိန်ချိန်က တနေရာရာမှာ

ကွန်ဒိုစီမံကိန်းကြီးဖော်ဆောင်ရာ

အလောင်းတွေ မသေမရှင်တွေ အစုလိုက်အပြုံလိုက် မြေမြှုပ်ခဲ့တဲ့နေရာ

နောက်ယောာင်ခံလို့မရသလို

ကျန်ရစ်သူတွေ မေ့မေ့လျော့လျော့ ဖြစ်သွားသလို 

မြှုပ်ခဲ့တဲ့နေရာ သဲလွန်စပျောက်သွားသလို

ကျန်ရစ်သူတွေ မေ့လျော့သွားသလို

မြေကြီးရှိတဲ့နေရာမှန်သမျှ ဘယ်နေရာပဲတူးတူး

သချုႋင်းဟောင်းတွေပဲ မဟုတ်လားကိုယ့်လူ

အမှန်တရားကခါးသက်လွန်းလို့ ကြိတ်မှိတ်မေ့ပစ်လိုက်ရလို

အနာဂတ်ကမ္ဘာမှာ

နေရောင်ခြည်ထဲ နှုင်းမှုန်တွေဖွဲဖွဲရွရွဝေ့ဝဲနေပုံနဲတင်

လူသားတိုင်း ကျန်းမာသန်စွမ်းတဲ့ဘဝကိုရယူပိုက်ထွေး

နေ့စဉ်နဲ့အမျှ ဘဝနေထိုင်မှုအသစ်အသစ်တွေ သင်ယူရင်း

ကိုယ်ချင်းစာတရားတွေ ပိုးမွှေးသလို မွေးမြူရင်း

မေ့ပစ်လိုက်ရမယ့်ကမ္ဘာထဲ 

မေ့ပစ်လိုက်ရမယ့် အရာတွေ

သမိုင်းပညာရှင်တွေကလွဲလို့

နောင်မျိုးဆက်တွေအားလုံး မေ့လျော့သွားနိုင်တဲ့ကမ္ဘာ

လုံးလုံးမေ့ပစ်ရမယ့် ကမ္ဘာ

ဟိုး ရှေးရှေးတုန်းက အစချီလို့

ပုံပြင်တပုဒ်လို ဖြစ်လာမယ့် ကမ္ဘာ

လောလောဆယ်တော့

ဒီကမ္ဘာထဲ မမေ့နိုင်တဲ့ ကမ္ဘာထဲ ...။ ။