Breaking News

TS- ဘာသာပြန်ဆိုသည့် ၂၀၂၀ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်လ်ဆုရှင် လူးဝီးစ်ဂလု ၏ နှင်းစက်တွေ

လူးဝီးစ်ဂလု 

[၂၀၂၀ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်လ်ဆုရှင် / အမေရိကန် ကဗျာဆရာမ (၁၉၄၃- )]
-

နှင်းစက်တွေ

လူးဝီးစ်ဂလု

ဘာသာပြန်သူ TS

(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၀


ငါဘာလဲ၊ ငါဘယ်လိုရှင်သန်ရသလဲ မင်းသိရဲ့လား။ မင်းသိတယ်

လက်မှိုင်ချခြင်းဟာ ဘာလဲဆိုတာ.. ဒါဆိုရင်

မင်းအတွက် ဆောင်းရာသီဟာ အဓိပ္ပာယ်ရှိသင့်တာပေါ့။


အသက်ရှင်ဖို့ မမျှော်လင့်ခဲ့၊

ငါ့ကို ဖုံးဖိထားတဲ့ မြေကြီး။ ငါမမျှော်လင့်မိ

နောက်ထပ်နိုးထလာဖို့၊ တွေးထင်ဖို့

စိုထိုင်းထိုင်းမြေသားထဲမှာ ငါ့ခန္ဓာဟာ

နောက်ထပ် တောင့်ခံနိုင်ကောင်းရဲ့၊ မှတ်မိနေဆဲ

ဒီလောက်တောင်ကြာပြီးမှ နောက်ထပ်ဘယ်လို ဖွင့်ထွက်ရမလဲ

အစောဆုံးနွေဦးရဲ့

အေးစက်စက်အလင်းထဲမှာ


ဒါပေမဲ့ ကြောက်ကြောက်နဲ့၊ ဟုတ်တယ်၊ မင်းက

ငိုပြန်ပေါ့ ဟုတ်တယ် အရဲစွန့်ပြီးပျော်လို့

ကမ္ဘာသစ်ရဲ့ လေစိမ်းတိုက်တဲ့နေရာမှာ။

လူးဝီးစ်ဂလု [၂၀၂၀ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်လ်ဆုရှင် / အမေရိကန် ကဗျာဆရာမ (၁၉၄၃- )]


Snowdrops


Do you know what I was, how I lived? You know

What despair is; then

Winter should have meaning for you.


I did not expect to survive,

Earth suppressing me. I didn’t expect

To waken again, to feel

In damp earth my body

Able to respond again, remembering

After so long how to open again

In the cold light

Of earliest spring


Afraid, yes, but among you again

Crying yes risk joy

In the raw wind of the new world.


Louise Glück  1943 –