Breaking News

ကိုဗစ်ကြားမှ ကဝိအို၏ မဲတပြား


ကိုဗစ်ကြားမှ ကဝိအို၏ မဲတပြား

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၀

ဒေါက်တာစိန်ဝင်းသည် ၎င်း၏ အနှစ်၃၀အတွင်း ပထမဆုံးအဖြစ် ပြည်ပရောက်ကြိုတင်မဲကို မြန်မာပြည်ပါတီစုံရွေးကောက်ပွဲအတွက် ထည့်ခွင့်ရခဲ့သည်။ လွန်ခဲ့သည့် နှစ်များက ၎င်း၏ မြန်မာပြည်ဒီမိုကရေစီရေး နိုင်ငံရေးရပ်တည်ချက်များကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခြင်းခံထားခဲ့ရပြီး ၂၀၁၉ ခုနှစ်ကျမှသာ နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုခံခဲ့ရသည်။

အောက်တိုဘာ ၁၀၊ ၂၀၂၀ - နံနက် ၁၀နာရီ (တိုကင်နံပတ် ၄၆)
မျော်လင့်ချက်တွေ ရှင်သန်အောင် 
ဇရာနဲ့ ကိုဗစ်ကို ငါမမှုနိုင်
နှစ် ၃၀ မှ ရတဲ့ ဆုလဒ်
ပြည်သူအတွက် မဲတပြားကို
NLD သို့
ယုံကြည်စိတ်ချစွာ အပ်နှင်းပါ၏။

စိန်ဝင်း (ဒေါက်တာစိန်ဝင်း)
အမျိုးသားညွန့်ပေါင်းအစိုးရ (၁၉၉၀-၂၀၁၂)
NUGCB