Breaking News

တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ

တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁

ယခုမြန်မာစံတော်ချိန် ၈နာရီခွဲအချိန်ခန် မြ၀တီရုပ်သံသတင်းအရ နိုင်ငံတော်အာဏာကို တပ်မတော်ဦးစီးချုပ်ထံ ၁ နှစ် လွှဲအပ်သည်ဟု ဆိုပါသည်။

ယာယီသမတ မြင့်ဆွေဟု ထုတ်ပြန်သည်။

မဲစာရင်းများ မှားယွင်းမှုကို လက်ရှိအစိုးရနှငိ့ ကော်မရှင်က ဖြေရှင်းရန် ပျက်ကွက်ပြီး လူထု မငြိမ်သက်မှုကြောင့် တပ်မတော်က တာဝန်ယူ ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အခြေခံဥပဒေနှင့် အညီဟုလည်း ပြောလိုက်ပါသည်။