တပ်မတော်က အာဏာသိမ်းပြီး မနက်ခင်း မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁
ဖေဖော်ဝါရီ ၁ မနက် ၈ နာရီ မြ၀တီသတင်းကနေ ကြေညာရာမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများကို ဖြေရှင်းရန် ပျက်ကွက်လို့ ဆန်ံကျင်ကန့်ကွက်မှုတွေ ဖြစ်ပွားလာနေလို့ လက်ရှိအစိုးရကနေ အာဏာ၃ ရပ် ကို တပ်မတော်ဦးစီးချုပ်ထံ လွှဲပြောင်းလိုက်ကြောင်း ယာယီသမတဦးမြင့်ဆွေက ကြေညာတယ်လို့ ဆိုပါတယ်။
ယာယီသမတဦးမြင့်ဆွေဆိုတာ လက်ရှိအစိုးရမှာ မရှိတဲ့အတွက် ဘယ်အစိုးရကနေ အာဏာကို လွှဲတာလဲ၊ အာဏာသိမ်းတယ်ဆိုရင်လဲ လက်ရှိအစိုးရ လွှတ်တော် ကို ဖျက်သိမ်းထားသလား အခြေခံဥပဒေ၏ အလိုတော်အရလို့လည်း ဆိုထားတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။
သို့သော် ပြည်သူတွေကတော့ မနက်ခင်းမှာကတည်းက စိုးရိမ်ကြောင့်ကြမှုတွေကို ထင်ထင်ရှားရှားတွေနေပါတယ်။ ဘဏ်တွေ စျေးတွေမှာ လူတန်းရှည်ကြီးကို တွေ့နေရပါတယ်။ ဆန်တွေ ဆီတွေ လုယက်ဝယ်ယူနေပြီး ငွေထုတ်ဖို့လည်း အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။ မကျင်းပဖြစ်တော့တဲ့ လွှတ်တော်အသစ်ကို ကြိုဆိုတဲ့ အင်န်အယ်ဒီအလံတွေ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကိုလည်း မြို့ပြလမ်းတွေ အိမ်တွေမှာ လွှင့်တင်ထားကြတာ မတွေ့ရတော့ပါဘူး။
မနက်ခင်းမှာ ရန်ကုန်တိုင်းအစိုးရပိုင် စီတီးအက်ဖ်အမ်ရေဒီယိုကလွဲလို့ အခြားရေဒီယိုတွေနဲ့ ရုပ်သံလိုင်းအချို့ ပြန်လည် ထုတ်လွှင့်လာတာကို တွေ့ရပါတယ်။ စစ်တပ်က လုံခြုံရေးချထားတာတွေ စစ်ကားတွေ လှည့်လည်နေတာကို မတွေ့ရပေမယ့် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ကြတဲ့ စွမ်းအားရှင်တွေ အမျိုးသားရေးတက်ကြွသူတွေက ကားတွေနဲ့ လှည့်လည်နေကြပါတယ်။ ကြွေးကြော်သံတွေ မအော်ပေမယ့် အမျိုးသားရေးသီချင်းတွေတော့ ကားပေါ်က နေ ဖွင့်ထားကြပါတယ်။ လမ်းပေါ်မှာတော့ လူတွေက တိတ်ဆိတ်နေကြပါတယ်။
မိုဘိုင်းဖုန်း အင်တာနက်လိုင်း ပြတ်တောက်နေပြီး ဝိုင်ဖိုင်လိုင်းအချို့တော့ ရနေသေးတယ် ဆိုပါတယ်။ မွန်နဲ့ ရခိုင် က လွှတ်တော်နဲ့ အစိုးရရုံးတွေကို စစ်တပ်က သိမ်းထားတာ သေချာပါတယ်။ အခြားပြည်နယ်တွေက အတည်မပြုနိုင်သေးတာက ဖုန်းအဆက်အသွယ် မရသေးလို့ဖြစ်ပြီး စစ်တပ်က သိမ်းပြီးသား ဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။
နိုင်ငံတကာက မြန်မာတွေကတော့ လက်ရှိစစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း နိုင်ငံတကာအစိုးရတွေက ဝိုင်းဝန်း အရေးယူပေးဖို့ တောင်းဆိုကြောင်း လှုပ်ရှားမှုတွေ စတင်လှုပ်ရှားလာကြပါတယ်။ ဂျပန်က မြန်မာတွေကတော့ ယူအန်ရုံးကို အစုဝေးနဲ့ သွားရောက် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။