ရောင်စဉ်လွှာစု အဖြူထည်
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁
သူတို့ကိုယ် သူတို့
Generation _Z တဲ့။
ကိုယ်တို့ အဟောင်းတွေက
ချစ်စနိုးနဲ့ ခေါ်မယ်
Gen_Z ဂျင်ဇီပဲ။
ဂျင်ဇီ လူငယ်တွေက
ဒီမိုကရေစီ ကြိုက်တယ်
အမှန်ဘက် လိုက်တယ်
အသစ်ကို ခိုက်တယ်
တကယ့် အဖြူထည်။
စည်းရုံးပုံ စည်းလုံးပုံ
အထာကျတယ်
စမတ်ဖြစ်တယ်
အားလုံး ခေါင်းဆောင်
အားလုံး ငယ်သား
အားလုံး ရဲဘော်
အားလုံး မိသားစုတဲ့
ဒါ ခေတ်သစ်အစု
အမှန်တရားသစ်ပဲ။
အမှန်တရားက
အအိပ်ဆတ်တယ်
ပုရွတ်ဆိတ်အုံလို နိုးကြားတယ်။
မုသားဟောင်း ကမ္ဘာပတ်
အရင်ရောက်ခေတ် ကုန်ပြီ။
လက်နက် အားကိုး
ဓားပြမျိုးတွေ
ခွေးပါးစပ်နဲ့ နတ်စကားထွက်ပြ
လိမ်ချင်သလောက် လိမ်
ကြာရင် အမှန်ဖြစ်မယ် စိတ်မကူးနဲ့
အခုလိမ် အခုပေါ်တဲ့ ခေတ်။
ခေတ်က
ကမ္ဘာကို ရွာအဖြစ်
ဖိကျုံ့ပစ်တဲ့ ခေတ်။
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့
ကမ္ဘာ့မီဒီယာကြီးတွေနဲ့
စကားဆုံပြော ဖလှယ်နှော
ကမ္ဘာကို ကျုံ့ပစ်တဲ့ ခေတ်။
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့
လူချင်းအပြင်မှာ သိစရာမလို
နှလုံးသားချင်းတူရင်
မိတ်ဆွေဖြစ်တဲ့ ခေတ်။
လေယာဉ်စီးစရာမလိုဘဲ
မိတ်ဆွေဖြစ်တယ်
သေနတ်ဆွဲစရာမလိုဘဲ
ပစ်ခတ်နိုင်တယ်
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့။
gen_z ဂျင်ဇီဟာ
ဂိမ်းကစားကျွမ်းတယ်
ပရိယာယ်ကြွယ်တယ်
သင်ရိုးဟောင်း
လေးကွက်သိုင်းတတ်ရုံနဲ့ဆို
တောက်ချပစ်လိမ့်မယ်။
ကမ္ဘာကျော်တဲ့
သံပုံးတီးခြင်း အနုပညာဟာ
အာဏာရူးကို စိတ္တဇဖြစ်စေတာ
ဂရမ်မီ Grammy ဆု ပေးမှ ဖြစ်မယ်
နိုဗယ် Nobel ဆုလည်း ပေးမှ သင့်မယ်။
ဒီမောင် ဒီမယ်
လူကြီးမင်းလေးတွေ တော်လွန်းတယ်
ရောင်စဉ် ၇ လွှာဖြာထွက်တဲ့
အလင်းထုဖြူဟာ
သူတို့ရဲ့ လျှပ်တပြက်တွေပဲ။
ဟော ... ဒီမှာ နောက်တကွက်
ဟော ... လာမယ် နောက်တကွက်
အကွက်လှလှ မထပ်တဲ့ပွဲ။
သင်ရိုးဟောင်းလည်း
သုံးတန် သုံး
သင်ရိုးသစ်တွေ
ချဲ့ဖန် ချဲ့
နောက်တကွက်တွေ မထပ်နွှဲ
ဂျင်ဇီရေ
အောင်ပွဲအကွက်ကို ကြိုနေမယ်။
ကျော်ဟုန်း
၂၀၂၁၀၂၁၃
Generation _Z တဲ့။
ကိုယ်တို့ အဟောင်းတွေက
ချစ်စနိုးနဲ့ ခေါ်မယ်
Gen_Z ဂျင်ဇီပဲ။
ဂျင်ဇီ လူငယ်တွေက
ဒီမိုကရေစီ ကြိုက်တယ်
အမှန်ဘက် လိုက်တယ်
အသစ်ကို ခိုက်တယ်
တကယ့် အဖြူထည်။
စည်းရုံးပုံ စည်းလုံးပုံ
အထာကျတယ်
စမတ်ဖြစ်တယ်
အားလုံး ခေါင်းဆောင်
အားလုံး ငယ်သား
အားလုံး ရဲဘော်
အားလုံး မိသားစုတဲ့
ဒါ ခေတ်သစ်အစု
အမှန်တရားသစ်ပဲ။
အမှန်တရားက
အအိပ်ဆတ်တယ်
ပုရွတ်ဆိတ်အုံလို နိုးကြားတယ်။
မုသားဟောင်း ကမ္ဘာပတ်
အရင်ရောက်ခေတ် ကုန်ပြီ။
လက်နက် အားကိုး
ဓားပြမျိုးတွေ
ခွေးပါးစပ်နဲ့ နတ်စကားထွက်ပြ
လိမ်ချင်သလောက် လိမ်
ကြာရင် အမှန်ဖြစ်မယ် စိတ်မကူးနဲ့
အခုလိမ် အခုပေါ်တဲ့ ခေတ်။
ခေတ်က
ကမ္ဘာကို ရွာအဖြစ်
ဖိကျုံ့ပစ်တဲ့ ခေတ်။
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့
ကမ္ဘာ့မီဒီယာကြီးတွေနဲ့
စကားဆုံပြော ဖလှယ်နှော
ကမ္ဘာကို ကျုံ့ပစ်တဲ့ ခေတ်။
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့
လူချင်းအပြင်မှာ သိစရာမလို
နှလုံးသားချင်းတူရင်
မိတ်ဆွေဖြစ်တဲ့ ခေတ်။
လေယာဉ်စီးစရာမလိုဘဲ
မိတ်ဆွေဖြစ်တယ်
သေနတ်ဆွဲစရာမလိုဘဲ
ပစ်ခတ်နိုင်တယ်
ကီးဘုတ် ခလုတ်လေးတွေကို
လက်ဖျားနဲ့ ထိရုံနဲ့။
gen_z ဂျင်ဇီဟာ
ဂိမ်းကစားကျွမ်းတယ်
ပရိယာယ်ကြွယ်တယ်
သင်ရိုးဟောင်း
လေးကွက်သိုင်းတတ်ရုံနဲ့ဆို
တောက်ချပစ်လိမ့်မယ်။
ကမ္ဘာကျော်တဲ့
သံပုံးတီးခြင်း အနုပညာဟာ
အာဏာရူးကို စိတ္တဇဖြစ်စေတာ
ဂရမ်မီ Grammy ဆု ပေးမှ ဖြစ်မယ်
နိုဗယ် Nobel ဆုလည်း ပေးမှ သင့်မယ်။
ဒီမောင် ဒီမယ်
လူကြီးမင်းလေးတွေ တော်လွန်းတယ်
ရောင်စဉ် ၇ လွှာဖြာထွက်တဲ့
အလင်းထုဖြူဟာ
သူတို့ရဲ့ လျှပ်တပြက်တွေပဲ။
ဟော ... ဒီမှာ နောက်တကွက်
ဟော ... လာမယ် နောက်တကွက်
အကွက်လှလှ မထပ်တဲ့ပွဲ။
သင်ရိုးဟောင်းလည်း
သုံးတန် သုံး
သင်ရိုးသစ်တွေ
ချဲ့ဖန် ချဲ့
နောက်တကွက်တွေ မထပ်နွှဲ
ဂျင်ဇီရေ
အောင်ပွဲအကွက်ကို ကြိုနေမယ်။
ကျော်ဟုန်း
၂၀၂၁၀၂၁၃