မနအ - အ , နေတဲ့မြို့
အ , နေတဲ့မြို့
မနအ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၆
အဲ့ဒီမြို့ မှာ
ပညာအရပ်ရပ်
တတ်မြောက်ကြသူတွေရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
စာမတတ်ပေမတတ်ပေမယ့်
စမတ်ကျကျနဲ့
နေထိုင်ကြသူတွေလည်း ရှိကြတယ်။
အဲ့ဒီမြို့မှာ
ဥစ္စာ ဓန
ကြွယ်ဝကြသူတွေ ရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
တစ်ထွာဝမ်းရေးကို
ချွေးတသုတ်သုတ်နဲ့
မိုးလင်းမိုးချုပ်လုပ်ရသူတွေလည်း ရှိကြတယ်။
အဲ့ဒီမြို့မှာ
ယုံကြည်ရာဘာသာတရား
ဟောကြားသွန်သင်ပြသတဲ့
ဓမ္မဆရာတွေလည်း ရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
ဥစ္စာပျောက် လူပျောက်အမှုတွဲတွေ
ဘီရိုထဲမှာ အိပ်နေကြတယ်။
အဲ့ဒီမြို့ ၏မှာ
မကြာမကြာကဗျာရွတ်သံကိုကြားရသလို
ပန်းချီပရိုမိုးရှင်းအသံတွေကိုလည်းကြားရတယ်
ပြီးတော့
ကေတီဗီ၊ မာဆတ်နဲ့
ရှိုးပွဲဇာတ်ပွဲအသံတွေက
ညညမှာ မကြာခဏလျှံထွက်နေတယ်။
အဲ့ဒီမြို့လေးပါပဲ
သွေးရောင်ငတ်သေနတ်တစ်လက်ကို
မြို့လယ်ခေါင်ထောင်ထားလိုက်ကတည်းက
ပညာ၊ ဓန၊ ဓမ္မ၊ ဆရာ့ဆရာတွေနဲ့
အဲ့ဒီမြို့ အ ခဲ့တယ်။
အော်
ဟုတ်ကဲ့၊ ကျနော်
အဲ့ဒီမြို့ပေါ်မှာ နေပါတယ်။ ။
သြဂုတ် ၂၇၊ ၂၀၂၆
မနအ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၆
အဲ့ဒီမြို့ မှာ
ပညာအရပ်ရပ်
တတ်မြောက်ကြသူတွေရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
စာမတတ်ပေမတတ်ပေမယ့်
စမတ်ကျကျနဲ့
နေထိုင်ကြသူတွေလည်း ရှိကြတယ်။
အဲ့ဒီမြို့မှာ
ဥစ္စာ ဓန
ကြွယ်ဝကြသူတွေ ရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
တစ်ထွာဝမ်းရေးကို
ချွေးတသုတ်သုတ်နဲ့
မိုးလင်းမိုးချုပ်လုပ်ရသူတွေလည်း ရှိကြတယ်။
အဲ့ဒီမြို့မှာ
ယုံကြည်ရာဘာသာတရား
ဟောကြားသွန်သင်ပြသတဲ့
ဓမ္မဆရာတွေလည်း ရှိကြတယ်၊
ဟုတ်တယ်၊ အဲ့ဒီမြို့မှာပဲ
ဥစ္စာပျောက် လူပျောက်အမှုတွဲတွေ
ဘီရိုထဲမှာ အိပ်နေကြတယ်။
အဲ့ဒီမြို့ ၏မှာ
မကြာမကြာကဗျာရွတ်သံကိုကြားရသလို
ပန်းချီပရိုမိုးရှင်းအသံတွေကိုလည်းကြားရတယ်
ပြီးတော့
ကေတီဗီ၊ မာဆတ်နဲ့
ရှိုးပွဲဇာတ်ပွဲအသံတွေက
ညညမှာ မကြာခဏလျှံထွက်နေတယ်။
အဲ့ဒီမြို့လေးပါပဲ
သွေးရောင်ငတ်သေနတ်တစ်လက်ကို
မြို့လယ်ခေါင်ထောင်ထားလိုက်ကတည်းက
ပညာ၊ ဓန၊ ဓမ္မ၊ ဆရာ့ဆရာတွေနဲ့
အဲ့ဒီမြို့ အ ခဲ့တယ်။
အော်
ဟုတ်ကဲ့၊ ကျနော်
အဲ့ဒီမြို့ပေါ်မှာ နေပါတယ်။ ။
သြဂုတ် ၂၇၊ ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
