Breaking News

ကိုအောင်မှိုင်း - မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်တယ်။


ကိုအောင်မှိုင်း - မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်တယ်။

(မိုးမခ) မတ် ၁၁၊ ၂၀၂၁

(ကမ္ဘာကြီးက အင်္ဂါဂြိုလ်ကို ခြေလှမ်းနေချိန်မှာ ဗမာစစ်တပ်ကစစ်ဗိုလ်ချူပ်တွေက ဗမာပြည်ကို ကျောက် ခေတ်ဆီကိုတွန်းပို့နေကြတယ်။ ကိုအောင်မှိုင်း)

စစ်အာဏာသိမ်းတယ်ဆိုတာ ၂၁ရာစုအတွက် လုံးဝခေတ်မမီတော့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဗမာပြည်သူ တွေ အတွက်သာ အန္တရာယ်ရှိတာမဟုတ်ဘဲ ကမ္ဘာ့ပြည်သူတရပ်လုံးအတွက်ပါ အန္တရာယ်ရှိနေ တဲ့ စိမ်ခေါ်မှုတခုပါ။ ကမ္ဘာ့ပြည်သူများကလဲ အလွန်စိုးရိမ်ထိန့်လန့်စွာ စောင့်ကြည့်နေကြပါတယ်။ တရုတ်အစိုးရလို ကိုယ်ကျိူးစီး ပွါးသက်သက် တခုတည်းအတွက် မျက်စေ့ပိတ် ပါးစပ်ပိတ် နားပိတ် ဖြစ်နေ တဲ့ နိုင်ငံတွေကလွဲရင် ဒီလိုလက် နက်အားကိုးနဲ့ ရုတ်ရင်းကြမ်းကြုတ်စွာ၊လူမဆန်စွာ လူထုတွေကိုနေ့ တဓူဝသတ်ဖြတ် ရိုက်နှက် ဖမ်းဆီးနေတဲ့ အပေါ်စိုးရိမ်ထိန့်လန့်မှုတွေဖြစ်နေကြသလို ဝမ်းနည်းကြေကွဲ မှုတွေဖြစ်နေကြတာလဲ တွေ့နေကြရပါတယ်။ တရုတ်ပြည်သူတွေအနေနဲ့ကတော့ ဒီကိစ္စအပေါ် စိတ်ပျက် မှုတွေ မကြေနပ်မှုတွေတိုးမြှင့်လာတာကိုလဲတွေ့ ရမှာဖြစ်ပါတယ်။ တရုတ်အစိုးရတောက်လေျှာ က် ပြောဆိုနေတဲ့ ဆွေမျိူးပေါက်ဖေါ်ဆိုတဲ့ စကားအပေါ်ကိုတော့ကျနော်တို့ မေးခွန်းထုတ်ကြ ရတော့မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မတ်လ၈ရက်နေ့က ကိုရိးယားလွှတ်တော်အမတ် ၇၂ဦးရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်း ရေးမှုးနဲ့လုံခြုံ ရေးကောင်စီဝင်နိုင်ငံများထံပို့စာဟာ “မြန်မာ့အရေးဟာ ကမ္ဘာ့အရေး” ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြလိုက် တာလို့ကျနော်ထင်တယ်။ ဒီအမတ်တွေမှာ ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး၊ တောင် မြောက်ပေါင်းစည်းရေး ကော်မတီဥက္ကဌဖြစ်သူ လွှတ်တော်အမတ် ဆုန်ယောင်ဂီးလ်နဲ့ လက်ရှိအာ ဏာရ ဒေါဘူးလောမင်းဂျူးပါတီက အမတ်များဖြစ်ကြပါတယ်။ဗမာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှု များအပေါ် ကုလသမဂ္ဂလုံံခြုံရေးကောင်စီ မှ ထိရောက်စွာအရေးယူပေးရန် တောင်းဆိုစာလဲဖြစ်ပါတယ်။

ဒီတောင်းဆိုစာမှာ ကိုရီးယားနိုင်ငံ ၁၉၈၀ခုနှစ် မေလ ၁၈ရက် ဂွမ်းဂျူးမြို့အရေးတော်ပုံမှာ ဖြစ်ခဲ့တဲ့ နိုင်ငံတ ကာနဲ့ အဆက်အသွယ်ဖြတ်ပြီး စစ်တပ်ကလူထုအပေါ် သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့တဲ့အတွက် ကိုရီးယားနိုင်ငံ နဲ့ ကိုရီးယားပြည်သူတွေဟာ ကနေ့ဗမာစစ်တပ်လုပ်ရပ်များအပေါ် စိတ်ဝင်စား မှု များ စွာရှိပြီး စောင့်ကြည့်နေ ကြကြောင်း ရေးထားတာတွေ့ရပါတယ်။ ကနေ့ဗမာစစ်တပ်အနေနဲ့ ဆက်သွယ် ရေးလိုင်းများဖြတ်တောက် ခြင်း အင်တာနက်များဖြတ်တောက်ခြင်း များပြုလုပ်ပြီး လူထုကို နေ့စဉ်သတ် ဖြတ်မှုများ ပို၍တိုးတိုးလုပ် ဆောင်နေတာတွေ့နေရကြောင်းနဲ့ ကျမ္မာရေးဝန်ထမ်းများ ဆေးဝန်ထမ်းများ ကိုပါ သတ်ဖြတ်နေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်းဖေါ်ပြထားပါတယ်။ဒီအတွက် စစ်အာ ဏာသိမ်းအဖွဲ့ကို ဒီမိုကရေစီ ရေးအတွက် တော်လှန်ရင်ဆိုင်ရမည့်အရာဖြစ်ကြောင်းနဲ့ အဆိုပါလုပ်ရပ် များအတွက် ပြင်းပြင်းထန်ထန်ရှုံ့ ချလိုက်ကြောင်းဖေါ်ပြထားတာတွေ့ရပါတယ်။

(ဗမာစစ်တပ်ဟာ ၁၉၈၈ခုနှစ် ၂၀၀၇ ခုနှစ်တွေကလဲ အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခဲ့တဲ့ အ စဉ်အလာ ရှိခဲ့ပါတယ်။ အခုအချိန်ကာလမှာ အရင်အချိန်ကာလတွေတုန်းကကဲ့သို့ လုပ်၍မရပါ။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် လက်ရှိအခြေအနေအပေါ် တစုံတရာတိကျတဲ့ ဆုံးဖြတ်ချက် ထွက်မလာသေးပါ။လုံခြုံရေး ကောင်စီအနေဖြင့် ဗမာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် မှုတွေကို တုန့်ပြန်ရန် မဆောင်ရွက် ပါက တကမ္ဘာလုံးရှိ စစ်တပ်ဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် ကမ္ဘာ့စည်းကမ်းများအပေါ် ဂရုမစိုက်ဘဲ ဒီမိုကရေစီအရ နည်းလမ်းတကျ ရွေးကောက်တင်မြှောက် ထားသောအစိုးရများကို လက်နက်ဖြင့်အနိုင်ကျင့်ကာ အာ ဏာကို အဓ္ဓမ ရယူနိုင်သည်ဟူသော အန္တရာယ်ရှိသည့် သာဓကအဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်လို့ အခိုင်အမာရေး သားတာတွေ့ရပါတယ်။)

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်မှာ ဆက်တိုက်ဖြစ်ပွါးနေတဲ့ အကြမ်းဖက်လုပ်ရပ် တွေအပေါ် တုန့်ပြန်တဲ့ပူးတွဲကြေငြာချက်ကို အမြန်ထုတ်ပေးဘို့ ပြင်းထန်စွာတိုက်တွန်းတောင်း ဆို ကြောင်းနဲ့ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားများအပေါ် ပြင်းပြင်းထန်ထန် ထောက်ခံမှုပြသရ မဲ့ တာဝန်ရှိကြောင်းဖေါ်ပြထားတာတွေ့ရပါတယ်။ ဒီတောင်းဆိုစာကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အမေရိကန် တရုတ် ရုရှား ပြင်သစ် အင်္ဂလန်စတဲ့ နိုင်ငံကြီးတွေ ကိုပေးပို့ခဲ့တာပါ။

မလေးရှားနိုင်ငံပါလီမန်အမတ် ၆၀ကလဲ အာဏာသိမ်းစစ်ကောင်စီရဲ့ဗမာပြည်သူတွေကိုသတ်ဖြတ်မှု ပါလီ မန်အမတ်တွေကို သတ်ဖြတ်မှုတွေအတွက် အာဆီယမ်အဖွဲ့ဝင်နိုင်ငံအဖြစ်က ရပ်ဆိုင်းထားဘို့ ကြေငြာချက် ထုတ်ပြန်တာလဲ တွေ့ရပြန်ပါတယ်။အမေရိကန် ပြင်သစ် အင်္ဂလန် ချက် နယူးဇီလန် ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင်ကတော့ ပြင်းပြင်းထန်ထန်ပြောဆိုထုတ်ပြန်မှုတွေ ဖေါ်ပြနေမှုတွေ ကို နေ့တဓူဝတွေ့နေရပါတယ်။ ပုဒ်ရဟန်းမင်းကြီးကိုယ်တိုင် တောင်းဆိုမှုတွေလုပ်လာသလို ကမ္ဘာ့ စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ ဆန့်ကျင်မှု တွေကိုလဲ ခံနေရပြီဖြစ်ပါတယ်။စင်္ကာပူနိုင်ငံရဲ့ ဆောင်ရွက် ချက်တွေကတော့ အတော်ထိရောက်လာသလို အင်ဒိုနီးရှားနိုင်ငံကိုယ်တိုင်လဲ အမြင်တွေပြောင်းလဲသွား တာတွေ့ရပါတယ်။ ဆိုလိုချင်တာက စစ်အာဏာ သိမ်းအုပ်စုရဲ့ကနေ့အကြမ်းဖက်မှုတွေဟာ မြန်မာပြည် သူပြည်သားတွေအရေးသာမဟုတ်တော့ဘဲ ယဉ်ကျေး တဲ့ လူအဖွဲ့အစည်းကြီးအတွက်ပါ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပြီဆိုတာ နိုင်ငံတကာကလက်ခံလိုက်တဲ့ အ နေအထားလို့ပြောရတော့မှာဖြစ်ပါတယ်။

မြန်မာပြည်ကို စီးပွါးရေးအရဒဏ်ခတ်ပိတ်ဆို့တာလောက်နဲ့တော့ လုံလောက်တဲ့အရေးယူမှုမဟုတ်တာ လက်ရှိမြန်မာနိုင်ငံအခြေအနေက ထင်ထင်ရှားရှားဖေါ်ပြနေပြီလဲဖြစ်ပါတယ်။လူမဆန်လောက်အောင် သတ် ဖြတ်အကြမ်းဖက်နေတဲ့ စစ်ရာဇတ်ကောင်တွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ စီးပါွးရေးဒါဏ် ခတ်အရေး ယူတာတို့ ကြားဝင်ဖြန်ဖြေပေးမယ်ဆိုတာတို့ကိုတော့ မြန်မာနိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသား လူမျိူးပေါင်းစုံ သော ပြည်သူလူထုက လုံးဝကြားချင်စိတ်မရှိတော့တာအမှန်ပါ။ မြန်မာနိုင်ငံသူနိုင်ငံသား တွေ ကနေ့လိုနေတဲ့ အကူအညီကတော့ လူသားဖြစ်တည်မှုကို အကြမ်းဖက်သတ်ဖြတ်မှုတွေက ကာ ကွယ်ဘို့ပါဘဲ။ဆိုလိုချင်တာ က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရချင်တာဘဲဖြစ်ပါတယ်။ဒါကလဲ တရား တဲ့ တောင်းဆိုမှုလို့ ထင်ပါတယ်။တရုတ်ပြည်အစိုးရကြောင့် ဗမာပြည်သူတွေနေ့စဉ်သေနေရရင်လဲ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးအနေနဲ့ ဗြောင်ဘဲကြေငြာဘို့ လိုပါမယ်။တရုတ်ပြည်အကျိူးစီးပွါးဟာ ဗမာပြည်မှာ ကြီးကြီးမားမားရှိနေတာဖြစ်ပါတယ်။ သန်း၅၀ကျော် ပြည်သူတွေရဲ့ ပြတ်ပြတ်သားသားဆန့်ကျင်လာပြီဆိုရင် တော့ စစ်အာဏာသိမ်းအစိုးရအနေနဲ့ ဘယ်အ ကျိူးစီးပါွးမှ ကာကွယ်နိုင်မှာမဟုတ်သလို နောင်လာမဲ့အနာ ဂါတ်မှာလဲ တရုတ်ဗမာဆက်ဆံရေးဟာ အဆိုးဝါးဆုံးအခြေအနေကို ရောက်သွားမှာသေခြာပါတယ်။

လတ်တလောဗမာပြည်သူတွေလိုလားတာက ကုလသမဂ္ဂတပ်တွေရဲ့အကာအကွယ်ဖြစ်တဲ့ R2P ကို လို ချင်တာပါ။ ချက်ခြင်း ဗမာပြည်ကို စေလွှတ်တာဝန်ပေးခြင်းနဲ့ လူမဆန်စွာ နေ့စဉ်သတ်ဖြတ် ရိုက်နှက် ဖမ်းဆီး နှိပ်စက်မှုတွေက အကာအကွယ်ပေးနိုင်ဘို့ ရည်ရွယ်တာပါ။လူထုကို ကာကွယ်စောင့်ရှော က်ဘို့ လူထုတွေ အငတ်ခံပေးထားရတဲ့ အခွန်ငွေတွေနဲ့ လခစားနေတဲ့ စစ်တပ်တို့ပုလိပ်တို့က လက်နက် အားကိုးနဲ့ လူထုကို သတ်ဖြစ်အနိုင်ကျင့်နေလို့ဖြစ်ပါတယ်။တကယ်လို့များ ငွေကြေးထောက်ပံ့မှု ရမယ် ဆိုရင် CRPH ရဲ့အောက် မှာ တပ်မတော်တရပ်ဖွဲ့စည်းပြီး အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ဘို့ ဆန္ဒ တွေ အထွဋ်အထိပ်ကိုရောက် နေကြပြီဖြစ်ကြောင်းလဲပြောလိုပါတယ်။ ကနေ့လူငယ်ထု ၂သန်းရဲ့ ရဲရဲဝံ့ဝံ့ တောင်းဆိုချက်လဲဖြစ်ပါတယ်။ကနေ့လူထုမှာ ဆုံးရှုံးစရာဆိုလို့ နှေင်ကြိုးဘဲရှိပါတယ်။ လူထုက နိုင်ရင်တော့ ဗမာပြည်မှာစစ်အာဏာရှင်စနစ် တခုလုံးကို မြေမြုတ်သင်္ဂြု ိလိုက်ကြမှာ အသေအချာ ဘဲဖြစ်ပါတယ်။

မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်လာနေပါပြီ။ ဒီဆောင်းပါးနဲ့တရုတ်အစိုးရကို သတိပေးလိုက်တာလဲဖြစ်ပါ တယ်။ဒါထက် ဆိုးဆိုးဝါးဝါး အာဏာသိမ်းစစ်ကောင်စီကို ကာကွယ်မယ်ဆိုရင်တော့ သန်း၅၀ကျော်သော ဗမာပြည်သူတွေက စစ်အုပ်စုနဲ့ တရုတ်အစိုးရဟာ တတန်းထဲဖြစ်ပြီး တရုတ်အစိုးရကိုယ်တိုင်လဲ အကြမ်း ဖက်အဖွဲ့အစိုးရအဖြစ်ကမ္ဘာကို ကြေငြာရမှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ စစ်ရာဇဝတ်ကောင်တွေ ကို လက်ဆွဲနှတ်ဆက်တဲ့ ဘယ်သူမဆို ဘယ်အစိုးရမဆို စစ်ရာဇတ်ကောင်တွေဘဲဖြစ်ကြောင်း ကမ္ဘာ့ သမိုင်းမှာ မှတ်တမ်းတင်ရမှာဖြစ်ကြောင်းပါ။

အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
မတ် ၁၀ရက် ၂၀၂၁ခုနှစ်။

#MoeMaKaMedia #WhatsHappeningInMyanmar